မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ် ပြသနာကို ဖြေရှင်းပေးနိုင်စွမ်းရှိတဲ့ ကစားသမား 3 ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ ဆိုးလ်ရှား ရှိခဲ့စဥ် ကတည်းက ကွင်းလယ် ပြသနာကို ဖြေရှင်းဖို့ အတွက် ဆန္ဒရှိခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် အသင်းဟာ ကွင်းလယ် ခံစစ် နေရာမှာ ပင်တိုင် ကစားပေးနိုင်တဲ့ ကစားသမား လိုအပ်နေခဲ့ပါတယ် ။

အဲ့ဒီပြသနာက ကာရစ် ၊ ရန်းဂနစ် တို့ရဲ့ လက်အောက်မှာ ဆက်လက် ရှိနေဆဲပါပဲ ။ ယူနိုက်တက် အသင်းဟာ ဘောလုံံး မရှိတဲ့ အချိန်မှာ အကောင်းဆုံး ကစားပေးနိုင်တဲ့ ၊ အသင််းရဲ့ ခံစစ်ကို အကာအကွယ် ပေးနိုင်တဲ့ ကစားသမားမျိုး လိုအပ်နေတာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ညနေခင်း သတင်းက အသင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက် ပေးနိုင်တဲ့ ကစားသမား 3 ဦး အမည်ကို ဖော်ပြပေးလိုက်ပါတယ် ။

မာမွတ် ဒါဟုဒ် (ဒေါ့မွန်)
25 နှစ်

2017 ခုနှစ် တုန်းက မိုချန်ဂလာဘတ် အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသခဲ့ချိန်မှာ မန်ချက်စတာ အခြေစိုက်် ထိပ်သီး ကလပ် နှစ်သင်းဟာ သူ့ကို ခေါ်ယူနိုင်ဖို့ အတော််လေး စိတ်ဝင်စားခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ သူ ကိုယ်တိုင်က ဘွန်ဒက်စ် လီဂါမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

အဲ့ဒီနောက် ဒေါ့မွန် အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ ကစား သမားဟာ အထူးပုံစံကောင်းတွေကို ဆက်တိုက်ပြသနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူဟာ ပြီးဆုံးခဲ့တဲ့ အချိန် 12 လ အတွင််းမှာ အသင်းရဲ့ နည်းပြ ဖြစ်သူနဲ့ အစေးမကပ်တဲ့ ပုံစံတွေ ဖြစ်ပေါ်နေခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ သူဟာ အသက် 25 နှစ် ရှိနေပြီ ဖြစ်တဲ့အတွက် နိုင်ငံရပ်ခြားကို သွားရောက် ကစားနိုင်ဖို့ တွေးတောကောင်း တွေးတောနေလောက်ပါပြီ ။ ဒီလိုအချိန််မှာ ကွင်းလယ် ခံစစ်နေရာ အကောင်းဆုံး ပေးနိုင်တဲ့ ကစားသမားကို ယူနိုက်တက်တို့ အရ ခေါ်ယူနိုင်ခွင့် ရှိနေတာ အသေအချာပါပဲ ။

ဖရန့် ကတ်ဆီ ( AC မီလန် )
25 နှစ်

အရည်အသွေးကောင်းတွေ ပိုင်ဆိုင်နေပြီး စီးရီးအေမှာ နှစ်စဥ် ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကစားသမားဟာလည််း ဥရောပရဲ့ အကောင်းဆုံးသော ကွင်းလယ်ခံစစ်ကစားသမားဝင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ် ။

သူဟာ ဒီနွေမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးဖို့ ရှိနေပြီး စာချုပ် သက်တမ်း ထပ်တိုးဖို့လည်း ဆန္ဒ ရှိမနေဘူးလို့ သိနေရပါတယ် ။ ဒါ့ကြောင့် သူဟာ ဇန်နဝါရီမှာပဲ နိုင်ငံရပ်ခြား အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင််းနိုင်ခွင့် ရရှိသွားမှာပဲ ဖြစ်ပါတယ် ။

ကတ်ဆီဟာ သန်မာသလို လျင်မြန်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပြီး ယူနိုက်တက်တို့ လိုချင်နေတဲ့ ကစားသမားမျိိုးလည်း ဖြစ်နေခဲ့ပါတယ် ။ ဒါ့အပြင် ဘောလုံး ပေးပို့မှု ​အောင်မြင်ခြင်း ရာခိုင်နှုန်း 88.9 ရာခိုင်နှုန်းထိ ရှိနေတဲ့ ကစားသမားဟာ ယူနိုက်တက်ရဲ့ ကွင်းလယ်ပြသနာကို ဖြေရှင်းပေးနိုင်စွမ်းရှိနေတာ အသေအချာပါပဲ ။

ဘစ်ဆူမား ( ဘရိုက်တန် )
25 နှစ်

ဥရောပ ထိပ်သီး ကလပ်ဆီ ပြောင်းရွှေ့ဖို့ ရေပန်းစားနေတဲ့ နောက်ထပ် ကစားသမား တစ်ဦးကတော့ ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူမား ပဲ ဖြစ်ပါတယ် ။ သူဟာလည်း အထက်ပါ ကစားသမား နှစ်ဦး နည်းတူ အသက် 25 နှစ်ပဲ ရှိနေပါသေးတယ် ။

သူဟာ လိုင်လီမှ ဘရိုက်တန် အသင်းဆီ ပြောင်းရွှေ့ပြီး ကတည်းက အသင်းအတွက် ပွဲစဥ်တိုင်း ပါဝင် ကစားပေးရသူ တစ်ဦး ဖြစ်နိုင်ခဲ့ပြီး အသင်းရဲ့ ခံစစ်ကို ကျစ်လျစ်စေရေးမှာ တကယ့်ကို အရေးပါသူ တစ်ဦး ဖြစ်နိုင်ခဲ့ပါတယ် ။

သူဟာ အင်္ဂလန်မှာ ကစားတာ 5 နှစ် ရှိနေပြီ ဖြစ်တဲ့အတွက်် ပရီးမီးယားလိဂ် ပြိုင်ပွဲ အကြောင်းကိုလည်း ​ကောင််းကောင်း သိရှိထားသူ ဖြစ်နေတဲ့ အတွက် ယူနိုက်တက်တို့ရဲ့ ဦးစားပေး ပစ်မှတ် ကစားသမား ဖြစ်သွားနိုင်ဖွယ် ရှိနေတယ်လို့ ထင်ကြေးပေးခံနေရပါတယ် ။

#Sports_Myanmar