မန်ချက်စတာ ယူနိုက်တက် အသင်းကို တိုးတက်စေနိုင်မယ့် ချဲလ်ဆီး ကစားသမားအမည်ကို ထုတ်ပြောချီးမွမ်းလိုက်တဲ့ ပေါလ် ပါကား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ပေါလ် ပါကား ချဲလ်ဆီး နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ အသင်းကို ပြည့်စုံစေမဲ့ ကစားသမားမျိုးဖြစ်ကြောင်း ၊ ဒါပေမဲ့ ဒီအပြောင်းအရွှေ့ ဖြစ်ခဲ့ရင်လည်း ကစားသမားဖက်က အထူး ကြိုးစားဖို့ လိုအပ်ဦးမှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ အန်တိုနီယို ရူဒီဂါဟာ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အခုထက်ထိ သူ့ရဲ့ အနာဂတ် ဘယ်မှာ ရှိနေမလဲ ဆိုတာ ရေရာသေချာခြင်း မရှိသေးပါဘူး ။

လက်ရှိ အချိန်မှာ သူ့ကို ခေါ်ယူဖို့ အတွက်တော့ ဥရောပ ထိပ်သီး ကလပ် အများစုက စိတ်ဝင်စား နေကြပါတယ် ။ အဲ့ဒီထဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း စိတ်ဝင်စားမှုကို ပြသနေခဲ့တဲ့ အသင်းတစ်သင်းအဖြစ် ပါဝင်နေခဲ့ ပါတယ် ။

ယူနိုက်တက် ဂန္ဓဝင် ပေါလ် ပါကား ကတော့ ဗာရန်း နဲ့ ရူဒီဂါ တို့ရဲ့ ခံစစ် အတွဲဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို တကယ်ပဲ ပိုမို ကောင်းစေလိမ့်မယ်လို့ ယုံကြည်ကြောင်း ၊ ဒါပေမဲ့ ကစားသမား ဖက်က လုပ်အားတွေ အများကြီး ပြသဖို့ လိုအပ်လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” အကယ်လို့ သူဟာ ချဲလ်ဆီး အသင်းမှာပဲ ဆက်ရှိနေဦးမယ်ဆိုရင် အသင်းအပေါ် အရမ်းကြီး လွှမ်းမိုးနိုင်စွမ်း ရှိနေဦးမှာ ဖြစ်သလို ပရိသတ်တွေကလည်း idol တစ်ဦးလို ဆက်ဆံကြဦးမှာ အသေအချာပါပဲ ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာမယ်ဆိုရင်တော့ ရည်မှန်းချက် ကြီးမားဖို့ လိုအပ်နေပါလိမ့်မယ် ”

” သူ ဘာကြောင့် အသင်းပြောင်းမလဲဆိုတာ ကျွန်တော် သိသလို သူဟာ အပြောင်းအလဲတွေကို လုပ်ဆောင်ပေးနိုင်တဲ့ ကစားသမား ဖြစ်ကြောင်းလည်း ကျွန်တော် သိနေပါတယ် ။ အကယ်လို့ ဗာရန်းရဲ့ အနားမှာ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားမယ်ဆိုရင် တကယ့်ကို ခြားနားချက်တွေ ဖြစ်စေပါလိမ့်မယ် ”

” အသင်းရဲ့ ခံစစ်ဟာ တကယ့်ကို မြန်ဆန်နေပါလိမ့်မယ် ။ ကျွန်တော်တို့ဟာ အသင်းရဲ့ ခံစစ်မှာ ကမ္ဘာ့ ချန်ပီယံ ၊ ချန်ပီယံလိဂ် ဖလားတွေ ဆွတ်ခူးထားတဲ့ ကစားသမားမျိုးနဲ့ old school ပုံစံ ကစားဟန်မျိုးနဲ့ အသင်းကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင် ကစားသမားရဲ့ ပူးပေါင်းမှု အကြောင်းကို ပြောနေကြတာပါ ”

” ရူဒီဂါဟာ အော်ဟစ် ကြိမ်းမောင်းနိုင်သလို လူတွေကို ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ ခံစစ်မှူးမျိုး တစ်ဦးပါပဲ ။ လူတွေ ကောင်းကောင်း မကစားကြရင် သူက လိုက်လံအော်ဟစ်တတ်တဲ့ လူစားမျိုးပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်က အမှားတွေ အများကြီး ကျူးလွန်တတ်တဲ့လူမျိုးမဟုတ်လို့ ပါပဲ ”

” သူဟာ အသင်းရဲ့ ခံစစ်ကြောင်းမှာ အလုပ်တွေကို ရိုးရှင်းစွာ လုပ်ဆောင်တတ်တဲ့ ကစားသမားတစ်ဦးပါ ။ သူက ယူနိုက်တက် အတွက်တော့ တကယ့်ကို perfect ဖြစ်စေနိုင်တဲ့ ကစားသမားကောင်း တစ်ဦးပါပဲ ” လို့ ပေါလ် ပါကား ပ အမွှမ်းတင် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar