မန်ချက်စတာ ယူနိုက်တက်ဟာ သူ့ရဲ့ ဖေးဘရိတ် အသင်းပါလို့ ဖွင့်ပြောလိုက်တဲ့ လက်ပ်ဇစ် ကွင်းလယ်လူ

RB လက်ပ်ဇစ် အသင်းရဲ့ ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်သူ အမာဒူ ဟိုက်ဒါရာ က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ အကြိုက်ဆုံး အသင်း တစ်သင်း ဖြစ်ကြောင်း ၊ ဒါပေမဲ့ ဆောင်းရာသီမှာ ပြောင်းရွှေ့ဦးမှာတော့ မဟုတ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

အမာဒူ ဟိုက်ဒါရာ ဆိုတာ 2019 ခုနှစ် တုန်းက RB ဆဲလ်ဘတ် အသင်းမှRB လက်ပ်ဇစ် အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မကြာမီမှာပဲ ဂျာမန် လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦး ဖြစ်သွားနိုင်ခဲ့ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သူ့လို ကွင်းလယ် ကစားသမားမျိုး လိုအပ်နေတာပဲ ဖြစ်ပြီး RB လက်ပ်ဇစ် နည်းပြဟောင်း ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် ကလည်း သူ့လို ကွင်းလယ် ကစားသမားမျိုးကို နှစ်သက်တာပဲ ဖြစ်ပါတယ် ။

အခုတော့ မာလီ နိုင်ငံသား ကစားသမားဖြစ်သူ ကိုယ်တိုင်က သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတွ တစ်ဦး ဖြစ်ကြောင်း ၊ ဒါပေမဲ့ ပြောင်းရွှေ့ဖြစ်ဦးမှာ မဟုတ်သေးကြောင်း အရိပ်အမြွတ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ဟာ ရော်နယ်ဒို ၊ စခိုးလ် နဲ့ အီဗရာ တို့ရဲ့ အမာခံ ပရိသတ် တစ်ဦးပါ ။ လူတိုင်းမှာ ငယ်စဉ် ကတည်းက အားပေးတဲ့ အသင်းမျိုး ရှိတတ်ပါတယ် ။ ကျွန်တော့်ရဲ့ ဖေးဘရိတ် အသင်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ပါပဲ ”

” ကျွန်တော်ဟာ ခရစ္စတီယာနို ရော်နယ်ဒို ၊ ပေါလ် စခိုးလ် ၊ ပတ်ထရစ် အီဗရာ ၊ ဗန်ဒါဆား ၊ အီဒါဆန် တို့ရဲ့ အမာခံ ပရိသတ် ဖြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ လက်တလောမှာ ထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းတွေကို ကြည့်လိုက်မယ်ဆိုရင်… ကျွန်တော် လက်ပ်ဇစ် အသင်းသားပါ ။ ဒီမှာ သက်သောင့်သက်သာ ခံစားနေရပါတယ် ”

” ဟုတ်ပါတယ် ၊ ရဲ့လ်ဖ် ( ရန်းဂနစ် ) ဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝ တစ်လျှောက် တကယ့်ကို အရေးပါသူ ဖြစ်ခဲ့ပါတယ် ။ ဒါကို မေ့လို့မရပါဘူး ။ လက်ပ်ဇစ် အသင်း ကျွန်တော့်ကို ခေါ်ယူခဲ့စဉ် တုန်းက ကျွန်တော်ဟာ ဒဏ်ရာ ပြသနာ ရှိနေခဲ့ပါသေးတယ် ”

” ဒါပေမဲ့ ကျွန်တော် အကောင်းဆုံး ပြန်လာရမယ်ဆိုပြီး ရဲ့လ်ဖ် က တွန်းအားပေးခဲ့ပါတယ် ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော် ဒီလို ဖြစ်လာနိုင်မယ်လို့ တကယ်ပဲ မမျှော်လင့်ခဲ့ပါဘူး ။ ဒါပေမဲ့ ကျွန်တော် သူ့ကို အရမ်းပဲ ကျေးဇူးတင်ပါတယ် ။ သူ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကို တကယ်ပဲ လိုချင်ခဲ့တယ်လေ ”

” လက်ပ်ဇစ် အသင်းမှာတော့ သူဟာ ကျွန်တော့်ကို တကယ့် ယုံကြည်မှုတွေ ပေးဆောင်နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူဟာ RB လက်ပ်ဇစ် အသင်းမှာပဲ ဆက်နေဖို့ နာဂယ် စမန်း လက်အောက်မှာ အလုပ်လုပ်ဖို့ မှာခဲ့ပါသေးတယ် ” လို့ အမာဒူ ဟိုက်ဒါရာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar