အနီကဒ် ပြခံရတဲ့ ဝေါလ်ကာဘက်က ကာကွယ်ဖို့ ငြင်းဆန်သွားခဲ့ပြီး ဖိုဒန်၊အကီတို့ရဲ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်း နည်းပြ ဂွာဒီယိုလာ က လိုက်ပ်ဇစ် နဲ့ ပွဲမှာ နောက်ခံလူ ကိုင်လီ ဝေါလ်ကာ ရဲ့ အနီကဒ် ဟာ ထိုက်တန်မှု ရှိကြောင်း ဝန်ခံ သွားခဲ့ပြီး ဖိုဒန်၊အကီတို့ရဲ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီးလည်း ပြောကြား သွားခဲ့ပါတယ် ။

ဒီနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မန်စီးတီး အသင်းဟာ အဝေးကွင်းမှာ လိုက်ပ်ဇစ် အသင်းကို ၂-၁ နဲ့ အရေးနိမ့် သွားခဲ့ပါတယ် ။ မန်စီးတီး အသင်းဟာ ၁၆ သင်းအဆင့်ကို တက်ရောက်ပြီးသား ဖြစ်တာကြောင့် ဒီနေ့ ရှုံးပွဲက ကြီးကြီးမားမား သက်ရောက်မှုတော့ မရှိခဲ့ပါဘူး ။

ဒါပေမယ့် လိုက်ပ်ဇစ် ကို ရှုံးနိမ့် သွားတာကြောင့် မန်စီးတီး အသင်း ရဲ့ ၇ ပွဲဆက် နိုင်ပွဲ ရရှိမှု စံချိန် ရပ်တန့် သွားခဲ့ရပြီး ဝေါလ်ကာ ကလည်း တိုက်ရိုက် အနီကဒ် ပြသ ခံရတာကြောင့် ၁၆ သင်း ရှုံးထွက် အဆင့် ပွဲစဉ်ကို လွဲချော်တော့မှာပါ ။

အင်္ဂလန် နောက်ခံလူ ကိုင်လီ ဝေါလ်ကာ ဟာ လိုက်ပ်ဇစ် နဲ့ ပွဲ ပွဲချိန် ၈၂ မိနစ်မှာ အန်ဒရေဆေးလ်ဗား ကို နောက်ကနေ ဖြတ်ကန် ခဲ့တာကြောင့် တိုက်ရိုက် အနီကဒ် နဲ့ ထုတ်ပယ် ခံခဲ့ရပြီး ယူအီးအက်ဖ်အေ ရဲ့အနည်းဆုံး တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ ( ဒါပေမယ့် သုံးပွဲပယ် ပြစ်ဒဏ် ချမှတ် ခံရဖွယ်လည်း ရှိနေပါတယ် )

မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ပွဲအပြီး အင်တာဗျူးမှာ ဝေါလ်ကာ ရဲ့ အနီကဒ် အပေါ် ” အနီကဒ် သေချာပေါက် ပြရမယ့် အခြေအနေပါပဲ ။ ဒါပေမယ့် အဝတ်လဲခန်း အတွင်းမှာ ဘာတွေ ဖြစ်ပျက် သွားခဲ့သလဲ ဆိုတာ ပြောဖို့ ကျွန်တော် ဒီကို ရောက်လာတာ မဟုတ်ပါဘူး ။ ”

” ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစား နိုင်ခဲ့ပါတယ် ၊ ပိုပြီးလည်း aggressive ဖြစ်ဖြစ် ကစား နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ရှုံးနိမ့် သွားခဲ့ပါတယ် ၊ ဒါကြောင့် လိုက်ပ်ဇစ် အသင်းကို congratulations လုပ်ချင်ပါတယ် ။ ”

” ပထမပိုင်းအတွင်းမှာ ကျွန်တော်တို့ rhythm မမိ ဖြစ်နေခဲ့တယ် ၊ ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့တယ် ၊ ဒါပေမယ့် ကျွန်တော်တို့ အမှား တစ်ကြိမ် နှစ်ကြိမ်လောက် လုပ်ခဲ့မိပြီး သူတို့က အဲ့အမှားတွေကို အကောင်းဆုံး အသုံးချ သွားခဲ့ပါတယ် ။ ”

ဝေါလ်ကာ အနီကဒ် ပြခံရတဲ့ အပေါ် ဇင်ချန်ကိုကလည်း ” မထင်မှတ်ဘဲ ကိုင်လီ က အနီကဒ် ပြခံလိုက်ရပါတယ် ။ အဝတ်လဲခန်း အတွင်းမှာလည်း သူ အတော်လေး စိတ်ပျက် နေပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ဝမ်းနည်းနေဖို့ အချိန် မရှိပါဘူး ၊ အကောင်းဆုံး တုန့်ပြန်ပီး ရှေ့ဆက်လျှောက်နိုင်အောင် ကြိုးစားရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လိုက်ပ်ဇစ် နဲ့ ပွဲမှာ ဖိုဒန် နဲ့ အကီတို့ဟာလည်း ဒဏ်ရာ အသီးသီး ရရှိ သွားခဲ့ကြပြီး ဂွာဒီယိုလာ က ကစားသမား နှစ်ဦးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခုလို အသိပေးသွားခဲ့ပါတယ် ။” နသန် က နောက်ကျော ဒဏ်ရာ ရသွားခဲ့တာပါ ၊ ဘယ်လို အခြေအနေ ရှိသလဲ ဆိုတာ မနက်ဖြန် စစ်ဆေးကြည့်ရမှာပါ ။ ”

” ဖီးလ်(ဖိုဒန်) ကတော့ ပွဲအစမှာကတည်းက ခြေကျင်းဝတ် ပြဿနာ ရှိနေခဲ့ပါတယ် ၊ သူ့အတွက် ကစားရတာ ခက်ခဲ နေတာကြောင့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လူစားလဲလိုက်တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM