ယူနိုက်တက်နဲ့ ပွဲမတိုင်မီ သူတို့တွေ ဘာကို အာရုံစိုက်နေကြလဲဆိုတာ ပြောပြလိုက်တဲ့ နယူးကာဆယ် တိုက်စစ်မှူး ဂျိုလင်တန်

နယူးကာဆယ် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဂျိုလင်တန်က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဉ်မတိုင်မီ သူတို့တွေဟာ ပြိုင်ဖက် အသင်းထက် မိမိတို့ ကိုယ်တိုင် အပေါ်ပဲ အာရုံစိုက်နေကြကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုဗစ် ရောဂါဒဏ်ကြောင့် ပွဲကစားခွင့် 16 ရက် တိတိ ပျောက်ဆုံးခဲ့ရပေမဲ့ အခုညမှာတော့ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်ကို ရင်ဆိုင် ကစားဖို့ အကောင်းဆုံး အနေအထား တစ်ရပ်ကို ပိုင်ဆိုင်နေပြီလို့ သိနေရပါတယ် ။

အခြားတဖက်မှာတော့ ပြီးခဲ့တဲ့တစ်ပါတ်တုန်းက မန်စီးတီး အသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ပြီး သုံးပွဲဆက်တိုက် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ နယူးကာဆယ် ယူနိုက်တက် အသင်း ကတော့ ဒီတစ်ပါတ်မှာ အရှုံးရလဒ်တွေကနေ နိုးထနိုင်ဖို့ အထူး ပစ်မှတ်ထားနေတာပဲ ဖြစ်ပါတယ် ။

နယူးကာဆယ် အသင်းဟာ လက်ရှိ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် 18 ပွဲထိ ကစားပြီးချိန် 1 ပွဲနိုင် ၊ 7 ပွဲ သရေ ၊ 10 ပွဲ ရှုံး ရလဒ် ၊ ရမှတ် 10 မှတ် နဲ့ အမှတ်ပေး ဇယား အဆင့် 20 မှ နောဝှစ်ချ် စီးတီး အသင်း နဲ့ ရမှတ်တူ ၊ ဂိုးကွာ အဖြစ် အဆင့် 19 မှာ ရပ်တည်နေခဲ့ပါတယ် ။

ဒါပေမဲ့ နယူးကာဆယ် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဂျိုလင်တန် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲကြီးပွဲကောင်း ကစားဖို့ စိတ်လှုပ်ရှား နေမိကြောင်း ၊ ဒါဟာ ပိုကောင်းကြောင်း ပြသဖို့ အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” ကျွန်တော် ဒီလိုပွဲမျိုး ကစားရဖို့ကို ရှေးရှုနေပါတယ် ။ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ် ။ နောက်ထပ် အိမ်ကွင်း ပွဲစဉ် တစ်ပွဲကို ကစားရပါတော့မယ် ။ ဒါက ပိုကောင်းတဲ့ အရည်အသွေးကို ပြသနိုင်ဖို့ အခွင့်အရေး ထပ်မံ ရရှိခြင်း ပါပဲ ”

” ကျွန်တော်တို့ တိုးတက်လာခဲ့တယ်လို့ ထင်မိပါတယ် ။ ဒါပေမဲ့ ရလဒ်တွေကိုပဲ လိုက်ကြည့်နေရင်တော့ ဒါတွေကို လူတိုင်း သိမြင်နိုင်မှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ လေ့ကျင့်ရေး ကွင်းထဲမှာ တစ်နေ့ထက် တစ်နေ့ တိုးတက်လာနိုင်ခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ အခုညမှာ ခမ်းနားတဲ့ ပွဲစဉ် တစ်ပွဲကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ဒီတစ်ပါတ်အတွင်း ကောင်းကောင်းပြင်ဆင်ခဲ့ကြ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အရည်အသွေးကောင်းတွေ ၊ ခိုင်မာမှုတွေနဲ့ အတွေ့ အကြုံကောင်းတွေ ပိုင်ဆိုင်ထားပါတယ် ”

” သူတို့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ဘယ်လိုရှိလဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်အကြောင်းကိုပဲ တွေးတောနေဖို့ လိုအပ်တယ်လေ ။ ကျွန်တော်တို့ဟာ အိမ်ကွင်းမှာ အရေးကြီးတဲ့ ပွဲစဉ်ကို ရင်ဆိုင် ကစားရမှာပါ ”

” ကျွန်တော်တို့ အရာရာ ပေးဆပ်ကစားဖို့ လိုအပ်ပါလိမ့်မယ် ။ ပွဲတွေ နားထားလို့ သူတို့ ပိုကောင်းလာမလား ၊ ညံ့မလားဆိုတာ ကျွန်တော်လည်း မသိပါဘူး ။ ကျွန်တော်တို့ ဖက်ကတော့ ကြိုတင်ပြင်ဆင် ၊ အာရုံစူးစိုက်ပြီး နိုင်ပွဲရရှိအောင် ကြိုးစားရပါလိမ့်မယ် ” လို့ ဂျိုလင်တန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar