လန်ဒန်ဒါဘီမှာ အာဆင်နယ် ကို အနိုင်ရသွားစေခဲ့တဲ့ ဝက်စ်ဟမ်း ကစားသမား တဦးကို မိုရက်စ် စိတ်ပျက် လက်ပျက် ညွှန်းဆို

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းရဲ့ နည်းပြ ဒေးဗစ် မိုရက်စ် ကတော့ အသင်းရဲ့ ကစားသမား ဗလာဒီမာ ကူဖယ် ရဲ့ အာဆင်နယ် နဲ့ ပွဲက ကစားပုံ ကို အလွန် စိတ်ပျက် မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ဟာ မနေ့ ညက အာဆင်နယ် အသင်း ကို ၂ – ၀ နဲ့ ရှုံးနိမ့် ခဲ့ပြီး အဆင့် ၄ နေရာကနေ ဖယ်ပေး ခဲ့ရ ပါတယ် ။

ဝက်စ်ဟမ်း ဟာ အခုပွဲ အပါအဝင် နောက်ဆုံး ၅ ပွဲမှာ ၅ မှတ်သာ ရရှိ ခဲ့ပြီး အသင်းရဲ့ ဥရောပ မျှော်လင့်ချက်တွက် အထိ နာစေခဲ့ ပါတယ် ။

ဗလာဒီမာ ကူဖယ် ဟာ ဒုတိယပိုင်း မှာ အာဆင်နယ် တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက် ကို လျောထိုး ဖျက်ထုတ်မှု နဲ့ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရပြီး ( ဒုတိယ အဝါကတ် ) ဝက်စ်ဟမ်း ဟာလည်း ပင်နယ်တီ ပေးခဲ့ရ ပါတယ် ။

ဒီ ပင်နယ်တီ ကိစ္စ နဲ့ ပတ်သက်ပြီး ဒိုင်လူကြီး အန်တိုနီ တိုင်လာ အပေါ် စောဒက တက်မှုတွေ ရှိခဲ့ ပေမယ့် မိုရက်စ် ကတော့ ကူဖယ် အနေနဲ့ ဒီလို အခြေအနေမျိုး ဖြစ်မလာအောင် အစကတည်းက ကြိုတင် တွက်ဆ ပြီးမှ လုပ်ဆောင် သင့်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဒီပင်နယ်တီ ဟာ ကျွန်တော့ အတွက် စိတ်အပျက်ရဆုံး အခိုက် အတန့် ပါပဲ ။

ပွဲကို ဦးဆောင် နိုင်တဲ့ အခွင့်အရေး ကို ကျွန်တော်တို့ လွဲခဲ့ သလို နောက်တန်း မှာလည်း ဟန်ချက်ပျက်တာတွေ ရှိခဲ့ ပါတယ် ။

ဒါပေမယ့် ဗလာဒီမာ ရဲ့ လုပ်ရပ် က အဆိုးဆုံး ပါပဲ”

“ဒီ ဖျက်ထုတ်မှု ဟာ လွယ်လွယ် ကူကူပဲ ပြီးသွားလို့ ရတဲ့ အနေအထားပါ ။ လျောထိုး စရာတောင် မလိုပါဘူး ၊ ခြေဦးနဲ့ ထိုးလိုက် ရုံနဲ့ ဘောလုံးက လမ်းကြောင်းကနေ ထွက်သွားမယ့် ပုံစံမျိုးပါ ။

အခု လျောထိုး လိုက်တော့ ဘောလုံး ရဲ့ ထိပ်ပိုင်းလောက် ကိုပဲ ထိသွားပြီး ကျန်တာက ပြိုင်ဘက်ကို ဆလိုက်ထိုး လိုက်သလို ဖြစ်သွား တော့တာပါပဲ”

အန်တိုနီ ( ဒိုင် ) ရဲ့ ဆုံးဖြတ်ချက် ကို ကျွန်တော် ဘာစောဒကမှ မတက်ချင် ပါဘူး ၊ အဓိကက ဒီလို ဖြစ်အောင် ကူဖယ် က လုပ်ခဲ့ တာပါ” လို့ မိုရက်စ် က ပြောဆို သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ဟာ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ တော့တင်ဟမ် ဟော့စပါး တို့နဲ့ အပြိုင် အဆင့် ၄ နေရာကို ယှဉ်ပြိုင် နေတာ ဖြစ်ပြီး ရာသီ အကုန်မှာ မနှစ်က ယူရိုပါလိဂ် ဝင်ခွင့်ထက် ပိုမြင့်တဲ့ နေရာကို မျှော်မှန်းပြီး ချီတက် နေတာ ဖြစ်ပါတယ် ။

ဝက်စ်ဟမ်း ဟာ လီဗာပူး ၊ ချဲလ်ဆီး တို့လို အသင်းတွေကို အနိုင် ကစားထား နိုင်ခဲ့ပေမယ့် အခြားပွဲတွေမှာ အဖိုးတန် အမှတ်တွေ ကို ပြန်လည် လက်လွှတ် နေရတာကြောင့် ခုချိန်အထိ အဆင့် ၄-၅-၆ နေရာတွေ ကို လှည့်လည် ရောက်ရှိနေရ ပါတယ် ။

 

ဝက်စ်ဟမ်း ဟာ လာမယ့် ပိတ်ရက် မှာတော့ နောဝှစ်ခ်ျ အသင်း နဲ့ ကစားရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ ကာရာဘောင် ဖလား ကွာတား ဖိုင်နယ် ပွဲစဉ် အဖြစ် စပါး အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR