မန်ယူနိုက်တက် ၊ ချဲလ်ဆီး ၊ မန်စီးတီး တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခန့်မှန်းပေးလိုက်တဲ့ မိုက်ကယ်အိုဝင်

ချဲလ်ဆီး vs ဘရိုက်တန်

လွယ်ကူတဲ့ ပွဲစဉ် မဟုတ်ခဲ့ပေမယ့် ဗီလာနဲ့ပွဲကို အနိုင်ရခဲ့ခြင်းဟာ ချဲလ်ဆီးအတွက် တကယ့်ကို အရေးပါတဲ့ နိုင်ပွဲပါပဲ။ လူကာကူဟာ နောက်ပိုင်းပွဲတွေမှာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ဗီလာနဲ့ ပွဲမှာတော့ သူ့ရဲ့ ပုံစံကောင်းကို တွေ့ခဲ့ရပါတယ်။

သူဟာ တအားကို မြန်ကာ သန်မာလှပြီး သူ့ရဲ့ ရွေ့လျားမှုတွေဟာ ဗီလာခံစစ်ပိုင်းကို ပြသနာများစွာ ဖြစ်စေခဲ့ပါတယ်။ ချဲလ်ဆီးဟာ လူကာကူ ဒီလိုပုံစံကောင်း ရနေချိန်မှာ တကယ့်ကို ခြားနားတဲ့ အသင်း ဖြစ်သွားခဲ့ပါတယ်။

ဘရိုက်တန်ဟာ ခက်ခဲတဲ့ကာလကို ဖြတ်သန်းခဲ့ရပြီး ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ အတွက် ဂရေဟမ်ပေါ်တာ အနေနဲ့ စိတ်သက်သာရာ ရသွားမှာပါ။ ဘရိုက်တန်ဟာ အဆိုပါပွဲမှာ အရည်အသွေးမြင့် ဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး မူပေးဟာ အခုဆိုရင် ဒီရာသီ ၇ ဂိုး ရှိသွားပြီ ဖြစ်ပါတယ်။

သူဟာ လူတွေကြားမှာ ရေပန်းစားတဲ့ တိုက်စစ်မှုး မဟုတ်ပေမယ့် တကယ့်ကို အန္တရာယ် ပေးနိုင်တဲ့သူပါ။ ကျွန်တော်ကတော့ ချဲလ်ဆီးတို့ ဒီပွဲမှာ နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဘရိုက်တန်ဟာ စုစည်းမှု ကောင်းတာကြောင့် ပြတ်သားတဲ့နိုင်ပွဲ ဖြစ်လာမှာ မဟုတ်ပေမယ့် ချဲလ်ဆီးတို့ ၂ ဂိုးအသာနဲ့ နိုင်သွားမှာပါ။

ခန့်မှန်းချက် : 2-0

ဘရန့်ဖို့ဒ် vs မန်စီးတီး

ဘရန့်ဖို့ဒ်ဟာ ဘရိုက်တန်နဲ့ ပွဲမှာ ကစားပုံ ဆိုးရွားခဲ့ခြင်း မရှိဘဲ ခြေရည်တူ ကစားခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ လုံလောက်တဲ့ ဖန်တီးမှုတွေတော့ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော် အိုင်ဗန်တိုနီကို ကြိုက်ပါတယ်။

သူ့ရဲ့ ကစားပုံက တည်ငြိမ်ပြီး အဆုံးသတ်လည်း ကောင်းသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ပံ့ပိုးပေးမှုတွေ လိုအပ်ပါတယ်။ စီးတီးရဲ့ လက်ရှိ form ဟာ ရပ်တန့်ဖို့ မဖြစ်နိုင်သလောက်ပဲလို့ ကျွန်တော် ပြောလာခဲ့တာ ရက်သတ္တပတ် တော်တော်များများ ရှိနေပါပြီ။ သူတို့ဟာ ပွဲတွေကို အပြည့်အ၀ လွှမ်းမိုး ကစားထားနိုင်ပြီး ဂိုးရှေ့မှာ သူတို့ ကစားသမားတွေရဲ့ အရည်အသွေးဟာ စူပါပါပဲ။

ပက်အနေနဲ့ လက်စတာနဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ၃ ဂိုး ပေးခဲ့ရတဲ့ အပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေမှာပါ။ ဒါပေမယ့် စီးတီးရဲ့ ကစားပုံဟာ တကယ့်ကို ကောင်းမွန် ခဲ့ပါတယ်။

ဒီပွဲမှာတော့ ကျွန်တော် တစ်လမ်းပဲ မြင်မိပါတယ်။ ဘရန့်ဖို့ဒ်ဟာ ဂိုးရဖို့ ရုန်းကန် နေရပေမယ့် စီးတီးနဲ့ ရင်ဆိုင်ကစားရတာကတော့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ကျွန်တော်ကတော့ စီးတီးတို့ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : 3-0

မန်ယူနိုက်တက် vs ဘန်လေ

နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ကျွန်တော် ယူနိုက်တက်ရဲ့ ခြေစွမ်းကို ဒီထက် အများကြီး မျှော်လင့် ထားခဲ့တာပါ။ သူတို့ဟာ နှစ်ပတ်လောက် ကောင်းကောင်း ပြင်ဆင်ချိန် ရခဲ့တာကို စဉ်းစားကြည့်မယ် ဆိုရင် ဒါဟာ စိတ်ပျက်စရာ ခြေစွမ်း တစ်ခု ဖြစ်ခဲ့ပါတယ်။

အကယ်၍ သူတို့ ဒီအတိုင်းသာ ဆက်ကစားသွားမယ် ဆိုရင် ရာသီကုန်မှာ top 4 ဝင်နိုင်စရာ အကြောင်း လုံး၀ မရှိပါဘူး။ ကျွန်တော်ကတော့ အိုးထရပ်ဖို့ဒ်မှာ ယူနိုက်တက်ရဲ့ တုန့်ပြန်မှုကို မျှော်လင့်ထားပါတယ်။

ရှောင်ဒိုက်အနေနဲ့ ဇန်နဝါရီမှာ ကစားသမားသစ် တစ်ချို့ အားဖြည့်သွားဖို့ ရှာဖွေနေမှာ သေချာပါတယ်။ အထူးသဖြင့် အခု သူတို့မှာ လက်ကျန်တစ်ချို့ ကစားဖို့ ကျန်နေလို့ ဖြစ်ပါတယ်။ သူတို့ဟာ အိုးထရပ်ဖို့ဒ်မှာ ခံစစ်ကို ကျစ်လစ်အောင် ကစားကာ ယူနိုက်တက်ကို စိတ်ပျက်မှုတွေ ပေးသွားဖို့ ကြိုးစားသွားမှာပါ။

ဒီအသင်းရဲ့ အရည်အသွေးပိုင်း အားနည်းမှုကိုတော့ ကျွန်တော် စိတ်ပူမိပါတယ်။ ယူနိုက်တက်ဟာ ဘန်လေကို ဂိုးပြတ် ချေမှုန်းလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဘန်လေဟာ စုစည်းမှု တအားကောင်းလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ နိုင်ပွဲတော့ ရအောင် ကစားနိုင်ပါလိမ့်မယ်။

ခန့်မှန်းချက် : 2-1

SM