မန်ချက်စတာ ယူနိုက်တက် မှာ ဂရင်းဝုဒ် ရဲ့ တက်လမ်းကို ပိတ်နေသလို ဖြစ်နေတဲ့ အသင်းဖော်တယောက် ရှိကြောင်း ပေါလ်ပါကား သုံးသပ်ပြောဆို

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပေါလ် ပါကား က မားကပ် ရက်ဖိုဒ့် ဟာ မန်ချက်စတာ ယူနိုက်တက် မှာ မေဆင် ဂရင်းဝုဒ် ရဲ့ တက်လမ်း ကို ပိတ်ဆို့ ထားသလို ဖြစ်နေပြီး ဒါဟာ ဂရင်းဝုဒ် အတွက် မကောင်းတဲ့ အရာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဂရင်းဝုဒ် ဟာ ယူနိုက်တက် နည်းပြသစ် ရန်းနစ် ကိုင်တွယ်တဲ့ ၂ ပွဲစလုံးမှာ အရန်ခုံ ထိုင်ခဲ့ရပြီး ရက်ဖိုဒ့် ကတော့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့် ရရှိခဲ့ ပါတယ် ။

ဒါပေမယ့် ဒီရာသီမှာ ဂရင်းဝုဒ် ဟာ ရက်ဖိုဒ့် ထက် အချိန် ကြာကြာ ကစားထားရသလို ၄ ဂိုးအထိ သွင်းယူ ပေးထား ခဲ့ပါတယ် ။ ရက်ဖိုဒ့် ကတော့ ဒဏ်ရာက ပြန်လည် သက်သာလာ အပြီးမှာ ၂ ဂိုး သွင်းထားခဲ့ ပါတယ် ။

ပေါလ် ပါကား ကတော့ ဂရင်းဝုဒ် အနေနဲ့ ရှေ့ လာမယ့် ပွဲတွေမှာ ကစားခွင့်တွေ ပိုမို ရရှိဖို့ မျှော်လင့် ထားကြောင်း ပြောဆို ခဲ့ပြီး အသင်းပြောင်းဖို့ စိတ်ကူး နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာမှု အပေါ် ကိုတော့ မဖြစ် နိုင်ကြောင်း ထင်မြင်ချက် ပေးသွားခဲ့ ပါတယ် ။

 

“ရက်ဖိုဒ့် က မေဆင် ( ဂရင်းဝုဒ် ) ရဲ့ တက်လမ်းရှေ့မှာ ပိတ်နေသလို ဖြစ်နေပါတယ် ။

ဂရင်းဝုဒ် က ယူနိုက်တက် မှာ ပုံမှန်လေး ကစားခွင့် ရဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လည်း ဆိုတော့ သူက လူငယ်မလို့ပါ ။

လူငယ် ကစားသမား တယောက် အတွက် ကစားချိန် များများ ရဖို့က အရေးကြီးပါတယ်”

“အဲ့ဒိလိုမှ မဟုတ်ရင် သူတို့ရဲ့ ယုံကြည်ချက်တွေ က ကျသွားတတ် တာကြောင့်ပါ ။

လူငယ်တွေ ဆိုတာ သင်ယူ လေ့လာချင်စိတ် ပြင်းတဲ့ အရွယ်တွေပါ ။ သူတို့ က မေးခွန်းတွေ မေးတတ် ကြတယ် ၊ ရှေ့က လူတွေ လုပ်တာကို လိုက်လုပ် ကြည့်ချင် ကြတယ် ၊ သူတို့ ကိုယ်ပိုင် တီထွင် ကြံဆ ထားတာတွေ ကိုလည်း စမ်းကြည့်ချင် ကြပါတယ် ။

ဒါတွေ ကနေပဲ သူတို့ လေ့လာ သင်ယူ သွားကြရတာပါ ။

ဒါကြောင့် ပွဲ ကစားချိန် များများ ရဖို့က ဂရင်းဝုဒ် တို့လို လူငယ်တွေ အတွက် အရမ်း အရေးကြီးပါတယ်”

“ယူနိုက်တက် အနေနဲ့ ဂရင်းဝုဒ် ကို သေချာ ကိုင်တွယ်ပေးဖို့ လိုမှာပါ ။ သူ့ကို လူစားထည့် ကစားရုံပဲ မဟုတ်ပါဘူး ၊ ပွဲထွက် ကစားသမား အဖြစ်နဲ့ ပါ ကစားခိုင်းပြီး သူ့ရဲ့ ယုံကြည်မှု ကို ပိုကောင်းလာအောင် ၊ သူ ဘယ်လောက်ထိ လုပ်နိုင်သလဲ ဆိုတာ သိရအောင် ကစားခိုင်း သင့်တယ်လို့ ထင်ပါတယ် ။

အခု သူ အသင်းပြောင်းချင်တယ် ဆိုပြီး အသံထွက်လာတာတွေ ကတော့ သူ့ အေးဂျင့် ရဲ့ ကစားကွက်တွေပဲလို့ ကျွန်တော် ထင်ပါတယ်” လို့ ပေါလ် ပါကား က ပြောဆို သွားခဲ့ ပါတယ် ။

ရန်းနစ် ဟာ ဂရင်းဝုဒ် ကို ယန်းဘွိုင်းစ် နဲ့ ၁ ဂိုးစီ သရေ ကျခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်က မြေမကျ သွင်းဂိုး အတွက် ချီးကျုး ခဲ့ဖူးပြီး အင်္ဂလန်သားလေးရဲ့ အရည်အသွေး ကောင်းမွန်မှု ကို ထုတ်ဖော် ပြောဆို ခဲ့ဖူး ပါတယ် ။

 

“သူ ( ဂရင်းဝုဒ် ) က အရည်အသွေးကောင်းတွေ ပဲ ရှိတာ မဟုတ်ပါဘူး ၊ လှပတဲ့ ဂိုးတွေ ကိုလည်း သွင်းနိုင် ပါတယ် ။ မာတာ အတွက် သူ ခင်းပေး လိုက်တဲ့ အလုံး ကလည်း တကယ် ကောင်းခဲ့တာပါ ။

သူက ဘယ်ရောညာပါ ကောင်းကောင်း သုံးနိုင်ပါတယ် ။ ကိုယ်တိုင် သွင်းနိုင်သလို ဖန်တီးမှုလည်း လုပ်နိုင်သူပါ ။ ကာယပိုင်းမှာ တိုးတက်ဖို့ လိုသေးပါတယ် ၊ ဒါပေမယ့် နည်းစနစ် ပိုင်း အရ ဆိုရင်တော့ သူ့အသက်အရွယ်မှာ တော်တော်လေး ကောင်းနေပြီလို့ ပြောရမှာပါ” လို့ ရန်းနစ် က ထုတ်ဖော် ပြောဆို ခဲ့ဖူး ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ကိုဗစ်ပိုး ကူးစက် ခံရမှုကြောင့် ဘရန့်ဖိုဒ့် ၊ ဘရိုက်တန် တို့နဲ့ ကစားမယ့် ပွဲတွေကို ရွှေ့ဆိုင်း ခဲ့ရပြီး ယမန်နေ့က တော့ လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ် ခဲ့ကြပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ဘောက်ဆင်ဒေး ကာလ မှာ နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR