ရလဒ်ကောင်းတွေ ယူပေးခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းကို ဖွင့်ပြောလိုက်တဲ့ ကာရစ်

ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် 14 အဖြစ် မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ သရဲနီ တို့ဟာ လိုအပ်နေတဲ့ နိုင်ပွဲကို ရယူသွားနိုင်ခဲ့ကြပါတယ် ။

ဒီပွဲမှာတော့ ပွဲစဉ်စကတည်းက နှစ်ဖက် အသင်းဟာ အပြန်အလှန် တိုက်စစ်ဆင် ခြိမ်းခြောက်မှုတွေကို ပြုလုပ်ခဲ့ကြတဲ့ အတွက် ပွဲစဉ်က တကယ်ပဲ ကြည့်ကောင်းခဲ့ရပါတယ် ။ ဒါပေမဲ့ ပွဲချိန် 13 မိနစ်မှာပဲ ဒီဂီယာ နဲ့ ဖရက်ဒ် တို့ အချင်းချင်း ခိုက်မိသွားခြင်းက ပွဲဆူသွားစေခဲ့ပါတယ် ။

ဒါဟာ အသင်းသား အချင်းချင်း ခိုက်မိတာ ဖြစ်ပြီး ကွင်းလယ်ဒိုင်သာ ဒါကို ချက်ချင်းမြင် ၊ ပွဲခန နားခဲ့မယ်ဆိုရင် ယူနိုက်တက်တို့ ဂိုးပေးရမှာ မဟုတ်ပါဘူး ။ ဒါ့အပြင် ဒီလို အနေအထားမှာ စမစ်ရိုရဲ့ ကန်ချက်ကို ဂိုးပေးမလား ၊ fair play ကစားခိုင်းမလားဆိုပြီး ဒွိဟ ဖြစ်စရာ အကြောင်း ရှိခဲ့ပါသေးတယ် ။

ဒါပေမဲ့ VAR နဲ့ စစ်ဆေးခဲ့တဲ့ ကွင်းလယ်ဒိုင် က ဒီအဖြစ်ကို fair play လို့ မသတ်မှတ်ပဲ အာဆင်နယ်ကို ဂိုးပေးခဲ့တဲ့ အတွက် ယူနိုက်တက်တို့ နောက်ကနေ ပြန်လိုက် ကစားခဲ့ရပြီး ဘရူနို ရဲ့ ခြေပဂိုးကြောင့် ပထမပိုင်းကို သရေရလဒ် နဲ့ ကုန်ဆုံးစေနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန်ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းမှုတွေ အားရစရာ မကောင်းခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုက ရပ်ရှ်ဖို့ ခင်ပေးခဲ့တဲ့ ဘောလုံးကို ချက်ချင်း ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရရှိသွားစေခဲ့ ပါတယ် ။ ဒါပေမဲ့ 2 မိနစ် အကြာမှာပဲ အိုဒီဂတ် က အာဆင်နယ် အတွက် ခြေပဂိုး ပြန်သွင်း သွားခဲ့ပါတယ် ။

ဒါပေမဲ့ ခြေပဂိုး သွင်းယူခဲ့တဲ့ အိုဒီဂတ် ကပဲ ပွဲချိန် မိနစ် 70 မှာ ဂိုးဧရိယာထဲ ဖရက်ဒ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် ယူနိုက်တက်တို့ ပင်နယ်တီ ရရှိခဲ့ကြပါတယ် ။ ဒါကို ဆုံးဖြတ်ရာမှာလည်း ကွင်းလယ်ဒိုင်က ကြန့်ကြာနေခဲ့တဲ့ အတွက် ယူနိုက်တက် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါသေးတယ် ။

