မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်မယ့် ပွဲစဉ်မတိုင်မီ ပြိုင်ဖက် နည်းပြ ရန်းဂနစ် အပေါ် မှတ်ချက်ပေးလိုက်တဲ့ နယူးကာဆယ် နည်းပြ အက်ဒီ ဟိုဝီ

နယူးကာဆယ် အသင်းရဲ့ နည်းပြဖြစ်သူ အက်ဒီ ဟိုဝီက လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ်အား ဘောလုံး ပွဲစဉ်တွေကို တီထွင်ဆန်းသစ်စေသူလို့ ခေါ်ဝေါ်ရင်း အမွှမ်းတင်ချီးကျူးသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် တို့ဟာ ဒီတစ်ပါတ်မှာတော့ ထိပ်တိုက် ရင်ဆိုင် ကစားရဖို့ ရှိနေကြပြီး ဒါဟာ ဧည့်သည် အသင်းအတွက်တော့ 16 ရက်ကြာ နားပြီးမှ ပွဲစဉ်တွေကို ပြန်လည် စတင် ကစားခြင်း ဖြစ်ခဲ့ရ ပါတယ် ။

 

ဒါဟာ ရဲ့လ်ဖ် ရန်းဂနစ် အတွက်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တာ 4 ပွဲမြောက် ပွဲစဉ်ပဲဖြစ်ပါတယ် ။ ရန်းဂနစ် ဟာ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် 3 ပွဲမှာ 2 ပွဲနိုင် ၊ 1 ပွဲ သရေ ရလဒ် ထွက်ပေါ်အောင် လုပ်ဆောင်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

အသက် 63 နှစ် ရှိနေပြီ ဖြစ်တဲ့ ဂျာမနီ နိုင်ငံသား နည်းပြဟာ ယခင်တုန်းက ဂျာမန်မြေမှာ ဖိအားပေး တိုက်စစ်ဆင် ကစားတဲ့ ကစားဟန်ကို စွန့်ဦးတီထွက် အသုံးပြုခဲ့သူဖြစ်ပြီး ယာဂင် ကလော့ပ် ၊ သောမတ်စ် တူချယ် ၊ ဂျူလီယန် နာဂယ်စမန်း တို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ် ။

အခုတော့ နယူးကာဆယ် အသင်းရဲ့ နည်းပြဖြစ်သူ အက်ဒီ ဟိုဝီ ကလည်း ဂျာမန်သားကို လေးစားတဲ့ နည်းပြတွေထဲက တစ်ဦး အဖြစ် ပါဝင်ပုံ ပေါ်နေပြီး ခရစ္စမတ် ပြီးတာနဲ့ ရင်ဆိုင် ကစားရမဲ့ ပြိုင်ဖက် အသင်းရဲ့ နည်းပြ ဖြစ်သူကို အမွှမ်းတင်ခဲ့လိုက် ပါတယ် ။

” သူဟာ ယဉ်ကျေးမှုအစဉ်အလာတွေကို ပြောင်းလဲပေးခဲ့တဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်ပြီး အိုင်ဒီယာ အသစ်တွေကို ဘောလုံးလောကဆီ ယူဆောင်လာခဲ့သူ တစ်ဦးပါပဲ ။ သူဟာ ဘောလုံး ပွဲစဉ်တွေကို တကယ်ပဲ တီထွင်ဆန်းသစ်ခဲ့သူ တစ်ဦးပါပဲ ”

” သူဟာ လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ကျွန်တော် စကားတွေ ပြောဖြစ်ခဲ့ဖူးတဲ့ ၊ အရမ်းကို လေးစားနေရတဲ့ နည်းပြ တစ်ဦးပါပဲ ” လို့ အက်ဒီ ဟိုဝီ က ဒီတစ်ပါတ် ရင်ဆိုင်ရမယ့် ပြိုင်ဖက် နည်းပြ ဖြစ်သူကို အမွှမ်းတင် ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုဗစ် ရောဂါဒဏ်ခံခဲ့ရတဲ့ အတွက် ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက ဘရန်းဖို့ဒ် ၊ ဘရိုက်တန် အသင်းတွေနဲ့ ကစားရမယ့် ပွဲစဉ်တွေကို ကစားခွင့် ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ် ။ အခုတော့ 16 ရက် အကြာမှာ ယူနိုက်တက်တို့ ပွဲစဉ် စတင် ကစားရတော့မှာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar