ယူနိုက်တက်တို့ 2021 ကို ရလဒ်ကောင်းနဲ့ ပိတ်သိမ်းနိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ??

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့နံနက်မှာတော့ 2021 ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘန်လေ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 3-1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ် ။ ဒါဟာ ရန်းဂနစ် လက်အောက်မှာ ယူနိုက်တက်တို့ ပထမဆုံး အကြိမ် 1 ဂိုးနဲ့ အထက် သွင်းယူခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အတွက် ဂိုးတွေကို တော်မီနေး ၊ ဘန်မီး (OG) နဲ့ ရော်နယ်ဒို တို့က သွင်းယူခဲ့ကြတာ ဖြစ်ပြီး ဘန်လေ အတွက် တစ်လုံးထဲသော ဂိုးကိုတော့ အာရွန် လန်နွန် က သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ ရန်းဂနစ် လက်အောက် ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါပြီ ။

ဒီပွဲမှာတော့ ရန်းဂနစ်ဟာ ခံစစ်မှာ ဘစ်ဆာကာ ၊ ဘိုင်လီ နဲ့ လုခ်ရှော တို့ကို နေရာပေးခဲ့သလို ကွင်းလယ်မှာလည်း မာတစ် ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ဒါ့အပြင် တိုက်စစ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ ကို အနားပေးခဲ့ပြီး ဂရင်းဝုဒ် ၊ ဆန်ချို ၊ ကာဗာနီ နဲ့ ရော်နယ်ဒို တို့ကို နေရာပေူခဲ့ပါတယ် ။

MEN မှ သတ်မှတ်ပေးလိုက်တဲ့ အဆိုပါ ပွဲစဉ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (6)

လန်နွန်ရဲ့ ကန်ချက်ကို ဒီထက်ပိုကောင်းအောင် ဟန့်တား ပြနိုင်ခဲ့သင့်ပါတယ် ။ ဒီနေ့မှာတော့ ထူးကဲတဲ့ လက်စွမ်းကို ပြသခွင့် မပိုင်ဆိုင်ခဲ့ရပါဘူး ။

ဘစ်ဆာကာ (5)

ပွဲထွက်ခွင့် ပြန်လည် ရရှိနိုင်ခဲ့ပေမဲ့ ဒါးလော့ထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခြင်း မရှိခဲ့ပါဘူး ။ ပိုမို ကြိုးစားပြဖို့ လိုအပ်နေပါသေးတယ် ။

ဘိုင်လီ (5)

ပေးဂိုးအတွက် ဘောလုံး စတင် ပျက်ခဲ့သူ ဖြစ်သွားခဲ့ရပါတယ် ။ ပွဲထွက်ခွင့် ရခဲ့ပေမဲ့ အကောင်းဆုံး ပုံစံကိုတော့ မပြနိုင်ခဲ့ပါဘူး ။

မက်ဂွားယား (5)

အမြင့်ဘော အများစုကို ဦးယူနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ခရစ္စ ဝုဒ် နဲ့ လန်နွန် တို့ကို ထိန်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ပေးဂိုး အတွက်လည်း အမှား မကင်းခဲ့ပါဘူး ။

 

လုခ်ရှော (7)

ပြန်လည် ပွဲထွက်ခွင့် ရခဲ့တဲ့ ပွဲမှာ အထူး ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပါတယ် ။ ရော်နယ်ဒို အတွက် အကွက်မြင်တဲ့ ဘောလုံး ခင်းကျင်းမှု လုပ်နိုင်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးပေါက် ခြိမ်းခြောက်ရင်း တိုက်စစ်ရော ခံစစ်ပါ ကစားပုံ ကောင်းခဲ့ပါတယ် ။

မက် တော်မီနေး (8)

ဒီပွဲရဲ့ ဟီးရိုး ပါပဲ ။ ကိုယ်တိုင် ဂိုးသွင်းခဲ့သလို ရော်နယ်ဒိုရဲ့ ဂိုးကို ရရှိစေရေးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ် ။ အဝေး ကန်ချက်တွေက တကယ့်ကို အားရစရာ ကောင်းခဲ့ပါတယ် ။

မာတစ် (6)

ကွင်းလယ်မှာ ဟန်ချက် တစ်ခု ရရှိစေနိုင်ခဲ့ပြီး အသင်းဖော်တွေကို စိတ်ချလက်ချ တိုက်စစ်ဆင် ကစားခွင့်တွေ ပေးနိုင်ခဲ့ပါတယ် ။ မြန်ဆန်တဲ့ လန်နွန် ကို ဟန့်တားရေးမှာ အခက်ကြုံခဲ့ရပါတယ် ။

ဆန်ချို (6)

ဘောလုံးကိုင် ကစားပုံ နဲ့ ဘောလုံး ပေးပို့မှုတွေ ညံ့ဖျင်းနေဆဲပါပဲ ။ အသင်းအတွက် အရေးပါတဲ့ ဒုတိယဂိုးကို ရရှိစေနိုင်ခဲ့ပေမဲ့ ဘန်မီးကြောင့် own goal ဖြစ်သွားခဲ့ရပါတယ် ။

ဂရင်းဝုဒ် (6)

ဘောလုံး ရရှိချိန်မှာ ကစားပုံ ကောင်းခဲ့ပေမဲ့ ပထမပိုင်းမှာ ထူးကဲတဲ့ စွမ်းဆောင်ရည်ကို မပြနိုင်ခဲ့ပါဘူး ။ အခွင့်အရေး အချို့ ရနိုင်ခဲ့ပေမဲ့ အကောင်းဆုံး အသုံးမချနိုင်ခဲ့ပါဘူး ။

ရော်နယ်ဒို (6)

ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို ဂိုးလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒီထက် ဂိုးတွေ ပိုရခဲ့သင့်ပါတယ် ။ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြဖို့ လိုအပ်နေဆဲပါပဲ ။

ကာဗာနီ (6)

တိုက်စစ်မှူး အဖြစ် ကစားသူကတော့ ဒီပွဲမှာ မကြာခန အနောက်ဆင်း ကစားပေးခဲ့ရပါတယ် ။ ကစားအား တိုးအားတွေ ကောင်းခဲ့ပေမဲ့ ရရှိခဲ့တဲ့ ထူးကဲတဲ့ စွမ်းဆောင်ရည်ကိုတော့ မပြနိုင်ခဲ့ပါဘူး ။

 

လူစားဝင် ကစားသမားများ…

ဗာရန်း (6)
ဒါးလော့ (6)
ဖရက်ဒ် (-)

#Sports_Myanmar