ဒီတစ်ကြိမ် ရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ ဘရူနို ဖာနန်ဒက်စ် က မကန်ပဲ ရော်နယ်ဒိုက ကန်သွင်းရင်း အနိုင် ရလဒ်ကို ဖော်ဆောင် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက် ယာယီ နည်းပြ ကာရစ် အတွက် အသင်းကို တတိယပွဲ ကိုင်တွယ်ခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ကာရစ်ဟာ ယူနိုက်တက်တို့ ဗီလာ ရီးယဲ အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်ကို ယာယီ နည်းပြ အဖြစ် ပထမဆုံး ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် ချဲလ်ဆီးနဲ့ ပွဲမှာ ယူနိုက်တက်တို့ ဂိုးပြတ် ရှုံးလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ အဆိုပါ ပွဲစဉ်မှာ ကာရစ်က အဓိက တိုက်စစ်မှူး ရော်နယ်ဒိုကို အရံခုံပေါ် ထားရစ်ခဲ့ပြီး လူစားဝင် ကစားစေခဲ့ကာ 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါသေးတယ် ။ အခုလည်း အာဆင်နယ်နဲ့ ပွဲမှာ သူဟာ ဒါးလော့ ၊ တဲလက်စ် တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ 3 – 2 နဲ့ နိုင်ခဲ့ပြီး ကာရစ် ကလည်း ယူနိုက်တက် ယာယီ နည်းပြ ဘဝ 2 ပွဲနိုင် ၊ 1 ပွဲ သရေ ဆိုတဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲစဉ် အပြီးမှာတော့ သူဟာ ယူနိုက်တက် အသင်းမှ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့လိုက်ပါတယ် ။

” ရိုးရိုးသားသား ပြောရရင် ဒါဟာ တကယ်ပဲ ဆုံးဖြတ်ချက် ချမှတ်ဖို့ မလွယ်ကူခဲ့ရပါဘူး ။ ဒါပေမဲ့ အခုလို လုပ်ခြင်းက မှန်ကန်တယ်လို့ ကျွန်တော် ခံစားရပါတယ် ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် အပေါ် ကျွန်တော် တကယ်ပဲ တင်းတိမ်ရောင့်ရဲမိပါတယ် ။ ကျွန်တော် တကယ်ပဲ ပျော်ပါတယ် ”

” ပွဲစဉ်တွေ ပြီးဆုံးသွားတဲ့အခါမှာ အနားယူဖို့ ကျွန်တော် တွေးတောထားခဲ့ပါသေးတယ် ။ ကျွန်တော် သူတို့နဲ့ အချိန် အနည်းငယ် အတူနေမယ်လို့ မိသားစုဝင်တွေကိုလည်း ကတိပေးထားခဲ့ပါသေးတယ် ။ ဒါ့ကြောင့် အခု အချိန်က အဲ့တာကို လုပ်ဖို့ အကောင်းဆုံး အချိန်ပဲလို့ ကျွန်တော် ယုံကြည်မိပါတယ် ”

” တကယ့်ကို အကောင်းဆုံး ပုံစံနဲ့ နှုတ်ဆက်ခြင်းပါပဲ ။ ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့ ညချမ်း တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ် ။ ဒါက 100 % အပြည့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ ။ ကျွန်တော် ပြီးခဲ့တဲ့ တစ်ပါတ်လောက်ထဲက ဒါကို ဆုံးဖြတ်ထားနှင့်ခဲ့တာပါ ”

” ကျွန်တော်ဟာ အသင်းနဲ့ နည်းပြသစ် တို့ရဲ့ လေးစားမှုကို ရရှိခဲ့တယ်ဆိုတာ အမြဲအမှတ်ရနေမှာပါ ။ ကျွန်တော်ဟာ သူနဲ့ စကား မပြောခင် ၊ အဆက်အသွယ် မလုပ်ခင်ထဲက အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားခဲ့တာပါ ။ အသင်းဆီ ဘယ်သူလာလာ ကျွန်တော် ဒါကို လုပ်ဖြစ်မှာပါပဲ ”

 

” အသင်းဖက်ကလည်း အခုလို နည်းပြသစ် ခေါ်လိုက်ခြင်းက မှန်ကန်တယ်လို့ ကျွန်တော် ယုံပါတယ် ။ ကျွန်တော် တစ်ခါဆုံးဖြတ်လိုက်ရင် အဲ့တာက အတည်ပါပဲ ။ အခုလို လုပ်ရတဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ် ” လို့ ကာရစ်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar