အဆုံးအဖြတ်ပွဲ ကစားရမယ့် လက်စတာစီးတီးနဲ့…ယူရိုပါလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်တွေကို ခန့်မှန်းပေးလိုက်တဲ့ မိုက်ကယ်အိုဝင်

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်ဟာ ယနေ့ညမှာ ကစားသွားရမယ့် ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်တွေ အတွက် ရလဒ်တွေကို ခန့်မှန်းပေးသွားခဲ့ပါတယ်။

ဗြိတိန်ကလပ်တွေ ဖြစ်ကြတဲ့ ဝက်ဟမ်း နဲ့ ရိန်းဂျား တို့ဟာ နောက်တဆင့်ကို တက်သွားပြီး ဖြစ်တဲ့ အပြင် ဆဲတစ် ကလည်း အုပ်စုကနေ ထွက်ခွာ ခဲ့ရပြီး ဖြစ်တာကြောင့် ဘာအတွက်မှ ကစားသွားရဖို့ မရှိကြပေမယ့် နေပယ်မှာ နာပိုလီနဲ့ နောက်တဆင့် တက်ရေး အဆုံးအဖြတ်ပွဲကို ကစားသွားရမယ့် လက်စတာ အတွက် ကတော့ တကယ့်ကို အရေးကြီး ပွဲစဉ် ဖြစ်ပါတယ်။

၁~လီယွန် vs ရိန်းဂျား
ရိန်းဂျား အသင်းဟာ အုပ်စု ဒုတိယနဲ့ ရှုံးထွက် တစ်နေရာစာကို ရယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် စကော့တလန် ကလပ်ဟာ ဒီပွဲကို တအား အာရုံစိုက် ကစားသွားလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။

လီယွန်ဟာ တအားကို ကောင်းမွန်တဲ့ အသင်း ဖြစ်ပြီး အုပ်စု ပွဲစဉ် ၅ ပွဲ ကစားရာမှာ ၅ ပွဲစလုံး အနိုင် ရထားခဲ့ပြီး ဒီရာသီရဲ့ နောက်ဆုံး အဆင့်တွေကို တက်ရောက် နိုင်ဖို့ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဒီပွဲမှာ အိမ်ရှင်တို့ အနိုင်ရသွားလိမ့်မယ်လို့ ရွေးချယ် ပါတယ်။

ခန့်မှန်းချက် – လီယွန် ၂-၀ ရိန်းဂျား

၂~နာပိုလီ vs လက္စတာ

ဒါဟာ နောက်တဆင့်ကို တက်ရောက်နိုင်ရန် နှစ်သင်းစလုံး အတွက် အရေးကြီး ပွဲစဉ် ဖြစ်ပါတယ်။ ဒီအုပ်စုမှာ ပါဝင်နေတဲ့ အသင်း ၄ သင်း စလုံးဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် မျှော်လင့်ချက်တွေ အသီးသီး ရှိနေကြပါတယ်။

လက်စတာ အတွက် ကတော့ အဆုံးအဖြတ် ပွဲစဉ်မှာ နာပိုလီကို အဝေးကွင်းမှာ သွားကစား ရမှာ ဖြစ်တာကြောင့် တကယ့်ကို ခက်ခဲမှာပါ။ အင်္ဂလန်မှာ ဒီနှစ်သင်းရင်ဆိုင် ခဲ့တုန်းက ၂ ဂိုးစီ သရေကျထားခဲ့ ပါတယ်။ ကျွန်တော် ကတော့ နေပယ်မှာ နာပိုလီပဲ အနိုင်ရသွားမယ်လို့ မြင်မိပါတယ်။

ခန့်မှန်းချက် – နာပိုလီ ၁-၀ လက်စတာ

၃~ဆဲတစ် vs ရီးရဲယ်ဘက်တစ်

ဒီအုပ်စုမှာ ပါဝင်တဲ့ အသင်းအားလုံးဟာ နောက်ဆုံး ပွဲစဉ်မှာ ဘယ်လို ရလဒ်ပဲ ထွက်ပေါ် လာသည် ဖြစ်စေ နေရာ အပြောင်းအလဲ ရှိတော့မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ဒီပွဲစဉ်ဟာ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ ပေးစွမ်း နိုင်မယ်လို့ ကျွန်တော် မမျှော်လင့် ထားပါဘူး။ နှစ်သင်းစလုံးဟာ ပြည်တွင်းပြိုင်ပွဲ အတွက် အဓိက ကစားသမားတွေကို အနားပေး ကစား သွားလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပဲ ဆဲတစ်ပက်ရဲ့ atmosphere ကတော့ တကယ့်ကို အုံးအုံးကြွက်ကြွက် ဖြစ်နေလိမ့်မှာပါ။ ကျွန်တော် ကတော့ ဒီပွဲဟာ သရေနဲ့ ပြီးသွားမယ်လို့ မြင်ပါတယ်။

ခန့်မှန်းချက် – ဆဲတစ် ၁-၁ ဘက်တစ်

၄~ဝက်ဟမ်း vs ဒိုင်နမိုဇာဂရက်

ဝက်ဟမ်းဟာ ဒီရာသီ အုပ်စု အဆင့်မှာ အကောင်းဆုံး ပုံစံ ပြသထားခဲ့ပါတယ်။ ဟမ်းမား တို့ဟာ အုပ်စု ပွဲစဉ် ၅ ပွဲမှာ ရှုံးပွဲ မရှိခဲ့တဲ့ အပြင် ပေးဂိုးကလည်း ၂ ဂိုးသာ ရှိထားခဲ့ ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ အုပ်စု ပထမ နေရာနဲ့ နောက်တဆင့်ကို တက်ရောက် ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ကျွန်တော့် အမြင် ကတော့ ဝက်ဟမ်းဟာ အိမ်ကွင်းမှာ လှလှပပ အုပ်စုကို အဆုံးသတ်သွားချင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒ့ါကြောင့် ဟမ်းမား တို့ပဲ အနိုင်ယူသွားမှာပါ။

ခန့်မှန်းချက် – ဝက်ဟမ်း ၂-၀ ဒိုင်နမိုဇာဂရက်

SM