ယန်းဘွိုင်းစ်နဲ့ ပွဲစဉ်အပြီး စီနီယာ အသင်းမှာ ကစားပေးနိုင်စွမ်းရှိတဲ့ ကစားသမား နှစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ယန်းဘွိုင်းစ် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 1 – 1 ဆိုတဲ့ သရေ ရလဒ် ကို ရယူသွားနိုင်ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲစဉ် မတိုင်မီ ကတည်းက အုပ်စု အဆင့် 1 ဖြစ်ဖို့ သေချာနေခဲ့တဲ့အတွက် နည်းပြ ရန်းဂနစ်ဟာ ဒီပွဲမှာ အဓိက ကစားသမားတွေကို အနားပေးခဲ့ပြီး ဒဏ်ရာပြသနာမှ ပြန်လည် သက်သာလာသူ ၊ ပွဲထွက်ခွင့် နည်းပါးခဲ့သူတွေကို ပွဲထုတ်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ဒဏ်ရာ ပြသနာမှ ပြန်လည် သက်သာကောင်းမွန်လာခဲ့တဲ့ ဘယ်နောက်ခံလူ လုခ်ရှော က ပွဲချိန် 9 မိနစ်မှာပဲ အသင်းဖော် မေဆွန် ဂရင်းဝုဒ် အတွက် ဂိုးဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ ဒါကို ဂရင်းဝုဒ် ကလည်း ဂိုးဖြစ်အောင် လှလှပပ သွင်းယူပြနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ ယူနိုက်တက် နည်းပြ ရန်းဂနစ်ဟာ ဝါရင့် ဂိုးသမား တွန်ဟီတန် ၊ အကယ်ဒမီမှ လူငယ် ကစားသမားတွေကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ဒါပေမဲ့ ရလဒ်ဟာ ထူးခြားမှု မရှိခဲ့ပဲ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် နဲ့သာ ပြီးဆုံးသွားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က ယန်းဘွိုင်းစ် နဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးနောက် ဂိုးသွင်းယူခဲ့တဲ့ မေဆွန် ဂရင်းဝုဒ် ၊ ဂိုး ဖန်တီးပေးခဲ့တဲ့ လုခ်ရှော တို့ နှစ်ဦးသာ စီနီယာ အသင်းမှာ ပါဝင်နိုင်စွမ်း ရှိသူတွေ ဖြစ်ကြကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဂရင်းဝုဒ် နဲ့ လုခ်ရှော တို့ဟာ ထူးကဲတဲ့ စွမ်းဆောင်ရည်တွေကို ပြသသူတွေ ဖြစ်သွားနိုင်ခဲ့ကြပါတယ် ။ သူတို့က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အသင်းအတွက် ပွဲထွက်ကစားပေးနိုင်စွမ်း ရှိကြောင်းကို ပြသခဲ့ကြသူတွေပါပဲ ”

” ခင်ဗျား အနေနဲ့ အခုလို ပွဲထွက် ကစားသမား စာရင်းကို အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်တဲ့ အခါမှာ ဒါကို လုပ်ဖို့ မလွယ်ကူဘူးဆိုတာ သိထားဖို့ လိုအပ်ပါတယ် ။ ဒါက အသင်းကို လုံးဝ ပြောင်းလဲပွဲထုတ်လိုက်ခြင်းပါပဲ ။ ဒီလို လုပ်ဖို့ ခက်ခဲလှပါတယ် ”

” ခင်ဗျားတို့ကတော့ လူငယ် ကစားသမားတွေ ဝင်ရောက် ကစားပေးတာကို မြင်တွေ့ချင်ကြမှာပါပဲ ။ ဒါဟာ အသင်းဖက်က လုပ်သင့်တဲ့ အစိတ်အပိုင်း တစ်ခုပါ ။ ဒါပေမဲ့ သူတို့ အလုပ်ကို ပြီးမြောက်အောင် လုပ်ပြနိုင်ခဲ့သင့်ပါတယ် ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါ ပွဲစဉ် အပြီး အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့ အတွက် နောက်တစ်ဆင့်မှာ PSG ၊ အက်သလက်တီကို မက်ဒရစ် ၊ စပို့တင်း CP ၊ အင်တာ မီလန် ၊ ဘင်ဖီကာ ၊ ဆဲလ်ဘတ် အသင်းတို့ အနက်မှ တစ်သင်းသင်းနဲ့ တွေ့ရဖို့ ရှိနေပါတယ် ။

#Sports_Myanmar