ရော်နယ်ဒို အပေါ် ဝေဖန်နေသူတွေကို အမှန်အကန် တုန့်ပြန်လိုက်တဲ့ ဆီဗတ်စတြာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ မီခေးလ် ဆီဗတ်စတြာ က ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းဟောင်းမှာ ပြသနာတွေ ဖန်တီးနေတယ်လို့ ပြောဆိုနေသူတွေကို အထူး ဝေဖန် တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ရီးယဲ မက်ဒရစ် အသင်းဆီ ထွက်ခွာသွားပြီးချိန်် 12 နှစ်အကြာမှ အသင်းဟောင်းဆီ ပြန်လာခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ပြန်လာချိန်မှာ သူဟာ အသက် 37 နှစ် ရှိနေပြီပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်တွေက ကောင်းမွန်နေဆဲပဲ ဖြစ်ပါတယ် ။ သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ 18 ပွဲထိ ကစားပြီးချိန် ကိုယ်တိုင် 13 ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဖန်တီိးမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ သူ့ကို ဝေဖန်သူတွေတော့ ရှိနေသေးဆဲပါပဲ ။

လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်တဲ့ ဂျေမီ ကာရေဂါ ကိုယ်တိုင်က ရော်နယ်ဒိုသာ ဂိုးတွေ မသွင််းယူပေးနိုင်ရင် ကွင်းထဲက ပါစင်ဂျာ တစ်ဦး အဖြစ်သာ ရှိနေမှာ ဖြစ်ကြောင်း ဝေဖန် စကားတွေ ပြောကြားခဲ့ပါသေးတယ် ။

” မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီး တစ်သင်းဟာ အသက် 37 နှစ် ရှိနေပြီ ဖြစ်တဲ့ ကစားသမား တစ်ဦး အပေါ် ဘာလို့ ဒီလောက်အထိ ယုံကြည်မှု လွန်ကဲနေတာလဲ ? သူဟာ အံ့ဖွယ်ပါ ၊ သူ့ရဲ့ သွင်းဂိုးနှုန်း ကလည်း အံ့ဖွယ််ပါပဲ ။ ဒါပေမဲ့ သူသာ ဂိုးမသွင်းရင် ကွင်းထဲက ပါစင်ဂျာ တစ်ဦးသာ ဖြစ်နေပါလိမ့်မယ် ”

” ခင်ဗျားတို့ အဲ့တာကို လက်ခံရပါလိမ့်မယ် ။ လက်ရှိအချိန််မှာ သူဟာ ပွဲတိုင်းနီးပါး ဂိုးတွေ သွင်းပေးနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် ခင်ဗျားတို့ သူ့ဖက်မှာ ရှိနေကြမှာပါ ။ ဒါပေမဲ့ သူသာ လေး ၊ ငါး ပွဲလောက် ဂိုးပေါက် ပျောက်သွားမယ်ဆိုရင် ဒါဟာ ယူနိုက်တက် အတွက် ကြီးမားတဲ့ ပြသနာ တစ်ခု ဖြစ်သွားပါလိမ့်မယ် ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ မီခေးလ် ဆီဗတ်စတြာ ကတော့ ဝေဖန်မှုတွေကို အမှိုက်တွေပဲလို့ တုန့်ပြန်လိုက်ပြီး ရော်နယ်ဒို ရဲ့ သွင်းဂိုးနှုန်းတွေက တကယ်ပဲ ထူးကဲနေဆဲ ဖြစ်ကြောင်း ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ခရစ္စတီယာနိုဟာ အသင်းအတွက် ပြသနာပဲလို့ ပြောဆိိုတဲ့ မှတ်ချက်ပေးမှုတွေက တကယ့် အမှိုက်ထုပ်ပါပဲ ။ သူ သွင်းယူခဲ့တဲ့ ဂိုးသွင်းနှုန်းကို ကြည့်ရှုလိုက်ပါ ။ သူ့ရဲ့ အခွင့်အရေး ဖန်တီးမှုတွေကိုလည်း ကြည့်ရှုလိုက်ပါ ။ ဒါဟာ ထူးကဲလှပါတယ် ”

” သူဟာ အကူအညီတွေ ပေးချင်တယ် ၊ ဆုဖလားတွေကို ယူပေးချင်ပါတယ် ။ သူဟာ အနားမယူခင် အပန်းဖြေဖို့ဆိုပြီး ယူနိုက်တက်ဆီ ပြန်ရောက်လာတာ မဟုတ်ပါဘူး ။ ဒါက အရင် အသင်းတွေမှာ သူ ကြုံခဲ့တာတွေထက် ပိုမို ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ ”

” သူဟာ Ballon D’ Or ယူပြီး ၊ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် ဖလားတွေ ယူပြီး အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ်နဲ့ အသင်းကနေ ထွက်ခွာခဲ့တာပါ ။ မေးခွန်းတွေ ထုတ်ခံရလိမ့်မယ် ဆိုတာကို သူလည်း ကြိုသိခဲ့မှာပါပဲ ။ ဒါပေမဲ့ သူဟာ ဒါတွေကို ဖြေရှင်းနိုင်စွမ်းရှိတဲ့ Leader တစ်ဦးပါ ”

” သူဟာ အသင်းခေါင်းဆောင် လက်ပတ်ကိုတော့ မပတ်ထားပါဘူး ။ ဒါပေမဲ့ သူဟာ လမ်းကြောင်း အမှန်ကို ပြသနေခဲ့ပါတယ် ။ သူ လုပ်ပြခဲ့တဲ့ အရာတွေက အသင်းအတွက်် အပေါင်း လက္ခဏာ ဆောင်ခဲ့တာချည်းပါပဲ ” လို့ ဆီဗတ်စတြာ က ပြန်လည် တုန့်ပြန် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar