အဆင့် ၁ နဲ့ ပိုဝေးလာတော့မယ့် လီဗာပူး ၊ ချဲလ်ဆီးရဲ့ အရေးပေါ် ဘယ်နောက်ခံလူ ၊ အပြောင်းအရွှေ့ အသံတွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရဲ့ ပထမည ပွဲတွေ မှာတော့ လီဗာပူး ဟာ လက်စတာ စီးတီး ကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

လက်စတာ အတွက် လွတ်မန်း က ဂိုးသွင်းယူ ပေးခဲ့တာ ဖြစ်ပြီး လီဗာပူး အနေနဲ့ မန်စီးတီး ကို လိုက်မီဖို့ ခက်ခဲ သွားစေခဲ့ ပါတယ် ။

ကွန်တီ ရဲ့ စပါး အသင်းဟာလည်း ဆောက်သမ်တန် နဲ့ ၁ ဂိုးစီ သရေကျ သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ကတော့ ဝက်ဖိုဒ့် အသင်းကို အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင် ကစားပြီး စပါး ရဲ့ အဆင့် ၅ နေရာကို ရယူ သွားနိုင်ခဲ့ ပါတယ် ။

ပဲလေ့စ် ကတော့ နောဝှစ်ချ် စီးတီး ကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး နယူးကာဆယ် နဲ့ အဲဗာတန် တို့ရဲ့ ပွဲကတော့ နယူးကာဆယ် ဘက်မှာ ကစားသမား လုံလုံလောက်လောက် မရှိမှုကြောင့် ရွှေ့ဆိုင်း လိုက်ရတယ်လို့ ကြားသိရ ပါတယ် ။

နယူးကာဆယ် တိုက်စစ်မှူး ကလမ် ဝီလ်ဆင် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ ဒဏ်ရာ ရရှိ သွားခဲ့ပြီး အဓိက ရှေ့တန်းလူ မက်ဆီမင် ဟာလည်း ယူနိုက်တက် နဲ့ ပွဲက ဒဏ်ရာကြောင့် အနားယူ နေရဆဲ လို့ ကြားသိရ ပါတယ် ။

PSG တိုက်စစ်မှူးလေး အမ်ဘာပေ ကတော့ သူဟာ ဇန်နဝါရီမှာ ဘယ်ကိုမှ သွားမှာ မဟုတ်ဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။ ဘာပေ ဟာ PSG နဲ့ ရာသီအကုန်မှာ စာချုပ် ကုန်ဆုံးမယ့် ကစားသမားပဲ ဖြစ်ပါတယ် ။

ရီးရဲဆိုဆီဒက် အသင်းဟာ ဇန်နဝါရီမှာ မန်ယူနိုက်တက် မှာ ပွဲ မကစားရဘဲ ရှိနေတဲ့ ဝါရင့် ကွင်းလယ်လူ ဟွမ်မာတာ ကို ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

နယူးကာဆယ် ဟာ ဘင်ဖီကာ က ဒါဝင် နူနက်ဇ် ကို ရောင်းချဖို့ စိတ်ကူး မရှိတာကြောင့် ဘရာဇီးလိဂ် မှာ ကစားနေတဲ့ ဘရာဇီး တိုက်စစ်မှူး ဂါဘရီရယ် ဘာဘိုဆာ ကို ခေါ်ယူဖို့ ပြောင်းလဲ စိတ်ကူး လာတယ်လို့ သိရ ပါတယ် ။

နယူးကာဆယ် ဟာ PSG ကွင်းလယ်လူ ဝိုင်နယ်ဒမ် ကိုလည်း ချိတ်ဆက်ဖို့ ရှိနေတယ်လို့ သိရ ပါတယ် ။

အဲဗာတန် ဟာ ချဲလ်ဆီး မှာ ကစားနေတဲ့ ကွင်းလယ်လူဟောင်း ရော့စ် ဘာကလေ ကို ဇန်နဝါရီမှာ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ ဒဏ်ရာ ရရှိပြီး အချိန်ကြာကြာ နားရတော့မယ့် ဘယ်နောက်ခံလူ ဘန် ချီဝဲလ် ရဲ့ နေရာကို အစားထိုးဖို့ ရှာဖွေ နေပြီး အဲဗာတန် ဘယ်နောက်ခံလူ လူးကပ်စ် ဒင်း ကို စာရင်း ပြုစု ထားပြီလို့ ကြားသိရ ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ လေဗာကူဆင် မှာ ခြေစွမ်းပြ ဂိုးတွေသွင်း နေတဲ့ ချက် တိုက်စစ်မှူး ပက်ထရစ် ရှစ် ကို ဇန်နဝါရီမှာ ခေါ်ယူ အားဖြည့်ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

နာပိုလီ တိုက်စစ်မှူးကြီး လော်ရန်ဇို အင်ဆစ်ညာ ဟာ လာမယ့် နွေရာသီ မှာ အမေရိက မေဂျာလိဂ် ကလပ် တိုရန်တို ကို စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ သွားရောက် ကစားဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပြီလို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် အသင်းကတော့ ဘာပေ ရော ဟာလန်း ကိုပါ အသင်းထံ ခေါ်ယူ နိုင်မယ်လို့ ယုံကြည်ထားပြီး လာမယ့် နွေရာသီ အတွက် ဇန်နဝါရီမှာ ကြိုတင် လှုပ်ရှား သွားမယ်လို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ အသင်းမှာ ကိုဗစ်ပိုးတွေ့သူ ၃ ဦး အထိ ရှိလာခဲ့ ပါပြီ ။ နောက်ခံလူ လန်းလတ် နဲ့ ဒါနီ အဲလ်ဗက်စ် တို့ ပိုးတွေ့ရှိ အပြီးမှာတော့ နောက်ထပ် နောက်ခံလူ ဖြစ်တဲ့ ဂျော်ဒီ အယ်လ်ဘာ မှာလည်း ကိုဗစ်ပိုး တွေ့ရှိ ခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR