ယူနိုက်တက်တို့ နောဝှစ်ချ်ကို ပင်နယ်တီနဲ့ ကပ်နိုင်ခဲ့တဲ့ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ကာရိုး road ကွင်းထဲမှာ နောဝှစ်ချ် အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး ပွဲချိန် 75 မိနစ်မှာ ရရှိခဲ့တဲ့ ရော်နယ်ဒို ရဲ့ ပင်နယ်တီ ကန်ချက်ကြောင့် အဖိုးတန် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာလည်း ယူနိုက်တက်တို့ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူကာ ကစားနိုင်ခဲ့ပြီး အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ကြ ပါတယ် ။ ဒါပေမဲ့ ဂိုးတွေ သွင်းယူနိုင်ဖို့ အခက်တွေ့ဆဲ ဖြစ်နေခဲ့ရပါတယ် ။ ဒါ့အပြင် ဒီဂီယာ ဆက်လက် လက်စွမ်းပြနိုင်ခြင်းက ယူနိုက်တက်တို့ကို သက်သာရာ ရရှိစေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ပြိုင်ဖက် ဂိုးသမား တင် ခရူးလ် ကလည်း လက်စွမ်းကောင်းတွေ ပြနိုင်ခဲ့တဲ့ အပြင် နောဝှစ်ချ် ရဲ့ ခံစစ် ကစားပုံ ကောင်းမွန်မှု ၊ တန်ပြန် တိုက်စစ်ဆင်မှုတွေက ယူနိုက်တက် တို့ကို ကစားရ ခက်ခဲသွားစေခဲ့တာပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒို ၊ ဒီဂီယာ တို့ကြောင့် ယူနိုက်တက်တို့ အမှတ်ပေး ဇယား အဆင့် 6 နေရာကို တက်လှမ်း နိုင်ခဲ့ကြတဲ့ ပွဲစဉ်မှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (8)

ကမ္ဘာ့ အဆင့် ဂိုးသမား ဖြစ်ကြောင်း လက်စွမ်းတွေနဲ့ ထပ်မံ သက်သေပြသွားနိုင်ခဲ့ပြန် ပါတယ် ။ ဒီဂီယာဟာ ယူနိုက်တက် အတွက်တော့ ကံကောင်းခြင်းတွေ ယူဆောင်ပေးနေသူပါပဲ ။

–  ဒါးလော့ (7)

ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပုံမှန် တည်ငြိမ်တဲ့ ခြေစွမ်းကောင်း ပြသနိုင်သူ ဖြစ်ခဲ့ပါတယ် ။ ခံစစ်ပိုင်း ကစားပုံလည်း သိသိသာသာ ကောင်းခဲ့ပါတယ် ။

လင်ဒီလော့ဖ် (5)

ပြိုင်ဖက် တိုက်စစ်မှူး တီမူး ပူကီကို ဟန့်တားပြနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရ ပါတယ် ။ ဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ် ။

မက်ဂွားယား (6)

တိုက်စစ်ပိုင်းကို မကြာခနဆိုသလို တက်ရောက် ကူညီပေးဖို့ ကြိုးစားခဲ့ပါတယ် ။ ဘောလုံးကိုင် ကစားပုံ နှေးနေခဲ့ပါတယ် ။ အမြင့်ဘောတွေ ကောင်းခဲ့ပါတယ် ။

တဲလက်စ် (7)

နောက်ထပ် ပွဲကောင်း တစ်ပွဲကို ပိုင်ဆိုင်ခဲ့ပြန်ပါတယ် ။ ဖြတ်တင်ဘောတွေကတဆင့် အခွင့်အရေးတွေ များစွာ ဖန်တီးပေးနိုင်ခဲ့သလို ဖရီးကစ်မှတဆင့် ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ် ။

တော်မီနေး (7)

ဘောလုံးကိုင် ကစားပုံ ကောင်းမွန်ခဲ့သလို ခံစစ်ပိုင်းကိုလည်း လုံခြုံမှုတွေ ပေးနိုင်ခဲ့ပါတယ် ။ သူရဲ့ ပေးပို့မှုကတဆင့် ယူနိုက်တက်တို့ ပင်နယ်တီ ရခဲ့တာပဲဖြစ်ပါတယ် ။

ဖရက်ဒ် (7)

ဆိုးလ်ရှား ထွက်ခွာသွားတဲ့နောက် တစ်ပွဲထက် တစ်ပွဲပဲ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ် ။ ခံစစ်ရော တိုက်စစ်ကိုပါ အကျိုးပြုပေးနိုင်ခဲ့ပါတယ် ။

ဘရူနို (4)

နည်းပြသစ်တွေရဲ့ ကစားကွက်မှာ အံဝင်နိုင်ဖို့ အခက်တွေ့နေရဆဲပါပဲ ။ ဘောလုံးကိုင် ကစားပုံတွေက ယုံကြည်မှု ပျောက်ဆုံးသလို ဖြစ်နေခဲ့ပါတယ် ။

ဆန်ချို (5)

ဘောလုံး ရရှိတဲ့ အချိန်တွေမှာ တိုက်စစ်ဆင် ကစားပုံတွေက အားရစရာ ကောင်းခဲ့ပေမဲ့ ထိရောက်တဲ့ အကျိုး သက်ရောက်မှုတွေ မပေးဆောင်နိုင်ခဲ့ပါဘူး ။

ရပ်ရှ်ဖို့ (4)

ကံကောင်းစွာပဲ ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ် ။ ကစားအားကောင်းခဲ့ပေမဲ့ ပေးပို့မှုတွေ ညံ့နေခဲ့သလို ထိရောက်တဲ့ ကစားဟန် ၊ ခြိမ်းခြောက်မှုတွေ လုပ်ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြန်ပါတယ် ။

ရော်နယ်ဒို (7)

ပြိုင်ဖက် ဂိုးပေါက်ကို အခြိမ်းခြောက်နိုင်ဖို့ ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။ ကိုယ်တိုင် ပင်နယ်တီ ရယူသွားနိုင်ခဲ့သလို ဂိုးအဖြစ်လည်း ပြောင်းလဲပေးနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ဂရင်းဝုဒ် (6)
ဘိုင်လီ (5)
ဗန်ဒီ ဘိခ် (5)

#Sports_Myanmar