မန်ယူနိုက်တက် နဲ့ ပွဲမှာ ဆာကာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးကြောင်း အတည်ပြုလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အဖြစ် သောကြာနေ့မှာ မန်ယူနိုက်တက် အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ အာတီတာ ဟာ ဒီကနေ့ ညနေမှာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေကို အသိပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာ လက်ရှိ ဒဏ်ရာရ ကစားသမားတွေ အဖြစ် ရှာကာ ၊ ကိုလာစီနက် တို့ ရှိနေကြပြီး နယူးကာဆယ် နဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း အသေးစား ဒဏ်ရာ ရသူ တစ်ချို့ ရှိခဲ့ကြပါတယ် ။

အာတီတာ က ယူနိုက်တက် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” ရှာကာ နဲ့ ကိုလာစီနက်တို့ကတော့ ကစားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဘူကာရို ကလည်း သိပ်မသေချာသေးသလို နယူးကာဆယ် နဲ့ ပွဲမှာ အသေးစား ဒဏ်ရာ ရခဲ့သူတစ်ချို့လည်း ရှိနေပါတယ်။ ”

” ဒီနေ့ လေ့ကျင့်ရေး အစီအစဉ်မှာ ကစားသမားတွေ အားလုံးရဲ့ အခြေအနေ ကြည့်ကြည့် ရပါဦးမယ် ၊ သူတို့တွေ မနက်ဖြန် ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝ နေရရင်တော့ ဘယ်လူစာရင်း ကို ပွဲထုတ်မလဲဆိုတာ ရွေးချယ် ဆုံးဖြတ် သွားမှာပါ ။ ”

“သူ(ဆာကာ) ပါဝင် ကစားနိုင်ဖို့ မျှော်လင့်ထားပေမယ့် အခြေအနေတော့ မသိရသေးပါဘူး ၊ ဒဏ်ရာ အသေးစားလေးပဲ ဖြစ်နေရင်တောင်မှ ကစားတဲ့ အခါမှ သက်သောင့်သက်သာ ရှိဖို့က ပိုအရေးကြီးပါတယ် ၊ လေ့ကျင့်ရေးကွင်းမှာ ဆာကာ အခြေအနေ ဘယ်လို ရှိသလဲ ကြည့်ရပါမယ် ။ ”

ဆက်လက်ပြီး သတင်းထောက်တစ်ဦးက ဆာကာ ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထပ်မေးခဲ့ရာ အာတီတာ က ” ကျွန်တော်တို့ အသင်း အတွက် အပေါင်းလက္ခဏာ မဆောင်ဘူးဆိုရင် ကစားသမား တစ်ဦးကို အရဲစွန့် အသုံးပြု သွားမှာတော့ မဟုတ်ပါဘူး ။ ”

” ကစားနေရင်း ဒဏ်ရာ ရသွားခဲ့ရင် ကွင်းထဲကနေ ထွက်ခွာရမှာပါပဲ ၊ သူ(ဆာကာ) က ဆက်ကစားဖို့ ဆန္ဒ ရှိနေပေမယ့် သူ ဒဏ်ရာ ရသွားတယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ဒီဒဏ်ရာက၂၄ နာရီ ၊ ၇၂ နာရီ ဒါမှမဟုတ် တစ်နှစ်ပတ်လုံး နားရတာမျိုးလည်း ဖြစ်သွားနိုင်တယ်လေ ။ ”

” ဘူကာရို ကတော့ ကစားဖို့ စိတ်ဆန္ဒပြင်းပြ နေပါတယ် ၊ ပြီးခဲ့တဲ့ နှစ်ရက်စလုံး သူ လာမယ့်ပွဲအတွက် ပြင်ဆင် နေတာပါ ၊ ဘာကြောင့်လဲဆို သူ အသင်းအတွက် ကစားပေးချင်တာကြောင့်ပါ ၊ သူ အခြေအနေ ဘယ်လို ရှိမလဲ စောင့်ကြည့် ရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM