ယူနိုက်တက် နည်းပြသစ် ရဲ့ ပထမဆုံး အဝေးကွင်းပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အတွက် ခန့်မှန်းချက်များ

ဒီတပတ် မှာတော့ စပါး အသင်းမှာ ကိုဗစ် ကူးစက်မှုတွေ များပြား နေတာကြောင့် ဘရိုက်တန် နဲ့ ကစားမယ့် ပွဲကို ရွှေ့ဆိုင်း ထားပြီး ပွဲစဉ် ၉ ပွဲသာ ယှဉ်ပြိုင် ကစား သွားကြမှာပါ ။

ဘရန့်ဖိုဒ့် နဲ့ ဝက်ဖိုဒ့် တို့ကတော့ သောကြာညပွဲစဉ် အဖြစ် အစော ကစား သွားကြမှာ ဖြစ်ပြီး ကျန်တဲ့ အသင်းတွေ ကတော့ ပိတ်ရက်တွေ မှာ ကစား သွားကြမှာပဲ ဖြစ်ပါတယ် ။

ဒီတပတ် မှာ အသင်းကြီးချင်း ထိပ်တိုက် မတွေ့ ကြပေမယ့် ပွဲကောင်းတွေ ရှိနေသလို ဒီဇင်ဘာ ပွဲကြပ်တွေ အတွက် ဘယ်လိုတွေ ပြင်ဆင် ထားသလဲ ဆိုတာကိုလည်း စောင့်ကြည့် ရဦးမှာပါ ။

 

ဒါကြောင့် ဒီတပတ် မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပေါလ် မာဆွန် ရဲ့ ခန့်မှန်းချက်တွေ ကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ မန်ချက်စတာ စီးတီး – ဝုဗ်

ဝုဗ် တိုက်စစ်က စီးတီး ခံစစ်ကို ကျော်ဖြတ်ပြီး ဘယ်လို ဂိုးသွင်းမယ် ဆိုတာ ကျွန်တော် သိချင်မိ ပါတယ် ။

ဒီနှစ်မှာ သူတို့ရဲ့ တိုက်စစ်က ထက်မြက်မှုအား အရမ်းနည်းနေတယ်လို့ ဆိုရမှာပါ ။

စီးတီး ဘက်မှာတော့ ဘာနာဒို ဆေးလ်ဗား ခြေစွမ်းပြနေမှုနဲ့ အတူ ရလဒ်တွေ ကောင်းနေပါတယ် ။

အဆင့် ၁ နေရာ ကိုလည်း ချဲလ်ဆီး ဆီက ရယူ ထားနိုင်တာကြောင့် စိတ်ဓါတ်တွေ တက်ကြွ နေမှာပါ ။

ဒီလို အနေအထားမှာ ဝုဗ် အတွက် ဘာမှ မျှော်လင့်နိုင်စရာ ရှိမှာ မဟုတ်ပါဘူး ။

ပေါလ် မာဆွန် က မန်စီးတီး ၂ – ၀ ဝုဗ် လို့ ခန့်မှန်း ထားခဲ့ ပါတယ် ။

၂ ။ ချဲလ်ဆီး – လိဒ်ယူနိုက်တက်

ဒီပွဲက ချဲလ်ဆီး အတွက် အရေးကြီးတဲ့ ပွဲပါ ။ ဝက်စ်ဟမ်း ကို ရှုံး ၊ ဇင်းနစ် နဲ့ သရေ ကျတဲ့ ၂ ပွဲစလုံးဟာ ချဲလ်ဆီး ကို အမှတ်ပေး ဇယား ၂ ခု ရဲ့ အဆင့် ၁ နေရာတွေကနေ ဖယ်ပေးရဖို့ ကို ဖြစ်လာစေခဲ့ ပါတယ် ။

ဒီလို အမှားမျိုးတွေ သူတို့ ထပ်လုပ်လို့ မရတော့ပါဘူး ။

ကွင်းလယ်မှာ ဒဏ်ရာသမားတွေ များနေပေမယ့် လိဒ်ယူနိုက်တက် ရဲ့ အနေအထားက ချဲလ်ဆီး ထက် ပိုဆိုးပါတယ် ။ အိမ်ကွင်း မှာတော့ တူချယ် ထပ်ပြီး အမှားခံမှာ မဟုတ်ပါဘူး ။

ချဲလ်ဆီး ၃ – ၀ လိဒ် လို့ ပေါလ်မာဆွန် က ခန့်မှန်း သွားခဲ့ ပါတယ် ။

၃ ။ လီဗာပူး – အက်စတွန် ဗီလာ

ဗီလာ က လီဗာပူး ကို ပြဿနာ နည်းနည်း ပေးနိုင်ပါတယ် ။ ဒါပေမယ့် အဲ့ဒိထက် ပိုမှာ မဟုတ်ပါဘူး ။

သူတို့ရဲ့ ခံစစ်ပိုင်းက လီဗာပူး တိုက်စစ်ကို ဘယ်လို တောင့်ခံ နိုင်မှာလဲ ။

ဗီလာ ကို စတီဗင် ဂျရတ် လုပ်ပေးဖို့ အဓိက လိုအပ် နေတာက တည်ငြိမ်မှုပါ ။ သူတို့က မိနစ် ၉၀ အတွင်းမှာကို တက်လိုက် ကျလိုက် ဖြစ်နေတုန်းပါပဲ ။

လီဗာပူး မှာက ဗီလာ ကို ဒုက္ခပေးဖို့ အရည်အသွေးတွေ အများကြီး ရှိနေပါတယ် ။ ဗီလာ က ခံစစ်ပိတ် ကစားဖို့ မရှိတာကြောင့် ဂိုးတွေကတော့ မြိုင်ကြဦးမှာပါ ။

မာဆွန် ရဲ့ ခန့်မှန်းချက် ကတော့ လီဗာပူး ၃ – ၁ အက်စတွန် ဗီလာ ဖြစ်ပါတယ် ။

၄ ။ အာဆင်နယ် – ဆောက်သမ်တန်

အာဆင်နယ် အတွက် အရေးကြီးတဲ့ ပွဲပါ ။ ဒီပွဲကို သူတို့ ရလဒ် မကောင်းခဲ့ရင် နောက်ပိုင်း တောက်လျောက် ဆက်ပြီး ဖြစ်သွား နိုင်ပါတယ် ။

ဒါပေမယ့် ဆောက်သမ်တန် က သူတို့ကို ခက်ခဲ စေမယ်လို့ မထင်ပါဘူး ။

အာဆင်နယ် မှာ ခေါင်းဆောင်မှု လိုအပ်နေပါတယ် ၊ အော်ဘားမီးယန်း အနေနဲ့ ဒီတပတ် ဒါကို ပြသနိုင် မလားဆိုတာ ကြည့်ရမှာပါ ။

 

တကယ်လို့ ရှေ့တန်းကသာ ခြေမှန်မှန် နဲ့ ကစားနိုင်မယ် ဆိုရင် ဒီပွဲကို အာဆင်နယ်တို့ နိုင်ဖို့ မခက်ပါဘူး ။

ဆောက်သမ်တန် ကတော့ သရေတမှတ် အတွက် ပြင်ဆင်လာမှာပါ ။ ဒါကို အာဆင်နယ်တို့ ချိုးဖျက်နိုင်ဖို့ အရေးကြီးပါတယ် ။ အဲ့ဒါပြီးသွားရင်တော့ သူတို့ အတွက် မျှော်လင့်ထားသလို ဖြစ်လာမှာပါ ။

မာဆွန် ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂ – ၀ ဆောက်သမ်တန်

၅ ။ နောဝှစ်ချ် – မန်ချက်စတာ ယူနိုက်တက်

ကြားရက်က ချန်ပီယံလိဂ် မှာ မန်ယူနိုက်တက် က အဓိက ကစားသမား အများအပြားကို အနားပေး ထားခဲ့ ပါတယ် ။

ဒါကြောင့် သူတု့ိ ပွဲပန်းစရာ အကြောင်း မရှိပါဘူး ။ ဆိုးရှား နဲ့ လမ်းခွဲလိုက်ပြီး ကတည်းက ယူနိုက်တက် တို့ ရှုံးပွဲ မရှိ သေးသလို ကစားပုံ အပိုင်းမှာပါ တိုးတက်မှုတွေ ရှိလာခဲ့ ပါတယ် ။

အခု ဒီပွဲကိုသာ အနိုင် ကစားနိုင်မယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် ၄ နေရာ အတွက် ပြန်ပြီး တိုက်ပွဲ ဝင်လာနိုင်မှာပါ ။ မကြာခင် ပွဲကြပ် ပွဲဆက်တွေ ပိုများလာတော့မှာ ဖြစ်လို့ ဒီပွဲမျိုးဟာ ယူနိုက်တက် တို့ ၃ မှတ် ရအောင် ယူရမယ့် ပွဲမျိုးပါပဲ ။

ပေါလ် မာဆွန် ကတော့ နောဝှစ်ချ် ၁ – ၃ မန်ချက်စတာ ယူနိုက်တက် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

အခြား ပွဲစဉ်ခန့်မှန်းချက်များ –

 

၆ ။ ဘရန့်ဖိုဒ့် ၁ – ၂ ဝက်ဖိုဒ့်

 

၇ ။ ဘန်လေ ၀ – ၂ ဝက်စ်ဟမ်း ယူနိုက်တက်

 

၈ ။ လက်စတာ စီးတီး ၂ – ၁ နယူးကာဆယ်

 

၉ ။ ခရစ္စတယ်ပဲလေ့စ် ၂ – ၁ အဲဗာတန်

 

SPORTS MYANMAR