ဟော့ခ် ၊ ကော်စတာ တို့ရဲ့ အစွမ်းတွေနဲ့ ဒုတိယ ဖလားတလုံး ထပ်ရပြန်တဲ့ အက်သလက်တီကို မင်နဲရိုး

ဝါရင့် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဟော့ခ် နဲ့ ဒီယေဂို ကော်စတာ တို့ဟာ အက်သလက်တီကို မင်နဲရိုး အသင်းရဲ့ သမိုင်းသစ်ကို အတူတူ ရေးထိုး ခဲ့ကြပါတယ် ။

လွန်ခဲ့တဲ့ ၄ လ ခန့်က မွေးရပ် ဇာတိ နိုင်ငံ ဘရာဇီး ကို ပြန်လာ ကစားခဲ့တဲ့ ဒီယေဂို ကော်စတာ ( စပိန်လက်ရွေးစင် အဖြစ် ရွေးချယ်ခဲ့တဲ့ ဘရာဇီးဖွား ) ဟာ အသင်းမှာ ရှိနှင့်ပြီး ဖြစ်တဲ့ ဘရာဇီး တိုက်စစ်မှူး ဟော့ခ် နဲ့ အတွဲညီညီ ခြေစွမ်း ပြခဲ့ပြီး မင်နဲရိုး အသင်းကို ဆုပေးပွဲ စင်မြင့်ဆီ ခေါ်ဆောင် ပေးခဲ့ ပါတယ် ။

သူတို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ အက်သလက်တီကို မင်နဲရိုး ဟာ ဘရာဇီး စီးရီးအေ ( အမှတ်ပေး ပြိုင်ပွဲ ) ဖလား ကို ဒုတိယ နေရာက အသင်းထက် ၁၃ မှတ် အသာ နဲ့ ဆွတ်ခူး ရရှိခဲ့ ပါတယ် ။

ဒါဟာ အသင်းရဲ့ သမိုင်းမှာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တာပါ ။

ဒါပေမယ့် သူတို့ရဲ့ အောင်မြင်မှုက ရပ်တန့် မသွားခဲ့ ပါဘူး ။

မနေ့ညက ကစား ခဲ့တဲ့ ရှုံးထွက် ဖလား ဗိုလ်လုပွဲမှာ အက်သလက်တီကို မင်နဲရိုး ဟာ ပါရာနန်စီ အသင်း ကို အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၆-၁ နဲ့ ရှုံးထွက် ဖလား ပြိုင်ပွဲရဲ့ ချန်ပီယံ ဆုကိုလည်း ရယူ ကိုင်မြှောက် နိုင်ခဲ့ ပါတယ် ။

မင်နဲရိုး ဟာ ပထမ အကျော့ အိမ်ကွင်း ပွဲစဉ်မှာ ပါရာနန်စီ ကို ၄-၀ နဲ့ အနိုင် ရခဲ့ပြီး မနေ့ ညက အဝေးကွင်း ဒုတိယ အကျော့ ပွဲမှာတော့ ၂-၁ နဲ့ ထပ်မံ အနိုင် ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

မင်နဲရိုး အတွက် တိုက်စစ်မှူး ဟော့ခ် က ၂ ကျော့စလုံး မှာ ၁ ဂိုးစီ သွင်းယူပေးခဲ့ပြီး ချီလီ တိုက်စစ်မှူးဟောင်း အက်ဒွာဒို ဗားဂတ်စ် ကတော့ ပထမ အကျော့က ၄-၀ နိုင်ပွဲမှာ မင်နဲရိုး အတွက် ၂ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။

ဒီယေဂို ကော်စတာ ကတော့ ပထမ အကျော့ ရဲ့ အစောပိုင်း မှာတင် ဒဏ်ရာကြောင့် လူစားလဲ ခဲ့ရပြီး ဒုတိယ အကျော့ ကိုလည်း မပါဝင် နိုင်ခဲ့ ပါဘူး ။

ဒါပေမယ့် သူ့ရဲ့ ဒီရာသီ မင်နဲရိုး အသင်းနဲ့ အတူ ပါဝင်ခဲ့မှုကို ချန်လှပ် ထားလို့ မရနိုင်ပါဘူး ။

ကော်စတာ ဟာ သြဂုတ်လ တုန်းကမှ အက်သလက်တီကို မင်နဲရိုး ကို ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ဟော့ခ် လောက် ပွဲကစားခွင့် မရရှိခဲ့ ပါဘူး ။

ကော်စတာ ဟာ မင်နဲရိုး အတွက် ၁၅ ပွဲ ပါဝင် ကစားခွင့် ရရှိ ခဲ့ပြီး ၄ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။ ဘရာဇီး ရှုံးထွက် ဖလား ဆီမီး ဖိုင်နယ် မှာလည်း ကော်စတာ ဟာ မင်နဲရိုး အတွက် ဂိုးသွင်းယူ ပေးခဲ့ပါတယ် ။

ဟော့ခ် ကတော့ မင်နဲရိုး ရဲ့ အဓိက သူရဲကောင်း ဖြစ်ခဲ့ပြီး ဒီရာသီ မှာ ၂၇ ဂိုး အထိ သွင်းယူကာ ဘရာဇီး လိဂ် ရဲ့ အကောင်းဆုံး ကစားသမားဆု နဲ့ ဂိုးသွင်း ဘရင်ဆုတွေကို သိမ်းပိုက် သွားနိုင်ခဲ့ ပါတယ် ။

ဒီရာသီမှာ အက်သလက်တစ် မင်နဲရိုး အတွက် တခုတည်းသော စိတ်ပျက်စရာ ကတော့ ကိုပါ လေဘာတာဒိုးစ် ပြိုင်ပွဲ ( တောင်အမေရိက ချန်ပီယံလိဂ် ) မှာ ဆီမီး ဖိုင်နယ် အဆင့်ထိ ရောက်ရှိ ခဲ့ပြီးမှ ထွက်ခွာ ခဲ့ရတာ ပါပဲ ။

 

SPORTS MYANMAR