ရန်းဂနစ် လက်အောက်မှာ ယူနိုက်တက် အသင်းရဲ့ ပြောင်းလဲလာမှု နှစ်ခုကို ထုတ်ပြောလိုက်တဲ့ အိုဝင် ဟားဂရေ့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ခရစ္စတယ် ပဲလေ့စ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။ ဒါဟာ နည်းပြသစ် ရန်းဂနစ် အတွက် အဖွင့်လှခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြသစ် ရန်းဂနစ် ရဲ့ ကစားကွက်က ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ် ။ ဒါဟာ ယခင် နည်းပြတွေ လက်အောက်မှာ တခါမှ မမြင်ခဲ့ဖူးတဲ့ ကစားကွက်မျိုး ဖြစ်ခဲ့ပြီး ယူနိုက်တက်တို့ ဆက်တိုက် ဖိအားပေး တိုက်စစ်ဆင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ် ။

ဒီပွဲမှာ ယူနိုက်တက်တို့ဟာ ခနခန တိုက်စစ်ဆင် ကစားခဲ့ကြသလို အခွင့်အရေး ဖန်တီးမှု ၊ ဂိုးပေါက် ကန်သွင်းမှုလည်း အရင်ကထက် သိသိသာသာ များပြာခဲ့ပါတယ် ။ ဒါပေမဲ့ ဂိုး ရရှိဖို့တော့ ရုန်းကန်ခဲ့ရပါတယ် ။ ယူနိုက်တက် အတွက် တစ်လုံးထဲသော ဂိုးကိုတော့ ကွင်းလယ်လူ ဖရက်ဒ် က ပွဲချိန် 77 မိနစ်မှာ သွင်းပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ဟာ အမှတ်ပေး ဇယား အဆင့် 6 နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ပါပြီ ။ ဒါပေမဲ့ အဆင့် 4 နေရာမှ ဝက်စ်ဟမ်း အသင်းနဲ့ 4 မှတ် ကွာနေဆဲ ဖြစ်သလို အဆင့် 1 နေရာမှ မန်စီးတီး နဲ့ 11 မှတ် ကွာနေဆဲပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီးမှာတော့ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က အသင်းဟောင်းမှာ ပြောင်းလဲ လာခဲ့တဲ့ အရာ နှစ်ခုကို ထုတ်ဖော် ချီးကျူးသွားခဲ့လိုက် ပါတယ် ။ ဒါ့အပြင် အသင်းဟာ ရော်နယ်ဒိုရဲ့ အားသာချက်ကို အသုံးပြု ကစားခဲ့ကြောင်းပါ ပြောခဲ့လိုက်ပါတယ် ။

” ကစားပုံ အရမ်းကို ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့ ကွင်းကို ချုံ့နိုင်ခဲ့ကြပါတယ် ။ ပိုသေးအောင် လုပ်နိုင်ခဲ့ကြပါတယ် ။ အသင်းဟာ ရော်နယ်ဒိုရဲ့ အားသားချက်ကို အသုံးပြု ကစားစေခဲ့ပါတယ် ။ အဲ့တာက အသင်းရဲ့ ကစားပုံကို ပိုကောင်းသွားစေခဲ့ပါတယ် ”

” ဗဟို ခံစစ် ကစားသမားတွေကလည်း ကွင်းလယ်အထိ တက်ရောက် ကစားခဲ့ကြပါတယ် ။ ပဲလေ့စ် အသင်းဟာ ဘောလုံးတောင် သိပ်မကိုင်နိုင်ခဲ့ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ပြသနာ တစ်ခုက သူတို့တွေဟာ ဘောလုံး ပိုင်ဆိုင်မှု အများကြီး ရယူနိုင်ခဲ့ကြတယ် ၊ ဒါပေမဲ့ ဂိုးတွေရဖို့ အခက်တွေ့နေရခြင်းပါပဲ ”

 

” ရန်းဂနစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်ခဲ့တာက တစ်ပါတ်သာ ရှိနေပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ ဘောလုံးကိုင် ကစားမှု နဲ့ ဖိအားပေး ကစားပုံတွေက သိသိသာသာ ခြားနားသွားခဲ့ရတာကို မြင်တွေ့ခဲ့လိုက်ရပါတယ် ” လို့ ဟားဂရေ့ဗ် က ထုတ်ဖော် ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar