လီဗာပူး ကစားသမား ၂ ဦးရဲ့ ကစားဟန်ဟာ တကယ့်ကို စွဲမက်စရာကောင်းတယ်လို့ ချီးကျူးလိုက်တဲ့ ဂယ်ရီနဗီး

မန်ယူနိုက်တက် ဂန္တဝင် ဂယ်ရီနဗီးဟာ ထရန့်အလက်ဇန်းဒါးအာနိုးနဲ့ အန်ဒီရောဘတ်ဆန် တို့ကို အထူး ချီးကျူး သွားခဲ့ပြီး သူအနေနဲ့ လီဗာပူး ကြယ်ပွင့် ၂ ဦးထက် ပိုမို ကောင်းမွန်တဲ့ နောက်တန်း အစွန်လူ အတွဲကို ပရီးမီးယားလိဂ်မှာ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူးလို့ ဝန်ခံလိုက်ပါတယ်။

အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့ အတွဲဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း လီဗာပူး တိုက်စစ်ရဲ့ အဓိက ဖန်တီးမှုအားတွေ ဖြစ်ခဲ့ပြီး အသင်းဖော်တွေ အတွက် ဂိုးပေါင်းများစွာ ဖန်တီး ပေးထားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ် နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ရောဘတ်ဆန်ဟာ သူကိုယ်တိုင် တစ်ဂိုးသွင်းကာ ဒီယေဂိုဂျိုတာရဲ့ ချေပဂိုး အတွက် ဖန်တီးပေးနိုင်ခဲ့သလို ၊ အလက်ဇန်းဒါးအာနိုး ကလည်း ရောဘတ်ဆန်ရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ ရောဘတ်ဆန်ဟာ အီမာဆင်ရွိုင်ယယ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အတွက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ပထမပိုင်းမှာ ၎င်းအပေါ် ပြင်းထန်တဲ့ challenge လုပ်ခဲ့တဲ့ ဟယ်ရီကိန်းကတော့ အဝါကတ်သာ ရခဲ့ပါတယ်။

အဆိုပါ ပွဲကို ကြည့်ရှုခဲ့တဲ့ နဗီးဟာ အလက်ဇန်ဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့ရဲ့ ကစားပုံတွေကို ချီးကျူးသွားခဲ့ပြီး ၎င်းတို့ကို ဘရာဇီး ဂန္တဝင် full back အတွဲဖြစ်တဲ့ ကာဖူး ၊ ရောဘတ်တိုကားလို့စ် တို့နဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။

နဗီးက “တစ်ခါတစ်ရံ ဒီလို စိတ်လှုပ်ရှားစရာ ပွဲမျိုးမှာ ကိုယ်တိုင် ပါဝင်နေတဲ့ အခါ ကိုယ်ဟာ အဲဒီအချိန်မှာ commentator အဖြစ် ရှိနေသလား ဆိုတာ ပြန် check ရလေ့ ရှိပါတယ်။ ကျွန်တော့် အနေနဲ့ အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့အတွဲကို ကျွန်တော် မြင်တွေ့ခဲ့ဖူးသမျှထဲမှာ အကြီးကြယ်ဆုံး full-backs တွေ ဖြစ်ကြတဲ့ ရော်ဘတ်တိုကားလို့စ် ၊ ကာဖူး တို့အတွဲနဲ့ တစ်တန်းတည်း ပြောသွားရမှာ ဖြစ်ပါတယ်။

ကားလို့ဒ် နဲ့ ကာဖူး တို့ဟာ နှစ်ပေါင်းများစွာ ဥပမာကောင်းတွေ အဖြစ် တောက်ပနေခဲ့တာပါ။ သူတို့ဟာ နောက်တန်း အစွန်လူတွေရဲ့ ကစားပုံကို အပြောင်းအလဲ ဖြစ်စေခဲ့သူတွေပါ။

ဟိုးအရင်ကတည်းက တိုက်စစ်ကို လိုက်ပါပံ့ပိုးမှု အားကောင်းတဲ့ နောက်တန်း အစွန်လူတွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ လွန်ခဲ့တဲ့ ၇၀ ခုနှစ်တွေက လီဗာပူး အသင်းတွေ လိုမျိုးပေါ့။

ဒါပေမယ့် ကာဖူး နဲ့ ကားလို့စ် တို့အကြောင်း စဉ်းစားလိုက်တဲ့ အခါမှာ သူတို့ဟာ တိုက်စစ်ကို ဦးစားပေးကာ ခံစစ်ကို ဒုတိယနေရာမှာ ထားပြီး free-kick တွေ ၊ တိုက်စစ်ကို လိုက်ပါမှုတွေ ၊ ဖြတ်တင်ဘောတွေ နဲ့ game ရဲ့ အစိတ်အပိုင်းတိုင်းမှာ ပါဝင်ပက်သက်ခဲ့ပါတယ်။

သူတို့ဟာ နောက်တန်း အစွန်လူတွေဟာ အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဆိုတာ သက်သေပြခဲ့ပါတယ်။

သူတို့ဟာ တကယ့်ကို ပြောင်မြောက်တဲ့ နောက်တန်း အစွန်လူတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့အတွဲကတော့…ကျွန်တော့် အနေနဲ့ သူတို့ ၂ ဦးထက် ပိုကောင်းတဲ့ နောက်တန်း အစွန်လူ အတွဲကို ပရီးမီးယားလိဂ်မှာ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူးလို့ ထင်မိပါတယ်။

ကွင်းထဲမှာ သူတို့ နှစ်ဦးရဲ့ ပေါင်းစပ် ကစားပုံ ၊ သူတို့ရဲ့ ပွဲအတွင်း ကစားဟန်တွေဟာ တကယ့်ကို ကြည့်ရတာ စွဲမက်စရာ ကောင်းပါတယ်။

ရောဘတ်ဆန်ဟာ လီဗာပူးမှာ တောက်လျှောက် ခြေစွမ်းမှန်မှန်နဲ့ အကောင်းဆုံး ကစားပေးထားခဲ့ပါတယ်။ ခံစစ်ကစားပုံကောင်းပြီး ပြိုင်ဆိုင်လိုစိတ် ပြင်းထန်လှပါတယ်။ စပါးနဲ့ ပွဲမှာတော့ အနည်းငယ် များသွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒီပွဲမှာ တစ်ဂိုးသွင်းကာ တစ်ဂိုး ဖန်တီးပေးခဲ့တာပါ။

အလက်ဇန်းဒါးအာနိုးရဲ့ passing အရည်အသေါး နဲ့ ဘောလုံး ဖြန့်ဝေမှုတွေဟာ တကယ့်ကို ထူးချွန်လှပါတယ်။ နောက်တန်း အစွန်လူ တစ်ဦးဆီကနေ ဒီလိုမျိုး အရာတွေကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။

ဒါဟာ ဒီဘရိုင်းနား ၊ ဂျာရတ် ၊ ဘက်ခမ်း တို့လို ပုံစံမျိုးပါ။ သူတို့ အားလုံးဟာ တိုက်စစ်ကစားသမားတွေ ဖြစ်ကြပါတယ်။ သူကတော့ ညာနောက်ခံ အဖြစ် ကစားနေတာပါ။ ဒါဟာ ကျွန်တော် သူ့အပေါ် အမြင့်ဆုံး ချီးကျူးနိုင်တဲ့ အရာပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM