ရန်းဂနစ်ဟာ ဘယ်လို အပြောင်းအလဲတွေ ယူဆောင်လာသလဲဆိုတာ ထုတ်ပြောလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဒီရာသီမှာ အထူး လက်စွမ်းကောင်းတွေ ပြသနေခဲ့တဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က နည်းပြသစ် ရန်းဂနစ် ရဲ့ လက်အောက်မှာ လေ့ကျင့်ရေးတွေကို လျှော့ပေါ့ပြီး လုပ်ဆောင်လို့ မရကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဒေးဗစ် ဒီဂီယာဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေတုန်းက အမှား ကျူးလွန်မှုတွေ မကြာခနလုပ်ဆောင်ခဲ့တဲ့အတွက် အသင်းဖော် ဒင်း ဟန်ဒါဆန် နဲ့ အစားထိုးခံရလိမ့်မယ်လို့ သတင်းတွေ ထွက်နေခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒီရာသီမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်က အံ့ဖွယ် ဖြစ်ခဲ့ရပါတယ် ။

သူဟာ ဒီရာသီမှာတော့ အသင်းရဲ့ ပွဲစဉ် အားလုံး နီးပါးကို ပွဲထွက် ကစားခွင့် ရရှိထားခဲ့ပြီး ဆိုးလ်ရှား ၊ ကာရစ် ၊ ရန်းဂနစ် တို့ လက်အောက်မှာ အထူး ပုံစံကောင်း ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ဒီဂီယာရဲ့ လက်စွမ်းတွေ အပေါ် ဝေဖန်သူတွေလည်း မရှိကြတော့ပါဘူး ။

ယူနိုက်တက်တို့ဟာ ကြားရက်တွေတုန်းက ကိုဗစ် ဒဏ်ကို ခံခဲ့ကြရတဲ့အတွက် ဘရန်းဖို့ဒ် ၊ ဘရိုက်တန် နဲ့ ပွဲစဉ်တွေကို ကစားခွင့် လွဲချော်ခဲ့ကြပါတယ် ။ အခုတော့ သူတို့ဟာ ဒီတစ်ပါတ်မှာ နယူးကာဆယ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကစားသွားရဖို့ ရှိနေပါတယ် ။

 

အခုတော့ ယူနိုက်တက် အသင်းရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က ဂျာမန်သား နည်းပြ လက်အောက်မှာ လေ့ကျင့်ရေးတွေ လုပ်ဆောင်ပုံက ခြားနားချက်ရှိနေကြောင်း ၊ ပြင်းထန်ကြောင်း MUTV နဲ့ အင်တာဗျူး အစီအစဉ်မှာ ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

” အသင်းသားတွေ အားလုံး ပုံမှန်အတိုင်း လေ့ကျင့်နေကြတာ ၊ အားလုံး အန္တရာယ် ကင်းကြတာကို ကြည့်ရတာ တကယ်ပဲ ကောင်းမွန်လှပါတယ် ။ သူတို့ ပြန်လာကြပြီ ၊ လေ့ကျင့်ရေးတွေလည်း လုပ်ဆောင်နေကြပါပြီ ။ သူတို့ အားလုံး အဆင်ပြေနေကြပါတယ် ။ ဒါဟာ တကယ့်ကို ကောင်းမွန်လှပါတယ် ”

” ဟုတ်ပါတယ် ၊ ကျွန်တော်တို့ဟာ လေ့ကျင့်ရေးတွေကို ကြိုးစား လုပ်ဆောင်နေခဲ့ကြပါတယ် ။ လေ့ကျင့်ရေး အစီအစဉ်တိုင်းက ပြင်းထန်နေခဲ့ ပါတယ် ။ ရဲ့လ်ဖ် ရန်းဂနစ် နဲ့ အတူ ရှိနေခဲ့ရတဲ့ လေ့ကျင့်ရေး အစီအစဉ်တိုင်းက ပြင်းထန်နေခဲ့ရ ပါတယ် ”

” သူ့အောက်မှာတော့ ခင်ဗျား အနေနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ပွဲစဉ်တိုင်းမှာ 100 ရာခိုင်နှုန်းပြည့် ပေးဆပ်နိုင်ဖို့ လိုအပ်ပါတယ် ။ စောင့်ကြည့်ကြရတာပေါ့ ၊ အခုမှ အစပဲ ရှိပါသေးတယ် ။ အခုမှ ရက်သတ္တပါတ် နှစ်ပါတ်လောက်ပဲ အတူ လက်တွဲ အလုပ်လုပ်ရသေးတာပါ ”

” ဒါ့ကြောင့် အနာဂတ်မှာ ဘာဖြစ်မလဲ စောင့်ကြည့်ကြရတာပေါ့ ။ အသင်းကတော့ ခွန်အား အပြည့် ၊ လျင်မြန်မှု အပြည့်နဲ့ လေ့ကျင့်နေခဲ့ပါတယ် ။ ဒါတွေကို ပွဲကြီးတွေမှာ အကောင်းဆုံး ပြသနိုင်ဖို့ လိုအပ်လှပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar