အဆင့် ၄ ရောက်လာတဲ့ အာဆင်နယ် ၊ ကိုဗစ် ပိုများလာတဲ့ ယူနိုက်တက် ၊ ပိုးထပ်တွေ့တဲ့ အသင်းသစ် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ကိုဗစ် ရဲ့ ရိုက်ခတ်မှု ကတော့ ပရီးမီးယားလိဂ် အသင်းတွေ ကို အခြေအနေတွေ ပိုမို ဆိုးရွား လာစေခဲ့ ပါပြီ ။

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့က ကြံ့ခိုင်ရေး ကောင်းမွန် သူတွေ နဲ့ လေ့ကျင့်မှု ပြန်စ ခဲ့ ပေမယ့် အသင်းထဲမှာ ကစားသမား နဲ့ ဝန်ထမ်း စုစုပေါင်း ၁၉ ယောက် အထိ ကိုဗစ် ကူးစက် ခံရမှု ရှိနေ ခဲ့တယ်လို့ သိရ ပါတယ် ။

ယူနိုက်တက် ဟာ ကြားရက် တုန်းက ဘရန့်ဖိုဒ့် နဲ့ ကစားမယ့် ပွဲကို ရွှေ့ဆိုင်း ခဲ့ရသလို လာမယ့် ပိတ်ရက်မှာ ကစားမယ့် ဘရိုက်တန် နဲ့ ပွဲ ကိုလည်း ရွှေ့ဆိုင်းပေးဖို့ တောင်းဆို ထားတယ်လို့ သိရ ပါတယ် ။

ပရီးမီးယားလိဂ် ကလပ် တခု ဖြစ်တဲ့ ဝက်ဖိုဒ့် အသင်း မှာလည်း ကိုဗစ်ပိုး တွေ့ရှိ သူတွေ ရှိလာခဲ့ကာ မနေ့ ညက ကစားဖို့ စီစဉ် ထားတဲ့ ဘန်လေ နဲ့ ပွဲဟာ ပွဲချိန် နီးကပ် လာချိန်မှာမှ ရွှေ့ဆိုင်း လိုက်ရတယ် လို့ သိရှိရ ပါတယ် ။

 

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေ မှာတော့ အာဆင်နယ် ဟာ ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်းမှာ ၂ – ၀ နဲ့ အနိုင် ကစားပြီး အဆင့် ၄ နေရာကို ရယူ သွားနိုင်ခဲ့ ပါတယ် ။ ပဲလေ့စ် ကတော့ ဆောက်သမ်တန် နဲ့ ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။

အာဆင်နယ် ဂန္ထဝင်ကြီး မာတင် ကီယွန် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ အဆင့် ၄ နေရာကို ရယူ ဖို့ ထိုက်တန်ကြောင်း ပြောဆို ခဲ့ပြီး စမစ်ရို နဲ့ ဆာကာ တို့ကို ချီးကျူးစကား ဆိုသွားခဲ့ ပါတယ် ။

ကိုဗစ် ပိုးရဲ့ တဖန်ပြန်လည် နိုးထလာမှုကြောင့် အာဖရိက ဘောလုံး အဖွဲ့ချုပ်ဟာ ၂၀၂၁ ခုနှစ် အာဖရိက ဖလား ပြိုင်ပွဲ ရဲ့ အနေအထား ကို သတိကြီးကြီး နဲ့ စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။

 

မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား ကလည်း သူဟာ ကိုဗစ် ကူးစက် ခံရမှု ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ကို ခံစား နေရဆဲ ဖြစ်ကာ ခုချိန်ထိ အပြည့်အ၀ ကောင်းမွန်ခြင်း မရှိသေးဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ မန်စီးတီး – လိဒ် ပွဲစဉ် ကို ကင်းထောက်တွေ စေလွှတ် ခဲ့ပြီး လိဒ် ရဲ့ ၂၁ နှစ် အရွယ် ဂိုးသမားလေး မက်စလီယာ ကို စောင့်ကြည့် ခဲ့ကြတယ်လို့ သိရ ပါတယ် ။

ဇန်နဝါရီ မှာ တိုက်စစ်မှူးသစ် ရှာဖွေ နေတဲ့ ဘာစီလိုနာ ဟာ မန်စီးတီး ရဲ့ ဖာရန်တောရက်စ် ကို မခေါ်ယူ နိုင်ခဲ့ ပါက အင်တာ မီလန် မှာ ရှိနေတဲ့ ဘာဆာ တိုက်စစ်မှူးဟောင်း အလက်ဆစ် ဆန်းချက် ကို ပြောင်းလဲ ပစ်မှတ် ထားသွားဖို့ စိတ်ကူး ထားတယ် လို့လည်း သိရ ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ဟာ ကိုဗစ် ထရီ ကို အငှားချထားတဲ့ ချဲလ်ဆီး လူငယ် အသင်းရဲ့ ၁၉ နှစ် အရွယ် ဘယ်နောက်ခံလူ အီယန် မတ်ဆန် ကိုလည်း စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် နောက်ခံလူ ထရစ်ပီယာ ကတော့ ဇန်နဝါရီမှာ အင်္ဂလန် ကို ပြန်ဖို့ စိတ်ကူး ထားပြီး နယူးကာဆယ် ရဲ့ ကမ်းလှမ်းမှု ကို လက်ခံ ဖို့ အလားအလာ များနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် နဲ့ သတင်းကြီး နေတဲ့ ချဲလ်ဆီး နောက်ခံလူ ရူဒီဂါ ကို PSG အသင်း ကလည်း စိတ်ဝင်စား လာပြီလို့ သိရ ပါတယ် ။

အင်္ဂလန် ရဲ့ ဝင်ဘာလေ ကွင်းကြီးဟာ ၂၀၂၂ ထဲမှာ ကစားဖို့ ရှိနေတဲ့ ဥရောပ ချန်ပီယံ ( အီတလီ ) နဲ့ တောင်အမေရိကချန်ပီယံ ( အာဂျင်တီးနား ) တို့ရဲ့ ပထမဆုံးသော ဖလားပွဲ ကို ဧည့်ခံ ကျင်းပဖို့ အလားအလာ များနေတယ်လို့ သိရ ပါတယ် ။

 

နှလုံးခုန်မူမမှန်မှုကြောင့် ဘောလုံး သမားဘဝကို စွန့်လွှတ် လိုက်ရတဲ့ ဆာဂျီယို အဂွေရို ဟာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အနားယူမယ့် အကြောင်း အတည်ပြု သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲကို အဂွေရို ရဲ့ နည်းပြဟောင်း ဂွာဒီယိုလာ လာရောက်ပြီး အားပေး သွားခဲ့တယ်လို့လည်း သိရ ပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လ ကတည်းက နှလုံးဖောက်မှုကြောင့် ဘောလုံး ကစားလို့ မရသေးတဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် နဲ့ အင်တာမီလန် တို့ဟာ လာမယ့် ရက်ပိုင်း အတွင်းမှာ စာချုပ်ကို ၂ ဦး ၂ ဘက် သဘောတူ ဖျက်သိမ်း တော့မယ်လို့ သိရ ပါတယ် ။

အင်တာ ဟာ အဲရစ်ဆင် ဘက်မှာ ရှိနေပြီး အားပေး ကူညီ ခဲ့ပေမယ့် အီတလီ ရဲ့ စည်းမျဉ်းတွေ အရ နှလုံးခုန် မူမမှန်မှု ရှိနေတဲ့ အဲရစ်ဆင် ဟာ အီတလီ မှာ ဘောလုံး ဆက်ကစားခွင့် မရရှိခဲ့တာကြောင့် နိုင်ငံ ပြောင်းရွှေ့ ရတော့ မှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR