ရော်နယ်ဒို ရောက်လာခဲ့စဉ်က ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ တစ်ခုကို ထုတ်ပြောလိုက်တဲ့ ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နည်းပြကြီးဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန်က 2003 ခုနှစ် တုန်းက ရော်နယ်ဒို လူစားဝင် ကစားခဲ့တဲ့ ပွဲစဉ်မှာပဲ ခြေစွမ်းပြနိုင်ခဲ့တဲ့ အတွက် နောက်တစ်ပါတ် ပွဲထွက် ကစားသမား ရွေးဖို့ အခက်ကြုံခဲ့ရကြောင်း ဖွင့်ဟလိုက်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ 2003 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခဲ့စဉ် အသက် 18 နှစ်သာ ရှိခဲ့ပါသေးတယ် ။ အဲ့ဒီတုန်းက ယူနိုက်တက်တို့ ဘော်လ်တန် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ရော်နယ်ဒိုဟာ မိနစ် 30 လောက် လူစားဝင် ကစားခွင့် ရခဲ့ပါတယ် ။

 

အဲ့ဒီ အချိန်တုန်းက ရော်နယ်ဒိုဟာ စပို့တင်း လစ္စဘွန်း အသင်းမှ မန်ချက်စတာ ယူနိုက်တက် ဆီကို ပြောင်းခါစပဲ ရှိသေးပြီး ဘော်လ်တန် နဲ့ ပွဲစဉ်မှာပဲ အထူး ခြေစွမ်း ပြနိုင်ခဲ့တဲ့ အတွက် ပရိသတ်တွေ သူ့ကို နှစ်ခြိုက်ခဲ့ကြသလို ဆာ အဲလက်စ် ဖာဂူဆန် လည်း အခက်တွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ဆာ အဲလက်စ် ဖာဂူဆန် က ရော်နယ်ဒို ရဲ့ ပွဲဦးထွက် စွမ်းဆောင်ရည်ကို ကြည့်ရှုခဲ့တဲ့နောက် သဘောကျခဲ့ပြီး ဒီကောင်လေးကို ပွဲထွက် ကစားခွင့် ပေးဆောင်နိုင်မှ ဖြစ်တော့မယ်ဆိုတာကို ကြိုတင် သိခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ရော်နယ်ဒို ကို ခေါ်ယူဖို့ ကျွန်တော်တို့ ပြောဆိုခဲ့ကြတဲ့ အကြောင်းကို အမြဲတမ်း မှတ်မိနေပါတယ် ။ အဲ့ဒီတုန်းက ဒီကောင်လေး ပွဲတိုင်းတော့ ပွဲထွက် ကစားခွင့် ရရှိနိုင်မှာ မဟုတ်ဘူး ဆိုတာကို စကားကြိုခံပြီး သူ့ရဲ့ အေးဂျင့် နဲ့ ပြောဆို ဆွေးနွေးဖို့ ကျွန်တော် အားထုတ်ခဲ့တာပါ ”

” ဒါပေမဲ့ သူ တကယ်ပဲ ကောင်းရင် ငါ သူ့ကို မတားဘူး ဆိုတာလည်း ပြောခဲ့ရတာပေါ့ ။ ခင်ဗျားတို့ ကိုယ့်အသင်းရဲ့ ကစားသမားကိုတော့ အမြဲတမ်း ပွဲထုတ် ကစားလိုကြတာပဲလေ ။ ရာသီသစ်ရဲ့ အစပွဲမှာ သူဟာ လူစားဝင်ခွင့်သာ ပိုင်ဆိုင်ခဲ့ရပါတယ် ”

” ဒါပေမဲ့ သူ လူစားဝင်ခဲ့တဲ့ အချိန်မှာတော့ ောက်ရမ်းကို ကြည့်ကောင်းခဲ့ပါတယ် ။ ပရိသတ်တွေကလည်း တကယ့်ကို အားပေးကြမ်းခဲ့ကြပါတယ် ။ သူတို့တွေဟာ ဒီလို စွမ်းဆောင်ရည် နဲ့ ကစားသမားမျိုးကိုတော့ တကယ်ပဲ နှစ်သက်ကြတယ်လေ ”

” အဲ့ဒီမှာ ကျွန်တော့် အတွက် စဉ်းစားစရာ အခြေအနေ တစ်ခု ဖြစ်ပေါ်လာခဲ့ရပါတယ် ။ ကျွန်တော် သူ့ကို နောက်တစ်ပွဲမှာ ပွဲထွက် ကစားစေရမလား ၊ ဒါမှမဟုတ် လူစားဝင် ကစားစေရမလား ဆိုတာပါပဲ ။ ခင်ဗျား သိရဲ့လား ? အဲ့တာက တကယ့် ပြသနာကြီး တစ်ခု ဖြစ်ခဲ့ရပါတယ် ” လို့ ဖာဂူဆန် က ပြန်ပြောင်း ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar