ယူနိုက်တက်ရဲ့ ကစားပုံကို ပိုကောင်းစေတဲ့ ကစားသမား အမည်ကို ထုတ်ပြောလိုက်တဲ့ ရှရင်ဂမ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်သူ တက်ဒီ ရှရင်ဂမ် က အီဒင်ဆန် ကာဗာနီ ကစားတဲ့ အချိန်တွေမှာ သူ့ အသင်းဟောင်း ရဲ့ ကစားပုံဟာ ပိုမို တိုးတက် ကောင်းမွန်လာလေ့ ရှိတတ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့လိုက်ပါတယ် ။

အီဒင်ဆန် ကာဗာနီဟာ မန်ချက်စတာယူနိုက်တက် အသင််းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့စဥ်တုန််းက သူဟာ ယူနိုက်တက် အတွက် အလုပ်ဖြစ်ပါ့မလားဆိုပြီး မေးခွန်းတွေ ထုတ်ခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ သူဟာ လုပ်အားတွေနဲ့ သက်သေပြခဲ့ပြီး ဂိုးတွေနဲ့ အသံတိတ််စေနိုင်ခဲ့ပါတယ် ။

ကာဗာနီဟာ အသက် 34 နှစ် အရွယ် ရှိနေတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဒဏ်ရာ ပြသနာတွေ အကြား မကြာခန ရုန်းကန်နေခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ကွင်းထဲမှာ သူ ပါဝင်လာတဲ့ ပွဲစဥ်တိုင်း ပြိုင်ဖက် နောက်ခံလူတွေ သူ့ကို သတိထား ချဥ်းကပ်ခဲ့ရပြီး အာရုံများခဲ့ရတာချည်းပါပဲ ။

အခုလည်း သူဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့နေခဲ့ပေမဲ့ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဥ်ကိုတော့ ပါဝင်လာဖို့ ရှိနေတယ်လို့ သိနေရပါတယ် ။ အခုတော့ ယူနိုက်တက် ဂန္တဝင် ရှရင်ဂမ် က သူ့ကို ချီးကျူး စကားတွေ ဆိုသွားခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂရင်းဝုဒ် ၊ ရပ်ရှ်ဖို့ ၊ ရော်နယ်ဒို တို့လို ကစားသမားကောင်းတွေကို ပိုင်ဆိုင််ထားပါတယ် ။ သူတို့ အားလုံးက နံပါတ် 10 နေရာအတွက်် ပွဲထွက် ကစားပေးနိုင်စွမ်း ရှိသူတွေချည်း ပါပဲ ”

” ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာဗာနီ ပါဝင်တိုင်း ပိုကောင်းတဲ့ အသင်း ဖြစ်နိုင်ခဲ့တယ်လို့ ကျွန်တော် ခံစားနေရဆဲပါပဲ ။ သူဟာ အသင်းအတွက် တကယ့်ကို ကောင်းကောင်း ကစားပြနိုင်ခဲ့ပါတယ် ။ သူဟာ အထောင် တိုက်စစ် နေရာမှာ ကစားပေးခဲ့သလို နောက်ချန််တိုက်စစ်လို နေရာမှာလည်း ကစားပေးနိုင်ခဲ့ပါတယ် ”

” အဲ့ဒီလို ကစားပေးနိုင်စွမ်း ရှိခြင်းအတွက်ကြောင်း သူဟာ အသင်းဖော်တွေ အတွက် ဆုံမှတ် တစ်ခုလို့ ဖြစ်သွားခဲ့ရပါတယ် ။ အကယ်လို့ တောင်ပံ တိုက်စစ် ကစားနေကျ ကစားသမားတွေက တိုက်စစ်မှူး နေရာကို ရောက်သွားရင် နောက်ချန် တိုက်စစ် နေရာအတွက် ဘယ်လို ကစားရသလဲဆိုတာကို မသိတတ်ကြပါဘူး ”

” သူတို့တွေဟာ ဂိုးပေါက် အရှေ့မှာ ဘယ်လိုတွေ နေရာယူ ခြိမ်းခြောက်ရမလဲဆိုတာ မသိတတ်ကြပါဘူး ။ သူတို့တွေဟာ ပြေးလွှား ကစားပေးကြဖို့ချည်းပဲ အားသန်နေတတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ကာဗာနီ ကတော့ အထောင် တိုက်စစ်မှူး တစ်ယောက်မှာ ရှိနေသင့်တဲ့ အရာရာတိုင်းကို ပိုင်ဆိုင်ထားသူ တစ်ဦးပါပဲ ”

” သူက ဘောလုံးကိုင်နိုင်တယ် ၊ အမြင့်ဘောတွေ ဦးနိုင်တယ် ၊ နေရာလွတ် အကျဥ်းလေးတွေထဲ ပြေးဝင်ရင်းနဲ့ ဂိုးတွေ သွင်းယူပေးပါတယ် ။ သူက ဒါတွေကို သဘာဝ ကျကျ လုပ်ပြနေခဲ့တာပါ ။ အဲ့ဒီလို ကစားသမား မရှိရင် ဆုံမှတ် တစ်ခု ရနိုင်ဖို့ မလွယ်ကူပါဘူး ” လို့ ရှရင်ဂမ် က ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar