ရွှေဘောလုံးဆုရှင် ကို ပိုင်ဆိုင်ရပေမယ့် ဆုကို ပြသခွင့်မရတော့တဲ့ PSG

ပြင်သစ် ထိပ်သီး ကလပ် PSG အတွက်တော့ ပြီးခဲ့တဲ့ တနင်္လာနေ့ ညချမ်းဟာ ဂုဏ်ယူ ဝမ်းမြောက်စရာ ဖြစ်ခဲ့ ပါတယ် ။

နွေရာသီ ကမှ ဘာစီလိုနာ ကနေ ထွက်လာပြီး အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ လီယွန်နယ် မက်ဆီ ဟာ ၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံးဆု ကို ဆွတ်ခူး ရရှိ သွားခဲ့တာကြောင့် ပါပဲ ။

မက်ဆီ ဟာ PSG သမိုင်းမှာ ပထမဆုံးသော ရွှေဘောလုံး ဆုရှင်လည်း ဖြစ်လာခဲ့ ပါတယ် ။

ဒါပေမယ့် မက်ဆီ ရဲ့ ဆုံးဖြတ်ချက်ကြောင့် PSG ဟာ ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ ဆုကြီးကို ခင်းကျင်း ပြသ နိုင်တော့မှာ မဟုတ်ပါဘူး ။

ဘာကြောင့်လည်း ဆိုတော့ မက်ဆီ ဟာ သူ့ရဲ့ သတ္တမ အကြိမ်မြောက် ရွှေဘောလုံးဆုကို အသင်းဟောင်း ဘာစီလိုနာ ဆီ ပေးအပ် မှာ ဖြစ်တာကြောင့် ပါပဲ ။

မက်ဆီ ဟာ အရင်ကတည်းက သူ ရတဲ့ ရွှေဘောလုံး တွေကို သိမ်းထားလေ့ မရှိဘဲ ဘာစီလိုနာ ပြတိုက်ကို လှူဒန်း ပေးအပ်လေ့ ရှိပါတယ် ။

PSG ကို ထွက်လာချိန် မှာလည်း မက်ဆီ ဟာ ရွှေဘောလုံး ၆ ခု အပါအဝင် ဆုတံဆိပ် အတော် များများကို ပြတိုက်မှာ ဆက်ထက် ထားရှိခဲ့ ပါတယ် ။

သူ့ရဲ့ ဘာစီလိုနာ အသင်းက အဝတ်လဲ လော့ကာ ထဲမှာလည်း Man of the Match ဆုတွေ အပြည့် ကျန်ရစ် ခဲ့တာပါ ။

အခု တဖန်လည်း မက်ဆီ ဟာ သူ့ရဲ့ သတ္တမမြောက် ရွှေဘောလုံးဆု ကို ဘာစီလိုနာ ပြတိုက်မှာ အခြားသော စီနီယာ ရွှေဘောလုံးတွေ နဲ့ အတူ ပြသဖို့ အတွက် ပေးအပ် သွားမှာပဲ ဖြစ်ပါတယ် ။

PSG ကတော့ သူတို့ရဲ့ ပြတိုက်ထဲမှာ ဆုပေးပွဲ ညက မက်ဆီ ရဲ့ ဓါတ်ပုံကိုသာ ချိတ်ဆွဲ ထားနိုင်ဦးမှာပါ ။

စပါး အသင်းရဲ့ ကြော်ငြာစာသားကို ငှားပြီး ပြောရမယ် ဆိုရင်တော့ “ပြင်သစ်မှာ ရွှေဘောလုံး အစစ်ကို ကြည့်လို့ ရမယ့် တခုတည်းသော နေရာ” လို့ PSG တို့ ကြွားဝါလို့ ရဦးမှာ မဟုတ်ပါဘူး ။

 

SPORTS MYANMAR