အခွင့်ရှိရင် ဒီဘရိုင်း နဲ့ ဆွန် ယောင်မင် ကို ခေါ်ချင်တယ်လို့ ဆိုလိုက်တဲ့ အာနိုး

ပရီးမီးယားလိဂ် ကနေ တင်ဆက်ခဲ့တဲ့ အင်တာဗျူး ကဏ္ဍမှာ လီဗာပူး အသင်းရဲ့ ခံစစ်မှုး အာနိုး က ပရိသတ်တွေ သိချင်တဲ့ မေးခွန်းပေါင်း များစွာကို ဖြေကြားခဲ့ပြီး ၊ အဲဒီထဲကမှ ထူးထူးခြားခြား အနေနဲ့ အကယ်၍ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာသာ စိတ်ကြိုက် ကစားသမား နှစ်ဦးကို ခေါ်ယူခွင့် ရခဲ့မယ် ဆိုရင် မန်စီးတီး က ဒီဘရိုင်း နဲ့ စပါး က ဆွန်ယောင်မင် တို့ကို ခေါ်ယူချင်တယ်လို့ ဖွင့်ဟ လိုက်ပါတယ်။

အာနိုး ဟာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြန်လည် ပိုင်ဆိုင်နေသူ ဖြစ်ပြီး လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုး 8 ကြိမ် + သွင်းဂိုး 2 ဂိုး ရယူထားပြီးပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူစွမ်းဆောင်ခဲ့တဲ့ အရေအတွက် ကို ကျော်လွန်သွားပြီ ဖြစ်ကာ ၊ ပရီးမီးယားလိဂ် ဖလားကြီးကို ကိုင်မြှောက်ပြခဲ့တဲ့ ရာသီမှာတုန်းက စွမ်းဆောင်ခဲ့သလိုမျိုး 14 ကြိမ် ဂိုးဖန်တီး + 4 ဂိုး အထိ သွင်းယူပြနိုင်ဖို့တောင် ပစ်မှတ် ထားလျှက် ရှိနေပါတယ်။

အာနိုး ဟာ အခုမှ အသက် က 23 ပဲ ရှိသေးသည့်တိုင်အောင် ကလပ် ကစားသမား အမြင့်ဆုံး အောင်မြင်မှုတွေကို အဓိက ကစားသမား အဖြစ်နဲ့ အောင်မြင်မှု ရယူထားပြီးပြီလဲ ဖြစ်ပါတယ်။ အဲဒီ နောက်ကွယ်က အဓိက အကြောင်းအရင်းက သူ့ရဲ့ အမြဲတမ်း နိုင်ပွဲ ဆာလောင်နေတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်တယ်လို့ ဖွင့်ဟ သွားခဲ့ပြီး ၊ ဖြတ်တင်ဘောတွေ ကောင်းလွန်းနေတဲ့ အချက်က ငယ်ငယ်လေး ကတည်းက ဂျရတ် ၊ အလွန်ဆို တို့ကို အားကျပြီး ကြီးပြင်းလာခဲ့ရတာ ဖြစ်လို့ သူတို့ ရဲ့ ကန်သွင်းပုံ စတိုင်တွေကို အတုခိုးရင်း လေ့ကျင့်ခဲ့တာကြောင့် ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာပဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ လက်ရှိ ကစားသမားတွေ ထဲက သူ့ရဲ့ စိတ်ကြိုက် ကစားသမား နှစ်ယောက် ကို ခေါ်ယူခွင့် ရမယ် ဆိုရင် ဘယ်သူတွေကို ခေါ်ချင်လဲ ဆိုတဲ့ ပရိသတ် တစ်ယောက် ရဲ့ မေးခွန်းကို အခုလို ပြန်လည် ဖြေကြားသွားခဲ့ ပါတယ်။

“ ဒီဘရိုင်းနား နဲ့ ဆွန် ပါ။ ဒီဘရိုင်းနုား ကိုတော့ ကျနော် ကိုယ်တိုင်က အရမ်း အားကျမိလို့ပါ။ သူ့ရဲ့ မြင်နိုင်စွမ်းတွေ ၊ နည်းစနစ် ပိုင်း နဲ့ ကန်သွင်းပုံ တိကျလွန်းတာတွေ က လက်လန်လွန်းပါတယ်။ သူ ဖန်တီးလိုက်တဲ့ အခွင့်အရေးတိုင်းက ကြောက်ခမန်းလိလိ ပါပဲ။

ဆွန် ကလဲ ထိပ်တန်း ဘောလုံးသမား တစ်ယောက်ဗျာ။ သူ့ကို ကျတော့ အပြေးမြန်တာ ၊ တည်ငြိမ်မှု အပြည့် နဲ့ အဆုံးသတ် ကောင်းမွန်တဲ့ အချက်တွေကို ပိုပြီး သဘောလို့ပါ” လို့ ရှင်း ပြသွားခဲ့ ပါတယ်။

သူ့ရဲ့ ဘောလုံးသမား ဘ၀ တစ်လျှောက် ရင်ဆိုင် ကစားရတာ အခက်ခဲဆုံး ဘောလုံးသမား က ဘယ်သူဖြစ်မလဲ ဆိုတဲ့ အောက်ပါ အတိုင်း ပြန်လည် ဖြေကြားပေးသွားခဲ့ ပါတယ်။

“ ချဲဆီး က ဟာဇက် ပါ။ ဘောလုံး စကေးကလဲ ကောင်းသလို ၊ အရမ်းလဲ မြန်ပါတယ်။ သူ့မှာ ဘယ်နေရာကတော့ အားနည်းချက် ရှိပါတယ်လို့ ပြောလို့ မရလောက်အောင် ကောင်းတာပါ။ သူက ပွဲတွေကို သူ့စိတ်ကြိုက် ခြယ်လှယ် ကစားပြသူ ဖြစ်ပါတယ်။

ကျနော် သူနဲ့ ရင်ဆိုင် ကစားတိုင်း ၊ သူက ပုံစံမျိုးစုံ နဲ့ ထိုးဖောက်တတ်လွန်းလို့ တားဆီးဖို့ ကြိုးစားရတာ အရမ်းကို ခက်ခဲခဲ့ပါတယ်” လို့ ရှင်းပြသွားခဲ့ ပါတယ်။

SM