လီဗာပူး ရဲ့ အပြေး အမြန်ဆုံး ကစားသမား ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ မာနေး

လီဗာပူး ဟာ အမြန်နှုန်းမြင့် ကစားတဲ့ နေရာမှာရော ၊ တန်ပြန်တိုက်စစ်ကို ပြန်လည် ဖော်ဆောင်တဲ့ နေရာမှာပဲ နာမည် တစ်လုံး နဲ့ ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ အသင်းမှာ ဂျော်တာ ၊ မာနေး ၊ ဆာလာ တို့လို Speed နဲ့ ကစားတတ်တဲ့ တိုက်စစ် ကစားသမားတွေ ပိုင်ဆိုင် ထားပါတယ်။

လက်ရှိ FIFA 2021 ဂိမ်း ထဲမှာတော့ ဆာဒီယို မာနေး က Pac Rating 91 နဲ့ လီဗာပူး ကစားသမားတွေ ထဲမှာ အမြန်ဆုံးဖြစ်ပြီး ၊ မို ဆာလာ က Rating 90 ရကာ ဒုတိယ အမြန်ဆုံး ကစားသမား အဖြစ် ဖော်ပြထားပါတယ်။

သို့သော် ဆီနီဂေါ တိုက်စစ်မှုးကြီး မာနေး ကတော့ လီဗာပူး မှာ သူတို့ တိုက်စစ် ကစားသမားတွေ ထက်တောင် ပိုပြီး မြန်တဲ့ ကစားသမား တစ်ယောက် ရှိတဲ့ အကြောင်းကို အံ့အားသင့်စရာ ပြောပြသွားခဲ့ ပါတယ်။

“ တာတို ပြေးမယ် ဆိုရင်တော့ ကျနော် က အမြန်ဆုံး ဖြစ်မှာပါ။ ဒါပေမယ့် တာဝေး ဆိုရင်တော့ ဗန်ဒိုက် က အမြန်ဆုံး ဖြစ်ပါလိမ့်မယ်။

သူ ရဲ့ ခန္ဒာကိုယ် တည်ဆောက်ပုံက အရမ်းကြီး ထွားနေတော့ ပြေးလွှားတာ မမြန်ရဘူးလို့ ထင်ရပေမယ့် ကျနော့် ဘောလုံးသမားဘ၀ ရင်ဆိုင်ခဲ့ဖူးသမျှ နောက်တန်း ကစားသမားတွေ ထဲမှာ အမြန်ဆုံး ပြေးနိုင်တဲ့ ခံစစ်မှုးမျိုး ဖြစ်ပါတယ်” လို့ ပြောပြသွားခဲ့ ပါတယ်။

မို ဆာလာ ကတော့ သူနဲ့ မာနေး အကြား အပြေးပြိုင်ကြည့်မယ် ဆိုရင် တာတို ပြေးပွဲမှာ သူက အသာစီးရနိုင်ပြီး ၊ တာဝေး ဆိုရင် မာနေး က အနိုင်ရနိုင်တယ်လို့ တစ်ခါက မှတ်ချက် ပေးဖူးပါတယ်။ သို့သော် မာနေး က အဲဒီ ပြောဆိုမှု ကို လက်မခံပဲ ပြိုင်ပွဲ နှစ်စလုံးမှာ သူပဲ အနိုင်ရမယ်လို့တောင် ဟာသဆန်ဆန် ပြောဆိုသွားခဲ့ ပါတယ်။

မို ဆာလာ ကို လက်ရှိ ဘောလုံး လောက ရဲ့ အကောင်းဆုံး ကစားသမားလို့ အားလုံး က ညွှန်းဆိုနေကြပြီး ၊ ဒီရာသီ သူ စွမ်းဆောင်ပြထားတဲ့ ကိန်း ဂဏန်းတွေ ကလဲ အံ့အားသင့်စရာ ကောင်းလွန်းပါတယ်။ မာနေး ကိုယ်တိုင် ကလဲ အဲဒီ ပြောဆိုမှုတွေ ကို လက်ခံခဲ့ကာ ၊ သူ့ရဲ့ ကစားဖော်သာ အကောင်းဆုံး ဖြစ်ကြောင်း အခုလို ထောက်ခံချက် ပေးသွားခဲ့ ပါတယ်။

“ လက်ရှိ အခိုက်အတန့်မှာ မို ထက် ပိုကောင်းတဲ့ ကစားသမားမျိုး ရှိသေးလို့လားဗျ။ သူဟာ အပတ်တိုင်း ကို ခြေစွမ်းပြပြီး ကစားနေတာပါ။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား က မို ဖြစ်တယ် ဆိုတာ ဘယ်သူမှ ငြင်းချက် ထုတ်လို့ မရပါဘူး။ သူဟာ ဂိုးတွေလဲ အမြဲတမ်း သွင်းပြနေတာလေ။ အဲဒီလို ကစားသမား တစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရထားတဲ့ အတွက် ကျနော်တို့ အတွက် ကံကောင်းတာပေါ့” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

 

မို ဆာလာ ဟာ ဒီရာသီ ပြိုင်ပွဲပေါင်းစုံ စုစုပေါင်း 24 ပွဲ အထိ ကစားပေးထားပြီး 22 ဂိုး သွင်းယူကာ ၊ ဂိုးဖန်တီးမှု 9 ကြိမ် အထိ လုပ်ပြထားပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ရဲ့ လက်ရှိ သွင်းဂိုး အများဆုံး နဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား စာရင်းတွေမှာလဲ သူတစ်ယောက်ထဲကပဲ ထိပ်ဆုံးကနေ ဦးဆောင်နေတာပါ။

SPORTS MYANMAR