ရိုနယ်ဒို ရဲ့ စံချိန်ကို လိုက်မီသွားတဲ့ လီဝန်ဒေါ့စကီး ၊ မှတ်တမ်သစ် ရေးလိုက်တဲ့ အင်တာ ၊ ရွေးချယ်ခံခဲ့ ရတဲ့ မက်ဆီ တို့နဲ့ . . . နောက်ဆုံးရ ကြားဖြတ်သတင်းတိုများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ် မှာတော့ ဘိုင်ယန် မြုးနစ် ဟာ ဝုဖ်ဘတ် အသင်း ကို ၄-၀ နဲ့ အနိုင် ရခဲ့ပြီး အဆိုပါ ပွဲမှာ ၁ ဂိုး သွင်းယူ ခဲ့တဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ကတော့ ပြက္ခဒိန် တနှစ် အတွင်း သွင်းဂိုး ၉၆ ဂိုး အထိ ရှိလာခဲ့ပြီး ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ မှတ်တမ်း နဲ့ တူညီ သွားခဲ့ပြီ ဖြစ် ပါတယ် ။

စီးရီးအေ မှာလည်း အင်တာ မီလန် ဟာ ဆလီနာတီတာ အသင်း ကို အဝေးကွင်းမှာ ၅-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ဒီပွဲ အပြီးမှာ အင်တာ မီလန် ဟာ သူတို့ အသင်း သမိုင်း တ ‌ေလျာက်ပြက္ခဒိန် တနှစ် အတွင်း သွင်းဂိုး ၁၀၀ ကို ပထမဆုံး ပြည့်မြောက် ခဲ့တဲ့ မှတ်တမ်း ကို ရယူ နိုင်ခဲ့သလို အီတလီ ကလပ် အသင်းတွေ ထဲမှာလည်း ၁၉၅၀ နောက်ပိုင်း ပထမဆုံး ဒီလို စွမ်းဆောင် နိုင်တဲ့ အသင်း ဖြစ်လာခဲ့ ပါတယ် ။

လီယွန်နယ် မက်ဆီ ရဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် က မန်စီးတီး ဘက်ကို သွင်းယူ ခဲ့တဲ့ ဂိုးဟာ ဒီနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့် အတွက် အကောင်းဆုံး သွင်းဂိုး အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။

တောင်အမေရိက က နိုင်ငံ အသင်း ၁၀ သင်း ဟာ ၂၀၂၄ ခုနှစ် က စတင်ပြီး ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲ ထဲမှာ ပါဝင် ကစားဖို့ ဆွေးနွေး နေကြပြီလို့ UEFA ဒုဥက္ကဌ ဖြစ်သူက ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှူးကြီး ကာဗာနီ ကို လာမယ့် နွေရာသီ အတွက် ပစ်မှတ် ထား ဆွေးနွေးဖို့ စီစဉ် နေပြီး အခု ဇန်နဝါရီ မှာ ရနိုင်ပါကလည်း ခေါ်ယူ သွားဖို့ အဆင်သင့် ပြင်ဆင် ထားတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ရစ်ပစ် ဗီယာနာ ကနေ အငှား ခေါ်ယူ ထားတဲ့ လူငယ်လေး ယူဆပ် ဒီမာ ရဲ့ အငှား စာချုပ်ကို ဖျက်သိမ်းပြီး ဇန်နဝါရီမှာ ပြန်လည် စေလွှတ်တော့မယ်လို့ သိရ ပါတယ် ။

အကြောင်းအရင်း ကတော့ အငှား စာချုပ် ပြည့်ချိန်မှာ ပေါင် ၈.၅ သန်း နဲ့ အပြီးသတ် မဝယ်ယူလိုတာ ကြောင့်လို့ သိရှိရ ပါတယ် ။

လီဗာပူး အသင်းကတော့ ကနေဒါ ကလပ် တိုရန်တို မှာ ကစားနေတဲ့ လူငယ် ကစားသမားလေး မာရှယ် ရတ်တီ ကို စောင့်ကြည့် နေပြီး ဘိုင်ယန် ၊ အာဆင်နယ် နဲ့ ယူဗင်တပ် တို့ကလည်း တိုရန်တို ရဲ့ အသက် အငယ်ဆုံး ပွဲထွက် စံချိန်ရှင်လေးကို စောင့်ကြည့် ကင်းထောက် နေတယ်လို့ သိရ ပါတယ် ။

အင်တာ မီလန် နဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် တို့ ရဲ့ စာချုပ် ကတော့ ယမန်နေ့ ညပိုင်းက ၂ ဦး သဘောတူ ဖျက်သိမ်း လိုက်ကြပြီ ဖြစ်ပါတယ် ။

နှလုံး ခုန်စက် တပ်ထားရတဲ့ အဲရစ်ဆင် ကို အီတလီ ရဲ့ စည်းမျဉ်းတွေက ဘောလုံး ကစားဖို့ ခွင့်မပြု တော့ ပေမယ့် အဲရစ်ဆင် ကတော့ အခြားနိုင်ငံ တခု ( မိခင် နိုင်ငံ ဒိန်းမတ် ဖြစ်ဖို့များ ) မှာ ဘောလုံး ဆက်ကစားဖို့ ကြိုးစား သွားမယ်လို့ သိရ ပါတယ် ။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကတော့ အွန်လိုင်း ကနေ မဲဆန္ဒ ကောက်ခံမှု အရ မဲပေးသူ ပေါင်း ၃ သောင်းကျော် ရဲ့ ၆၃% ကျော်ဟာ ၂ နှစ် တကြိမ် ကမ္ဘာ့ဖလား အစီအစဉ် ကို သဘောတူ လက်ခံ ကြတယ်လို့ ဖော်ပြ သွားခဲ့ ပါတယ် ။

 

ပေါ်တို အသင်းဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ် ကစပြီး ပယောဂ ဆရာ တဦး ကို တနှစ် ကို ပေါင် ၁ သိန်းခွဲ ပေးအပ်ကာ ငှားရမ်းထားတဲ့ သတင်း ပေါက်ကြား ခဲ့တာကြောင့် အသင်း ပရိသတ်တွေ အကြားမှာ အကြီး အကျယ် ဒေါသထွက် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် နေရတယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR