လော်ရိုး ရဲ့ ခန့်မှန်းချက်များ

ဒီဇင်ဘာ ပွဲကျပ် ကာလကို ဖြတ်သန်းနေချိန် ဖြစ်လို့ အသင်းကြီးတွေ ရဲ့ စွမ်းဆောင်ပိုင်းကလဲ က ခန့်မှန်းရတာ ခက်ခဲလာနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲ ဆက်တိုက် တိုက်စစ် ကောင်းပါတယ် ဆိုတဲ့ လီဗာပူး နဲ့ မန်စီးတီး တို့ဟာ တစ်ဂိုးစီ နဲ့ ကပ်ပြီး အနိုင်ခဲ့ရသလို ၊ ခံစစ်ကောင်းပါတယ် ဆိုတာ ချဲဆီးကလဲ ပေးဂိုးတွေ ဆက်တိုက် များလာနေပါတယ်။

အထူးခြားဆုံးက ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက်တွေ နဲ့ ပင်နယ်တီ ပေးနှုန်းတွေ မြင့်မားခဲ့တာပါ။ ရင်ခုန် ခန့်မှန်းချက်တွေ နဲ့ ကံစမ်းကြတဲ့ သူတွေ အတွက် ဒိုင်တွေ ရဲ့ စွမ်းဆောင်ရည်ကလဲ မျှမျှတတ ဖြစ်ဖို့ သိပ်ကို အရေးကြီးလွန်းပါတယ်။

ဒီတစ်ပတ်မှာတော့ ကိုဗစ်ကြောင့် ယူနိုက်တက် ပွဲစဉ် ပျက်သွားပြီ ဖြစ်လို့ လော်ရိုး ရဲ့ ခန့်မှန်းချက်တွေ ထဲမှာ ပါမလာ ခဲ့ပါဘူး။

မန်စီးတီး vs လိဒ်
ပြီးခဲ့တဲ့ ဘောလုံးရာသီက လိဒ် ယူနိုက်တက် ဟာ မန်စီးတီး ဆီကနေ 4 မှတ်တောင်ရအောင်ယူပြီပြီး ၊ အီတီဟတ် မှာ အနိုင်ကစားပြခဲ့တယ်ဗျာ။ ဒါပေမယ့် အလားတူ စွမ်းဆောင်ရည်မျိုး ဒီတစ်ကြိမ်မှာတော့ မြင်ရမယ် မထင်ပါဘူး။

ချဲဆီး နဲ့ ပွဲမှာ လိဒ် ကစားသွားတဲ့ စွမ်းဆောင်ရည်က ကောင်းပါတယ်။ နောက်ကျ အနိုင်ဂိုး ပေးလိုက်ရတဲ့ အတွက် အမှတ် လုယူခံလိုက်ရတယ်လို့တောင် ပြောလို့ ရပါတယ်။ ဒါပေမယ့် သူတို့ အနေနဲ့ လောလောဆယ် အသင်းကြီး နှစ်သင်းကို ရင်ဆိုင်ပြီး နှစ်ပွဲ ဆက်တိုက် ပုံစံကောင်းတွေ ပြနိုင်ဖို့ မလွယ်ပါဘူး။ ကုန်ကုန်ပြောရရင် မန်စီးတီး နဲ့ ပုခုံးချင်း ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။

မန်စီးတီး ကလဲ ဝုဖ် ရဲ့ ပိတ်ကစားသွားတဲ့ ကစားဟန်ကို စိတ်ပျက်လောက်ပါတယ်။ ဒါပေမယ့် လိဒ် က အဲဒီလို အသင်းမျိုးတော့ မဟုတ်သလို ၊ ခံစစ်ကိုလဲ အဲလောက် အသားပေးမှာ မဟုတ်ပါဘူး။ တိုက်စစ်ဖွင့် ကစားတာ ဖြစ်လို့ မန်စီးတီး အကြိုက် ဖြစ်လာမှာပါ။
ခန့်မှန်းချက် – မန်စီးတီး 3-0 လိဒ်

 

အာဆင်နယ် vs ဝက်စ်ဟမ်း

ဒီတစ်ပတ် ကစားခဲ့တဲ့ ပွဲမှာတော့ အာဆင်နယ် ဟာ အရင်ပွဲတွေတုန်းက ပြသနာမျိုး မရှိတော့ဘူးလို့ ခံစားမိပါတယ်။ လမ်းကြောင်းမှန်ပေါ် ပြန်တည်နိုင်ဖို့ ဦးတည်းလိုက်ပါပြီ။ လက်ရှိမှာ သူတို့ဟာ မန်စီးတီး နည်းတူ ပရီးမီးယားလိဂ် ရဲ့ အိမ်ကွင်း အကောင်းဆုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

ကျနော် ကတော့ ဒီပွဲမှာလဲ ဂန်းနားတွေပဲ နောက်ထပ် နိုင်ပွဲ တစ်ပွဲ ထပ်ယူသွားမယ်လို့ ခံစားမိနေတယ်ဗျာ ဘာလို့လဲ ဆိုတော့ ဝက်စ်ဟမ်း ကလဲ ကောင်းတယ် ဆိုပေမယ့် ၊ ကျစ်ကျစ်လစ်လစ် နဲ့ ကောင်းပြတာ မဟုတ်ပါဘူး ။ ခံစစ်က အဲလောက် မငြိမ်ပါဘူး။

ဘန်လေ နဲ့ သရေကျခဲ့တဲ့ ပွဲမှာ ဝက်စ်ဟမ်း ရဲ့ အကောင်းဆုံး ပုံစံတွေကို မမြင်ခဲ့ရဘူးလေ။ လက်ရှိ အဆင့်ရပ်တည်မှု နံပါတ် 4 နေရာမှာ ရှိနေတယ် ဆိုပေမယ့် နောက်ဆံး 5 ပွဲမှာ သူတို့က တစ်ပွဲပဲ အနိုင်ရပါသေးတယ်။
ခန့်မှန်းချက် – အာဆင်နယ် 2-1 ဝက်စ်ဟမ်း

ချဲဆီး – အဲဗာတန်
ဘင်နီတက်ဇ် အတွက်တော့ နောက်ထပ် အသင်းဟောင်း တစ်သင်းဆီ ပြန်ရောက်သွားဦးမှာပါ။ ဒါပေမယ့် နွေးနွေးထွေးထွေး နဲ့ ကြိုဆိုပေးမယ် မထင်ပါဘူး။ ကျနော်ကတော့ အမှတ်လဲ ရအောင် ယူနိုင်မယ်လို့ မျှော်လင့်မထားဘူးဗျာ။

သူတို့ အသင်းဆီက နောက်ဆုံး မျှော်လင့်လို့ရတဲ့ အချက်က ခံစစ်ကို ပိတ်ထားပြီး တန်ပြန် တိုက်စစ်ကို ပုံဖော်တဲ့ ပုံစံပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ခံစစ် ကစားပုံကလဲ တော်တော်ညံ့လွန်းနေပါတယ်။

ချဲဆီး ကလဲ သူတို့ရဲ့ ပုံစံကောင်းတွေ ပြန်မရသေးပါဘူး။ ဒါပေမယ့် အဲဗာတန် ကိုတော့ ကောင်းကောင်း ဒုက္ခပေးနိုင်ပါသေးတယ်။
ခန့်မှန်းချက် – ချဲဆီး 2-0 အဲဗာတန်

လီဗာပူး vs နယူးကာဆယ်

လီဗာပူး ရဲ့ တိုက်စစ် ကောင်းတဲ့ အချက်ရယ် ၊ နယူူးကာဆယ် ရဲ့ ခံစစ် အားနည်းတဲ့ အပိုင်း ရယ်ကိုပဲ ချတွက်ကြည့်လိုက်မယ် ဆိုရင် အဖြေက တန်းပြီး ပေါ်နေပါပြီ။

နယူးဟာ လက်စတာ ကိုတောင် ဂိုးပြတ်ရှုံးထားတာ ဖြစ်လို့ ၊ ဒီပွဲမှာ မျှော်လင့်ချက် ဆိုတာ ရှိမလာနိုင်ပါဘူး။
ခန့်မှန်းချက် – လီဗာပူး 3-0 နယူးကာဆယ်

အခြားပွဲ ခန့်မှန်းချက်များ

နော့ဝှစ်ချ် 2-1 ဗီလာ
ဘရိုတ်တန် 2-1 ဝုဖ်
ဘန်လေ 2-0 ဝက်ဖို့ဒ်
ပဲလေ့ 2-1 ဆောက်သမ်တန်
လက်စတာ 2-1 စပါး

SPORTS MYANMAR