ဟာလန်း လာကစားနိုင်တဲ့ တခုတည်းသော ပရီးမီးယားလိဂ် အသင်းကို ထုတ်ဖော် ပြောပြသွားတဲ့ ရွိုင်းအိုလာ

နော်ေ၀ တိုက်စစ်မှူးလေး အာလင်း ဟာလန်း ရဲ့ အေးဂျင့် ဖြစ်သူ မီနို ရွိုင်းအိုလာ က ဟာလန်း ဟာ မကြာတော့တဲ့ ကာလ အတွင်းမှာ ဒေါ့မွန် ကနေ သူ့ဘ၀ တလျောက်လုံး စောင့်စား နေတဲ့ ဥရောပ ထိပ်သီး အသင်းကြီး တသင်း ဆီကို ပြောင်းရွှေ့ လာနိုင်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဟာလန်း ဟာ မက်ဆီ – ရိုနယ်ဒို တု့ိ အလွန် ဘောလုံး ကမ္ဘာမှာ အကောင်းဆုံး ကစားသမား ဖြစ်လာမယ့် သူတွေထဲက တယောက် အဖြစ် သတ်မှတ် ခံထားရပြီး သြစတြီးယား မှာ ကစားစဉ် ကတည်းက ထိပ်သီး အသင်းတွေရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရ ပါတယ် ။

ဒါပေမယ့် ဟာလန်း ဟာ ပွဲ ကစားခွင့် ပိုမို ရရှိဖို့ ၊ သူ့ရဲ့ အရည်အသွေးတွေ ကို ပိုမို တိုးတက် လာအောင် လုပ်ဆောင်ပေး နိုင်ဖို့ အတွက် အတွေ့ အကြုံကောင်းတွေ ရှာဖွေရင်း ဖိအား နည်းနည်း နဲ့ ကစားနိုင်မယ့် ဘွန်ဒစ်လီဂါ ကလပ် ဒေါ့မွန် ကို ရွေးချယ် သွားခဲ့ ပါတယ် ။

 

ဟာလန်း ဟာ ဒေါ့မွန် နဲ့ ချုပ်ဆို ထားတဲ့ စာချုပ်အရ လာမယ့် ဇန်နဝါရီ မှာ ပေါင် သန်း ၆၀ သာ ကုန်ကျမယ့် စာချုပ် ဖျက်သိမ်းကြေးဟာ အသက်ဝင်လာ မှာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒေါ့မွန် ကို စွန့်ခွာ ဖို့ ကတော့ ဟာလန်း ရဲ့ သဘောတူညီမှု မပါဘဲ ဖြစ်လာမှာ မဟုတ်ပါဘူး ။

ဟာလန်း ကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေ အပါအဝင် ဥရောပ တလွှားက ထိပ်သီး အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ် ။

ဘိုင်ယန် ကတော့ လီဝန်ဒေါ့စကီး ရဲ့ နေရာကို ဟာလန်း နဲ့ အစားထိုးမယ်လို့ စိတ်ကူး ထားခြင်း မရှိသေးပေမယ့် ဘိုင်ယန် ရဲ့ အစဉ်အလာ အရ ပြောရရင်တော့ ဟာလန်း ကို ကမ်းလှမ်းမှု ပြုလုပ်မယ် ဆိုတာ ဖြစ်နိုင်တဲ့ အရာတခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ် ။

မီနို ရွိုင်းအိုလာ ကတော့ ဟာလန်း ဟာ ဒီနှစ် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ မရှိ နိုင်သေးဘဲ ဘယ်အချိန် မှာ ပြောင်းနိုင်တယ် ၊ ဘယ်အသင်းတွေဆီ ပြောင်းနိုင်တယ် ဆိုတာတွေကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“သူ့ အနေနဲ့ နောက်တဆင့်ကို လှမ်းတက်နိုင်ပါပြီ ၊ သွားလည်း သွားမှာပါ ။ ဘိုင်ယန် ၊ ရီးရဲ ၊ ဘာစီလိုနာ ၊ မန်စီးတီး တို့လို နေရာတွေပေါ့ ။

ဒီကလပ်တွေက အသင်းကြီးတွေပါ ။ စီးတီး ဆိုရင်လည်း ဒီဘက်နှစ်တွေမှာ အမှတ်ပေး ဖလားကို ၅ ကြိမ် ရထားပါတယ် ။ ဒါောကာင့် လတ်တလောမှာတော့ သူတို့က မန်ချက်စတာ ယူနိုက်တက် ထက် ပိုကောင်းတယ်လို့ ပြောရမှာ ပါပဲ”

“ဒေါ့မွန် ကို ပြောင်းလာ ကတည်းက ဒီလို နောက်တဆင့် က ဖြစ်လာမယ် ဆိုတာကို ကျွန်တော်တို့ ကြိုတွေး ထားခဲ့ ကြပါတယ် ။

ဒီနှစ် နွေရာသီလောက် ဖြစ်ချင် ဖြစ်မယ် ၊ ဒါမှ မဟုတ် နောက်နှစ် နွေရာသီ လည်း ဖြစ်ချင် ဖြစ်နိုင် ပါတယ် ။

ဒါပေမယ့် ဒီနှစ် ကတော့ ( နောက်တဆင့် လှမ်းတက်ဖို့ ) အခွင့်အရေး ကောင်း ရှိနေတယ်လို့ ထင်ပါတယ် ။

ဘာဖြစ်လာမယ် ဆိုတာ ကိုတော့ စောင့်ကြည့် ရမှာပါ” လို့ ရွိုင်းအိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

ရွိုင်းအိုလာ ဟာ အာလင်း ဟာလန်း ရဲ့ ယူရို ၇၅ သန်း ကနေ သန်း ၉၀ အတွင်း ရှိတဲ့ စာချုပ် ဖျက်သိမ်းကြေး အကြောင်း ကိုတော့ ငြင်းဆို ခြင်း မရှိခဲ့သလို အတည်ပြု ခြင်းလည်း မရှိခဲ့ ပါဘူး ။

“စာချုပ်ထဲမှာ ပါတဲ့ ကိစ္စတွေက စာချုပ်ထဲမှာပဲ ရှိနေမှာပါ ။ ကစားသမား နဲ့ ကျွန်တော့ အကြားမှာပေါ့ ။ ဒီ အကြောင်းတွေ အပြင်ကို ထုတ်ပြောခွင့် ရှိတာ ၂ နေရာပဲ ရှိ ပါတယ် ။

ကစားသမား နဲ့ သူ့ရဲ့ ကလပ်တို့ပါ ။ ကျွန်တော် အနေနဲ့ ဒီအကြောင်းတွေကို ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး” လို့ ရွိုင်းအိုလာ က ဆိုသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR