မီလန်ကို နိုင်ခဲ့တဲ့ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ ပေါ်ပြူလာဖြစ်သွားခဲ့တဲ့ လီဗာပူးကစားသမားကို ထုတ်ဖော်လိုက်တဲ့ ကလော့

လီဗာပူးအသင်းဟာ မနေ့ညက ဆန်စီယိုမှာ အရန် ကစားသမား အများစု ပါဝင်တဲ့ အသင်းနဲ့ အေစီမီလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပွဲစဉ် အားလုံး အနိုင်ရရှိခဲ့တဲ့ ပထမဦးဆုံး အင်္ဂလန် ကလပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး နည်းပြ ယာဂန်ကလော့ဟာ သူ့အသင်းရဲ့ ဒီလို စွမ်းဆောင်ရည်အတွက် ဂုဏ်ယူလျက် ရှိနေပါတယ်။ တိုမိုရီဟာ မီလန်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့်လည်း ဆာလားဟာ ငါးမိနစ် အကြာမှာပဲ ပြန်လည် ချေပပေးခဲ့ပါတယ်။

အဲဒီနောက် ဒုတိယပိုင်းအစ ၁၀ မိနစ်မှာ မာနေးရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို အိုရီဂီက ခေါင်းတိုက်ကာ အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးဟာ မရဏအုပ်စု အုပ်စုမှာ ပွဲစဉ်အားလုံးကို အနိုင်ရခဲ့တာ ဖြစ်ပြီး အက်သလက်တီကို ကတော့ ပေါ်တိုကို ၃-၁ နဲ့ နိုင်ကာ ဒုတိယနေရာနဲ့ နောက်တဆင့် တက်ခဲ့ပါတယ်။

၆ ပွဲကစား ၁၈ မှတ်ထိ ရခဲ့တဲ့ အပေါ်ကလော့က “ကျွန်တော် ဒီအောင်မြင်မှုအတွက် တအားကို ဂုဏ်ယူပါတယ်။ ဒီပွဲစဉ်မတိုင်မီ ကျွန်တော်တို့ ဒီပွဲစဉ်ကို အနိုင်ရချင်တာကြောင့် ဒီ line-up ကို ရွေးချယ်ခဲ့တယ်လို့ ပြောခဲ့တဲ့ အချိန်မှာ အားလုံးဟာ အံ့သြတကြီး ဖြစ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ဒီနေ့မှာ လန်းဆန်းနေတဲ့ ကစားသမားတွေ အပြင် ဒီပွဲကို ဝင်ကစားချင်တဲ့ ဆန္ဒပြင်းပြနေတဲ့ ကစားသမားတွေကို လိုအပ်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ လာမည့် ပွဲစဉ်အတွက် အမြဲတမ်း on fire ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကောင်လေးတွေ ဒီည လုပ်ပြသွားခဲ့တဲ့ အပေါ် အရမ်းကို ဂုဏ်ယူမိပါတယ်။ သူတို့ အကောင်းဆုံး ကစားသွားခဲ့ပါတယ်။

ဒီညမှာ ကျွန်တော် မြင်တွေ့ခဲ့တဲ့ အရာတော်တော်များများ အတွက် အရမ်း ပျော်ရွှင်နေပါတယ်။ အမှန်ပါပဲ။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရခဲ့တာဟာ တကယ်ကောင်းပါတယ်။

ဒါပေမယ့် performance ကတော့ တကယ့်ကို ကောင်းလွန်းလှပါတယ်။ ဂိုးကန်သွင်းမှု ၂၁ ကြိမ်ထိ ရှိခဲ့တဲ့ အပြင် ကျွန်တော်တို့ဟာ လုံ့လအပြည့်နဲ့ ခံစစ်ကစားခဲ့ပြီး စုစည်းမှုလည်း ကောင်းခဲ့ပါတယ်။ ဒီညမှာ ကောင်းမွန်တဲ့ အရာတွေ အများအပြား မြင်ခဲ့ရပါတယ်။” လို့ ဆိုသွားပါတယ်။

နက်ဖီးလစ်ဟာ ဒီရာသီရဲ့ ပထမဦးဆုံး ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ စူပါစတား ဖြစ်သူ အီဗရာဟီမိုဗစ်ကို ငြိမ်သက်စေခဲ့ကာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။

ဒါ့အပြင် နက်ဖီးလစ်ဟာ ဒုတိယပိုင်းမှာ လီဗာပူးရဲ့ ပင်နယ်တီ အတွင်းကနေ ဖရန့်ကတ်ဆီ နဲ့ အီဗရာဟီမိုဗစ် တို့ press လုပ်တဲ့ ကြားထဲကနေ လှလှပပ လှည့်ထွက်ခဲ့ပြီး သူ့ရဲ့ skill ကို ပြသသွားခဲ့ပါသေးတယ်။

ကလော့က မီလန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီး အဝတ်လဲခန်းထဲမှာ ဖီးလစ်ရဲ့ ဒီ skill ဟာ ရေပန်းစားတဲ့ topic ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

ဒါနဲ့ ပက်သက်ပြီး ကလော့က “ပွဲရဲ့ အဲဒီ အဖြစ်အပျက်ကို ပြောတာလား။ အမှန်ပါပဲ။ သူဟာ ဒီပွဲမှာ အကောင်းဆုံး ကစား သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နက်ဖီးလစ် ဘာလုပ်သွားခဲ့သလဲ ဆိုတာကို အဝေးကနေ ဖြစ်နေတာကြောင့် ကျွန်တော် ကောင်းကောင်း မမြင်ခဲ့ရပါဘူး။

ကျွန်တော် အဲဒီ အဖြစ်အပျက်ကို ပြန်လည် ကြည့်ရှုဖို့ အတွက် မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ။ ကျွန်တော်တို့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး အဝတ်လဲခန်းထဲမှာ ပြောဆို ခဲ့ကြပြီးပါပြီ။ တကယ့်ကို ရှုပ်ထွေးတဲ့ စကေးပါပဲ။”

လီဗာပူးဟာ မီလန်နဲ့ ပွဲစဉ် အတွက် ပွဲထွက်ကစားသမား စာရင်းကို အပြောင်းအလဲ များစွာ လုပ်ခဲ့ပြီး ဝုဖ်ကို နိုင်ခဲ့တဲ့ ပွဲစဉ်က ဆာလား မာနေး နဲ့ အလီဆွန် တို့သာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

ကလော့က “ကျွန်တော်တို့ ကစားသမား ၈ ဦး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အလီကလည်း ဒီပွဲကို တအား ဝင်ကစားချင်ခဲ့ပါတယ်။ ဒါဟာ သူ ဘယ်လို လူမျိုးလဲ ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မို နဲ့ ဆာဒီယို တို့လည်း ဒီအတိုင်းပါပဲ။

ဒီပွဲမှာ သူတို့ဟာ ထူးချွန်စွာ ကစားခဲ့ကြပါတယ်။ သူတို့ရဲ့ အရည်အသွေး သူတို့ရဲ့ ကြံ့ခိုင်မှု စွမ်းရည် နဲ့ သူတို့ ခံစစ်ကို ဘယ်လောက်တောင် ကူညီပေးခဲ့သလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။

မိုဟာ ပထမဂိုးကို သွင်းယူခဲ့ပြီး ဆာဒီယို ကတော့ ဒုတိယဂိုး အတွက် sets up လုပ်ခဲ့ပါတယ်။ ဒီကောင်လေးတွေဟာ ဒီလိုမျိုး ကစားသမားတွေပါ။

ဒီညမှာတော့ လန်းဆန်းနေတဲ့ ကစားသမားတွေ နဲ့ သူတို့လို အရည်အသွေးရှိတဲ့ ကစားသမားတွေကို mix လုပ်ခဲ့ကာ တကယ့်ကို ကောင်းမွန်တဲ့ ပေါင်းစပ်မှု ဖြစ်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM