ရိုနယ်ဒို ရောက်လာမှုကြောင့် ဖာနန်ဒက်စ် အဆိုးဘက်ကို ပြောင်းလဲနေကြောင်း ဂတ်ဂျွန်ဆင် သုံးသပ်ပြောဆို

ချဲလ်ဆီး အသင်းမှာ ကစား ခဲ့ဖူးတဲ့ အိုက်စလန် ကစားသမားဟောင်း ဂတ်ဂျွန်ဆင် က ဘရူနို ဖာနန်ဒက်စ် ဟာ ခရစ္စတီယာနို ရိုနယ်ဒို ရောက်ရှိလာမှုကြောင့် ယခင် ကနဲ့ မတူညီတဲ့ ကစားသမား တယောက် ဖြစ်လာခဲ့ ပြီး ဒါဟာ သူ့အတွက် မကောင်းတဲ့ ဘက်ကို ဦးတည် နေတယ်လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

ဖာနန်ဒက်စ် ဟာ တနိုင်ငံ တည်းသာ စီနီယာ ဖြစ်တဲ့ ရိုနယ်ဒို အပေါ် အလွန် မီခို အားထား နေပြီး သူ ရသမျှ ဘောလုံးတိုင်းကို ရိုနယ်ဒို ဆီ ပေးဖို့ကိုသာ စိတ်ရှိ နေတဲ့ ကစားသမား ဖြစ်နေပြီလို့ ဂတ်ဂျွန်ဆင် က ပြောဆို ခဲ့တာပဲ ဖြစ် ပါတယ် ။

“ဖာနန်ဒက်စ် က သူ့ဆီ ဘောလုံး ရောက်လာတိုင်း ရိုနယ်ဒို ကိုပဲ ရှာနေတော့ တာပါ ။ ၁၀ ကြိမ်မှာ ၉ ကြိမ်လောက် အထိ ပါပဲ ။

တကယ်လို့ ဒါက အလုပ် မဖြစ်ခဲ့ရင် ( သူ ဖန်တီးပေးတာကို ရိုနယ်ဒို ဂိုးမသွင်း နိုင်ခဲ့ရင် ) ပိုပြီး ခက်ခဲတာတွေ ကို လုပ်ဖို့ ကြိုးစား လာတော့ တာပါပဲ ။

သူ ယူနိုက်တက် ကို စရောက် လာတုန်းက ပုံစံ နဲ့ ယှဉ်ကြည့်မယ် ဆိုရင် အခု တော်တော်လေး ကွဲပြား သွားတာကို တွေ့ရမှာပါ ။

ဖာနန်ဒက်စ် ဟာ ဒီထက် ပိုပြီး လုပ်နိုင်တဲ့ ကစားသမားမျိုးပါ ၊ ကျွန်တော်တို့ သူ့ဆီက အများကြီး မျှော်လင့်လို့ ရနိုင် ပါတယ်” လို့ ဂတ်ဂျွန်ဆင် က ပြောဆို သွားခဲ့ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဟာ မနှစ်က ရာသီ တုန်းက ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလို ပရီးမီးယားလိဂ် မှာလည်း သွင်းဂိုး နဲ့ ဖန်တီးမှု ၂ ခုပေါင်း စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

ဒီရာသီ မှာတော့ ပေါ်တူဂီ စီနီယာ ရိုနယ်ဒို ရောက်ရှိ လာမှုဟာ ဖာနန်ဒက်စ် အပေါ် သက်ရောက်မှု ရှိခဲ့ပြီး ဂတ်ဂျွန်ဆင် ပြောခဲ့သလိုပဲ ရသမျှ ဘောလုံးတိုင်း လိုလို ရိုနယ်ဒို ဆီ ပို့ပေးဖို့သာ အဓိက အားစိုက် လာတာကို တွေ့ခဲ့ရ ပါတယ် ။

ဖာနန်ဒက်စ် ဟာ ဒီရာသီမှာ မနှစ်ကလို ပုံစံကောင်း မပြ နိုင်ဘဲ ရုန်းကန် နေရပြီး ပင်နယ်တီ ကန်သွင်းတဲ့ တာဝန် ကိုလည်း ရိုနယ်ဒို က လွှဲပြောင်း ရယူ သွားခဲ့ ပါတယ် ။

အခု အချိန် အထိ ဖာနန်ဒက်စ် ဟာ ပြိုင်ပွဲစုံမှာ ယူနိုက်တက် အတွက် ၅ ဂိုး သွင်းပြီး ၉ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပေမယ့် မနှစ်က စွမ်းဆောင်ရည်တွေ နဲ့ ချိန်ထိုး ကြည့်လိုက်မယ် ဆိုရင်တော့ ခြားနားမှုတွေ ရှိတာကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ရိုနယ်ဒို ကတော့ ဒီနှစ် နွေရာသီမှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဆီကို ပြောင်းရွှေ့ လာခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမား နေရာကို ဖာနန်ဒက်စ် ဆီကနေ ရယူ သွားခဲ့ ပါတယ် ။

အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူးကြီးဟာ ဆိုးရှား ရော လက်ရှိ နည်းပြ ရန်းနစ် လက်ထက်မှာပါ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကစားခွင့် ရရှိ ထားပြီး ပြိုင်ပွဲ အစုံမှာ ၁၃ ဂိုး အထိ သွင်းယူ ပေးထားခဲ့ ပါတယ် ။

လက်ရှိ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းအတွင်း ကိုဗစ် ကူးစက်မှုတွေ မြင့်မား နေတာကြောင့် ဘရိုက်တန် ၊ ဘရန့်ဖိုဒ့် တို့နဲ့ ကစားမယ့် ပွဲတွေကို ရွှေ့ဆိုင်း ထားပြီး ပိုးကူးစက်မှုကို ထိန်းချုပ် နိုင်ဖို့ ကြိုးစား နေလျက် ရှိပါတယ် ။

 

SPORTS MYANMAR