လှုပ်ခတ်လာတဲ့ အပြောင်းအရွှေ့ အသံများ ၊ ချန်ပီယံလိဂ် ဒဏ်ရာစာရင်းတွေ ၊ ရန်းနစ် အားဖြည့်မယ့် နည်းပြအဖွဲ့ဝင်သစ်တွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဇန်နဝါရီ အပြောင်းအရွှေ့ ရောက်ဖို့ ရက် ၂၀ ကျော်သာ လိုတော့ချိန် မှာတော့ အပြောင်း အရွှေ့ နဲ့ ပတ်သက်တဲ့ သတင်းတွေ စတင် ထွက်ပေါ် လို့ လာခဲ့ပါပြီ ။

အင်တာ မီလန် အသင်းကတော့ အိုင်ယက်စ် နဲ့ စာချုပ် ပြည့်တော့မယ့် ဂိုးသမား အိုနာနာ ကို ဇန်နဝါရီ မှာ အကြို သဘောတူညီမှု ရယူ နိုင်ဖို့ နီးစပ် နေပြီလို့ သိရ ပါတယ် ။ အိုနာနာ ဟာ ၂၀၂၂ ဇွန်လ မှာ အိုင်ယက်စ် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အင်တာ နဲ့ ၄ နှစ်စာချုပ် ကို သဘောတူညီထားပြီး သူ ဖြစ်တယ်လို့ ကြားသိရ ပါတယ် ။

စီနီယာ အသင်း ဂိုးသမားတွေ ဒဏ်ရာ ရရှိ နေတဲ့ ဆောက်သမ်တန် ဟာ အသင်း လက်မဲ့ ဖြစ်နေတဲ့ ချဲလ်ဆီး ဂိုးသမားဟောင်းကြီး ဝီလီ ကာဘယ်လီရို ကို ၁ လ အငှား စာချုပ် နဲ့ ခေါ်ယူ လိုက်ပြီ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်း ကတော့ ဟန်ဂေရီ နောက်ခံလူ Attila Szalai ကို ခေါ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ ဟန်ဂေရီ လက်ရွေးစင် နည်းပြ ဆီက သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဖီနာဘာချီ အသင်းမှာ ကစားနေတဲ့ အသက် ၂၃ နှစ် အရွယ် ၊ အရပ် ၆ ပေ ၄ လက်မ မြင့်တဲ့ Szalai ရဲ့ အေးဂျင့် ဖြစ်သူဟာ ပြီးခဲ့တဲ့ လတုန်းက လန်ဒန် ကို လာရောက်ပြီး ချဲလ်ဆီး အသင်းနဲ့ အပြောင်း အရွှေ့ ကိစ္စတွေကို ဆွေးနွေး ခဲ့တယ်လို့ သိရ ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ လိုက်ပ်ဇစ် တောင်ပံ ကစားသမား ဒါနီ အိုလမို ကို စိတ်ဝင်စား နေတယ် ဆိုတဲ့ သတင်းတွေ ဟာ မဟုတ်မှန်ကြောင်း ငြင်းဆို သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရပ်ဖ်ရန်းနစ် ဟာ အားကစား စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဆက်ချာ လန်စီ ကို အသင်းထံ ခေါ်ယူကာ အားဖြည့် သွားဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

 

ဒါ့အပြင် မေဂျာလိဂ် ကလပ် တိုရန်တို အသင်း နည်းပြဟောင်း ခရစ် အားမက်စ် ကိုလည်း နည်းပြ အဖွဲ့ဝင်ထဲ ကို ထည့်သွင်းဖို့ ရန်းနစ် လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

 

PSG ခံစစ်မှူးကြီး ရာမိုစ့် ကတော့ အသင်းသစ် အတွက် ၁ ပွဲသာ ကစားပေး ထားရပြီးမှာ ကြံ့ခိုင်မှု မပြည့်၀ သေးတာကြောင့် ထပ်မံ အနားယူ နေရပြီး ယခု အပတ် ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် ကို ပါဝင် နိုင်မှာ မဟုတ်သေးဘူးလို့ သိရ ပါတယ် ။

သြစတြီးယား ကလပ် ဆဲလ်ဘတ် မှာ ကစားနေတဲ့ ၁၉ နှစ် အရွယ် တိုက်စစ်သမားလေး ကာရင် အဒီယီမီ ဟာ ဘာစီလိုနာ ရဲ့ စိတ်ဝင်စားမှု ကို ငြင်းပယ်ပြီး အတွေ့ အကြုံ နဲ့ ပွဲ ကစားခွင့် ပိုမို ရရှိ နိုင်မယ့် ဒေါ့မွန် ကို ရွေးချယ် ဖို့ ဆန္ဒ ရှိနေတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် ဟာ နယူးကာဆယ် နဲ့ အပြိုင် ယူဗင်တပ် ရဲ့ ပြင်သစ် ကွင်းလယ်လူ ရာဘီယော့ ကို ဇန်နဝါရီမှာ ကြိုးစားဖွယ် ရှိတယ်လို့လည်း သိရ ပါတယ် ။

ရိုးမား အသင်းကတော့ ဇန်နဝါရီ မှာ နောက်ခံ အစွန်လူ တဦးကို ခေါ်ယူဖို့ ရှိနေပြီး နောဝှစ်ချ် စီးတီး ညာနောက်ခံလူ မက်စ် အာရွန် ၊ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒီယေဂို ဒါးလော့ တို့ကို ပစ်မှတ် ထားသွားမယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်းကတော့ ချဲလ်ဆီး နဲ့ ရာသီ အကုန်မှာ စာချုပ် ပြည့်မယ့် စပိန် နောက်ခံလူ ဆီဇာ အက်ဇ်ပီလီ ကွီတာ ကို အလွတ် နဲ့ ခေါ်ယူ နိုင်ဖို့ အရှိန်မြှင့် ဆွေးနွေး ညှိနှိုင်း နေတယ်လို့ သိရှိရ ပါတယ် ။

 


ချန်ပီယံလိဂ် အုပ်စုကနေ တက်ဖို့ အတွက် နောက်ဆုံး ပွဲစဉ်မှာ မဖြစ်မနေ နိုင်ပွဲ ရဖို့ လိုအပ် နေတဲ့ အက်သလက်တီကို မက်ဒရစ် အသင်းမှာ နောက်ခံလူ ဆာဗစ် အပြင် ဂျီမီနက်ဇ် လည်း မနေ့က လေ့ကျင့်ခန်း အစီအစဉ် မှာ ဒဏ်ရာ ရရှိ သွားခဲ့တယ်လို့ သိရ ပါတယ် ။

အေတီကို နောက်ခံလူ တဦးဖြစ်တဲ့ ဖိလစ်ပီ ဟာလည်း ပွဲပယ် ခံထားရတာကြောင့် ပေါ်တိုနဲ့ ပွဲအတွက် ဟာမိုဆို တဦးသာ ခံစစ်မှူးတွေထဲမှာ ကစားပေးနိုင်မှာကြောင့် ကွင်းလယ် ခံစစ်သမား ကွန်ဒေါ့ဘီယာ ကို ခံစစ်မှာ ပြောင်းလဲ ချထား ကစားသွားဖွယ် ရှိတယ်လို့ သိ ပါတယ် ။

အင်တာ မီလန် ကတော့ အားထားရတဲ့ တောင်ပံ ကစားသမား ဟွာကွင်း ကော်ရီယာ ဒဏ်ရာ ရှိနေတာကြောင့် ရီးရဲ မက်ဒရစ် နဲ့ ကစားမယ့် ပွဲကို လွဲချော်မယ်လို့ သိရ ပါတယ် ။ ရီးရဲ ဘက်မှာလည်း တိုက်စစ်မှူးကြီး ဘန်ဇီးမား ပါဝင်လာမှာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်းမှာလည်း အားထားရတဲ့ လူငယ် ကြယ်ပွင့်လေး အန်ဆု ဖာတီ ဟာ ဘိုင်ယန် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် ကို ပါဝင် နိုင်မှာ မဟုတ်ဘူးလို့ သိရှိရ ပါတယ် ။ ဒါပေမယ့် စနေနေ့ တုန်းက ဆေးရုံပြ ခဲ့ရတဲ့ လူငယ်လေး ဂါဘီ ကတော့ အချိန်မီ ပြန်ကောင်းလာတာကြောင့် ဂျာမနီ ကို လိုက်ပါ လာနိုင်ဖို့ ရှိတယ်လို့ သိရ ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ( FA ) ဟာ လိဒ် နဲ့ ဘရန့်ဖိုဒ့် တို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဘရန့်ဖိုဒ့် ကစားသမား ဆာဂျီ ကာနို့ ကို အရာဝတ္ထုတခု နဲ့ ပစ်ပေါက် ခံရမှု နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး သွားကာ လိဒ် အသင်းကို ပြစ်ဒဏ် ချမှတ် သွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံး အကြိမ် ဘရာဇီး အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တဲ့ အက်သလက်တီကို မင်နဲရိုး အသင်းဟာ သူတို့ရဲ့ ပရိသတ်တွေ အတွက် ကွင်းရှေ့မှာ အမှတ်တရ တက်တူး တွေကို အခမဲ့ ထိုးပေး ခဲ့တယ်လို့ သိ ပါတယ် ။

 

SPORTS MYANMAR