ဝေဖန်ခံနေရတဲ့ ယူနိုက်တက် ကစားသမား နှစ်ဦးကို ကာကွယ်လိုက် အခြား ကစားသမား 3 ဦးကို ဝေဖန်လိုက်တဲ့ အွန်နရီ

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ အွန်နရီ ကတော့ ဝေဖန်မှုတွေ ခံနေရတဲ့ ယူနိုက်တက် အသင်းမှ အဓိက ကစားသမား နှစ်ဦး ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ဖက်မှ ကာကွယ် စကား ဆိုသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီသစ် စတင််ပုံ ​ကောင်းမွန်ခဲ့ပေမဲ့ နောက်ပိုင်း ကစားပုံတွေ ညံ့ခဲ့တဲ့အတွက်် နည်းပြ ဆိုးလ်ရှား နဲ့ လမ်းခွဲ ခဲ့ရပါတယ် ။ ဒါ့အပြင် နည်းပြသစ် ရန်းဂနစ် လက်အောက်မှာလည်း ယူနိုက်တက််ရဲ့ ကစားပုံ ထူးကဲမလာခဲ့ပါဘူး ။

ဒီလို အခိုက်အတန့်မျိုးမှာ ကစားပုံတွေ အားရစရာ မရှိခဲ့ကြတဲ့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်တို့ အတော််လေး ဝေဖန်ခံခဲ့ကြရပါသေးတယ် ။ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကိုယ်တိုင်က နောဝှစ်ချ် နဲ့ ပွဲအပြီး သူတို့ကို ဝေဖန်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ အမေဇုန် ပရိုင်း ရဲ့ စကားဝိုင်းမှာတော့ အာဆင်နယ် ဂန္တဝင် သီယာရီ အွန်နရီ က အဆိုပါ ကစားသမား 2 ဦး ဖက်မှ ကာကွယ် စကား ဆိုခဲ့လိုက်ပြီး တောင်ပံ တိုက်စစ်် ကစားသမားတွေ ဖြစ်တဲ့ ဆန်ချို ၊ မာရှယ် ၊ ရပ်ရှ်ဖို့ တို့ကို ဝေဖန်သွားခဲ့လိုက် ပါတယ် ။

” အမြဲတမ်းလိုပါပဲ ၊ ပွဲစဥ်ကို နိုင်နိုင် ၊ ရှုံးရှုံး ၊ ဝေဖန်ခံရသူ ၊ ချီးကျူး ခံရသူက အသင်းလိုက်ပဲ ဖြစ်သင့် ပါတယ် ။ အသင်းဟာ နိုင်ပွဲ ရရှိသွားတဲ့ အတွက် အဆုံးသတ်မှာ ကစားသမား တစ်ဦး တစ်ယောက်ကပဲ ချီးကျူး ဂုဏ်ပြုခံရတယ် ဆိုတာမျိုးက မဖြစ်သင့်ဘူးလို့ ထင်မိပါတယ် ”

” တကယ်တော့ အဲ့တာဟာ အသင်းရဲ့ အားစိုက်ထုတ်မှုတွေပါ ၊ ဒါပေမဲ့ လူတွေက အဲ့တာရဲ့ အဝေးကို ထွက်သွားတတ်ကြပါတယ် ။ တခါတလေ လူတွေရဲ့ တွေးခေါ်ယူဆတဲ့ ပုံစံက မှားယွင်းနေတတ်ပါတယ် ။ တခါတလေ သူတို့ရဲ့ ချီးကျူးမှုတွေက လွန်ကိုလွန်နေတတ်ပါတယ် ”

” ရော်နယ်ဒို ကို ဝေဖန်ဖို့ ဆိုတာက အရမ်းလွယ်ပါတယ် ။ ဘရူနို ဖာနန်ဒက်စ် ကို ဝေဖန်ဖို့ ဆိုတာကလည်း အရမ်းကို လွယ်ကူလွန်းပါတယ် ။ သူတို့တွေဟာ အသင်းအတွက်် အမြဲတမ်းလိုလို ပုံစံကောင်း ပြသနေခဲ့သူတွေလေ ။ ခြေစွမ်း ခန မပြတုန်း ဝေဖန်ဖို့ဆိုတာ လွယ်ကူလွန်းပါတယ် ”

” ဒါပေမဲ့ ကိန်းဂဏန်းတွေကို ကြည့်လိုက်ပါ… ရပ်ရှ်ဖို့ ၊ ဆန်ချို ၊ မာရှယ် တို့ရဲ့ သွင်းဂိုး အရေအတွက် က ဘန်လေ က မက်စ်ဝဲလ် ကော်နက် ထက်တောင် နည်းနေပါသေးတယ် ။ ဘန်လေး ဆိုတာ အမြဲတမ်း ဘောလုံးကိုင် ကစားတဲ့ အသင်းမျိုး မဟုတ်ပါဘူး ”

” သူတို့ အသင်းက အမြဲတမ်း ကစားပုံ ထူးကဲနေတတ်တာ မဟုတ်ပါဘူး ။ ဒါပေမဲ့ ဒီအသင်းရဲ့ ကစားသမားက ဂိုးတွေတော့ ပုံမှန် သွင်းယူထားနိုင်ခဲ့ပါတယ် ” လို့ အွန်နရီ က ရော်နယ်ဒို ၊ ဘရူနို တို့ဖက်မှ ကာကွယ်ရင်း ဆန်ချို ၊ ရပ်ရှ်ဖို့ ၊ မာရှယ် တို့ကို ဝေဖန်ခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar