ဝေဖန်နေခဲ့တဲ့ ပရိသတ်တွေကို ပြန်လည် တုန့်ပြန်လိုက်တဲ့ ယူနိုက်တက် ကွင်းလယ်လူ စကော့ မက် တော်မီနေး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ စကော့ မက် တော်မီနေးက သူဟာ ဒီရာသီမှာ စွမ်းနိုင်သမျှ အကောင်းဆုံးချည်းပဲ ပေးဆပ် ကစားနေခဲ့ကြောင်း ပြောကြားလိုက်ခြင်းဖြင့် သူ့အပေါ် ဝေဖန်မှုတွေကို တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

စကော့ မက် တော်မီနေးဟာ လက်ရှိရာသီသစ် အစပိုင်းတုန်းက အိုလီ ဂန်နာ ဆိုးလ်ရှား လက်အောက်မှာ ကွင်းလယ်ပိုင်း ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အတော်လေး ရရှိခဲ့သူ တစ်ဦးပဲ ဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ ယာယီ နည်းပြဟောင်း မိုက်ကယ် ကာရစ် ၊ နည်းပြသစ် ရန်းဂနစ် တို့ရဲ့ လက်အောက်မှာ ပွဲထွက် ကစားခွင့်တွေ ရရှိမှုနဲ့ အတူ တွန်းတွန်းတိုက်တိုက် ကစားဟန် နဲ့ ပုံစံကောင်း ပြန်လည် ပြသနိုင်ခဲ့တဲ့ တော်မီနေး က သူဟာ ယခင်ထဲက အကောင်းဆုံး ကြိုးစားခဲ့တာ ဖြစ်ကြောင်း တုန့်ပြန် သွားခဲ့လိုက်ပါတယ် ။

” ကျွန်တော့်ဖက်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂျာစီကို ဝတ်ဆင် ကစားခဲ့ရတဲ့ အချိန်တိုင်းမှာ အမြဲလိုပဲ အစွမ်းကုန် ပေးဆပ် ကစားခဲ့တာ သေချာလှ ပါတယ် ။ ကျွန်တော်ဟာ ကွင်းထဲမှာ အကောင်းဆုံး ပေးဆပ် ကစားနိုင်ဖို့ လေ့ကျင့်ရေးတွေလည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သူ တစ်ဦးပါ ”

” အချို့ ပွဲစဉ်တွေက တကယ်ပဲ ခက်ခဲလှပါတယ် ။ အသင်းအဖွဲ့ တစ်ခု အနေနဲ့ရော ၊ တစ်ဦးတစ်ယောက် အနေနဲ့ပါ ကျွန်တော်တို့ဟာ လက်ရှိ ရာသီမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကြုံတွေ့ထားခဲ့ရပါတယ် ။ ဒါတွေက ပွဲစဉ်တွေမှာ ဖြစ်လေ့ရှိတတ်တဲ့ အရာတွေထဲက တစ်ခုပါပဲ ”

” ကျွန်တော့်ဖက်ကတော့ ပွဲစဉ်တိုင်း အကောင်းဆုံး ဖြစ်နိုင်ဖို့ အစွမ်းကုန် ပေးဆပ်ကစားခဲ့တယ် ဆိုတာကို ပြောဆိုတာထက် ပိုပြီး ဘာမှ ထပ်မပြောပြတတ်တော့ပါဘူး ။ ကျွန်တော်ဟာ ဆက်လက် တိုးတက်နိုင်ဖို့ အတွက် တက်နိုင်သမျှ အစွမ်းကုန် လေ့လာသင်ယူ ကြိုးစားနေပါတယ် ”

 

” နည်းပြ အသစ်တွေ ရောက်လာတဲ့ အခါတွေမှာလည်း ကျွန်တော်ဟာ တက်နိုင်သမျှ အရာအားလုံး လုပ်ပြနိုင်ဖို့ ကြိုးစားနေခဲ့တာချည်းပါပဲ ။ ကျွန်တော်တို့ သူတို့ ပြောဆိုတဲ့ အတိုင်း လုပ်နိုင်ဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ တက်နိုင်သမျှ တိတိကျကျ လုပ်ပြရပါ့မယ် ”

” ကျွန်တော့်မှာလည်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေးတွေ ရှိနှင့်ပြီးသားပါ ။ ကျွန်တော်ဟာ ပိတ်ထားတဲ့ တံခါးချပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်လောက်အထိ ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့လဲဆိုတာ ကျွန်တော်ကိုယ်တိုင် အသိဆုံးပါပဲ ” လို့ တော်မီနေး က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar