မန်စီးတီး နဲ့ ပွဲကို နည်းပြ အဖွဲ့ဝင် အင်အား နည်းပါးစွာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ အာဆင်နယ်

၂၀၂၂ နှစ်သစ်မှာ ကစားရမယ့် မန်ချက်စတာ စီးတီး အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲကို အာဆင်နယ် နည်းပြ အာတီတာ အပါအဝင် နည်းပြ အဖွဲ့ဝင် အမြောက်အမြား လွဲချော် သွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့မှာ အာဆင်နယ် အသင်းဟာ နည်းပြ အာတီတာ တစ်ယောက် Covid-19 positive ဖြစ်နေတာကြောင့် တစ်ဦးတည်း သီးသန့် နေထိုင်နေပြီး မန်ချက်စတာ စီးတီး အသင်း နဲ့ ပွဲကို ကြီးကြပ် ကိုင်တွယ် နိုင်မှာ မဟုတ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါတယ် ။

အာတီတာ ဟာ မတ်လ ၂၀၂၀ တုန်းကလည်း Covid -19 positive ဖြစ်ခဲ့ဖူးပြီး အခု အခါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ် ။ အာတီတာ ဟာ ဒီရက်သတ္တပတ် အတွင်း ဂျာရတ် ၊ ဗီအဲရာ ၊ အက်ဒီဟောင်း တို့ ပြီးနောက် Covid-19 positive ဖြစ်တဲ့ စတုတ္တမြောက် နည်းပြပါ ။

အခု အခါမှာလည်း Telegraph ရဲ့ဖော်ပြချက် အရ အာဆင်နယ် အသင်း ရဲ့တခြား နည်းစနစ် နည်းပြ အဖွဲ့ဝင်တွေဟာလည်း Covid-19 positive ဖြစ်နေကြပြီး မန်ချက်စတာ စီးတီး အသင်း နဲ့ ပွဲမှာ ပါဝင် နိုင်မှာ မဟုတ်ကြောင်း သိရပါတယ် ။

 

အာတီတာ ရဲ့ လက်ထောက် တစ်ဦး ဖြစ်တဲ့ စတီဗင်ရောင်း ကလည်း နောဝှစ် နဲ့ ပွဲကတည်းက အာဆင်နယ် အသင်း နဲ့ အတူ မရှိနေနိုင်တာ ဖြစ်ပါတယ် ။

ဒါကြောင့် အာတီတာ ရဲ့ လက်ထောက်နည်းပြ အဲလ်ဘတ် စတက်ဗင်ဘာဂျ့် ဟာ မန်ချက်စတာ စီးတီး အသင်း နဲ့ ပွဲကို ကြီးကြပ် ကိုင်တွယ် သွားမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နောဝှစ် စီးတီး နဲ့ ပွဲတုန်းကလည်း အာဆင်နယ် အသင်းက တိုမီယာစု ၊ နိုင်းလ်စ် ၊ ချိန်ဘာ ၊ ဆယ်ဒရစ် တို့ဟာ Covid19 positive ဖြစ်နေကြတာကြောင့် ပါဝင် ကစား နိုင်ခဲ့ခြင်း မရှိပါဘူး ။

ဒီတစ်ပတ် မန်စီးတီး နဲ့ ပွဲမတိုင်မှီ အာဆင်နယ် အသင်းရဲ့ စီနီယာ ကစားသမားတွေ ရဲ့ အခြေအနေကိုတော့ သိရှိ ရခြင်း မရှိသေးဘဲ မနေ့က လေ့ကျင့်ရေး အစီအစဉ်မှာတော့ ပွဲထွက် ကစားသမား အများစု နဲ့ လူငယ်တွေကို တွေ့ရပါတယ် ။

SM