ဘောက်ဆင်ဒေးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘာဘာတော့ဖ်ရဲ့ ခန့်မှန်းချက်များ

ကိုဗစ် အကျပ်အတည်းကြောင့် ဒီတစ်ပတ်မှာ ပွဲစဉ် ၃ ပွဲကို ဖျက်သိမ်းခဲ့ရပေမယ့်လည်း ပရိတ်သတ်တွေ အတွက် ရင်ခုန်စရာ ပွဲစဉ်တွေကတော့ ရှိနေပါသေးတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ဘာဘာတော့ဖ်ဟာ ဘောက်ဆင်ဒေးမှာ ကစားသွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ကို ယခုလိုပဲ ခန့်မှန်းပေးလိုက်ပါတယ်။

၁~တော့တင်ဟမ် vs ပဲလေ့စ်

စပါးဟာ top 4 နေရာကို ရယူသွားဖို့ အတွက် နေရာကောင်းမှာ ရှိနေပါတယ်။ သူတို့ဟာ လက်ကျန် ၃ ပွဲ ကစားဖို့ ကျန်နေသေးပြီး ဒါဟာ သူတို့အတွက် အဓိက အခွင့်အရေး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ကနေ စတင်ကာ အရှိန်အဟုန်ကောင်းကို တည်ဆောက်သွားရမှာပါ။ ဒါဟာ သူတို့ အနိုင်ရနိုင်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ရတဲ့ အခွင့်အရေးတွေကို အသုံးချသွားဖို့တော့ လိုအပ်ပါတယ်။

ခန့်မှန်းချက် : 2-1

၂~နော့ဝှစ် vs အာဆင်နယ်

နော့ဝှစ်ဟာ ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပြီး သူတို့ ဒီနှစ် တန်းဆင်းဇုန်ကနေ လွတ်ကင်းလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ အာဆင်နယ်ဟာ တစ်ဖြည်းဖြည်း strong ဖြစ်လာကာ အာတီတာ နဲ့ အသင်းမှာ ရှိတဲ့ သူတွေအားလုံး ဒီအနေအထားကို ကျေနပ်နေမှာပါ။

ရာသီအစက ပွဲစဉ် ၃ အပြီးမှာ သူတို့ဟာ ဇယားအောက်ဆုံးမှာ ရှိနေခဲ့တာ ဖြစ်ပြီး လူတော်တော်များများ ယခုလိုမျိုး လုပ်ပြနိုင်လိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒီပွဲမှာ နိုင်တဲ့ အသင်း ၁ သင်းပဲ မြင်မိပါတယ်။

ခန့်မှန်းချက် : 0-2

 

၃~မန္စီးတီး vs လက္စတာ

မန်ချက်စတာစီးတီး အသင်းဟာ အရည်အသွေးပိုင်းမှာ တအားကို မြင့်မားလျက် ရှိနေပါတယ်။ လက်စတာဟာ ဒီရာသီမှာ အတက်အကျတွေ ရှိနေခဲ့ပြီး ဒီရာသီရဲ့ အကောင်းဆုံး ပုံစံကို ရှာမတွေ့ဘူး ဖြစ်နေပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီပွဲမှာ လက်စတာကို သက်တောင့်သက်သာ အနိုင်ယူပြီး သူတို့ရဲ့ နိုင်ပွဲဆက် မှတ်တမ်းကို ဆက်ထိန်းထားလိမ့်မယ်လို့ ကျွန်တော် မြင်မိပါတယ်။

ခန့်မှန်းချက် : 3-1

၄~အက်စတွန်ဗီလာ vs ချဲလ်ဆီး

ဒါဟာ ပွဲကောင်း တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ သရေသာ ကစားနိုင်ခဲ့ပြီး ကျွန်တော် ကတော့ သူတို့ဟာ ဗီလာပက်မှာ နောက်ထပ် ရမှတ် ဆုံးရှုံးမှု ထပ်ဖြစ်လိမ့်မယ်လို့ ခံစား မိနေပါတယ်။

စတီဗင်ဂျာရတ်ဟာ ဗီလာမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ဖော်ဆောင်ထားနိုင်ခဲ့ပြီး ဒီပွဲကိုသာ အနိုင်ရခဲ့မယ် ဆိုရင် ဒါဟာ ပရိတ်သတ်တွေ အတွက် အရမ်းကို ကောင်းလှတဲ့ ခရစ်စမတ်လက်ဆောင် ဖြစ်လာပါလိမ့်မယ်။

ခန့်မှန်းချက် : 2-1

၅~နယူးကာဆယ် vs မန်ယူနိုက်တက်

နယူကာဆယ်ဟာ ချန်ပီယံရှစ် အတွက် သူတို့ရဲ့ အသင်းကို တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ဒါကို ပြောခဲ့တာ ဖြစ်ပြီး အခုဆိုရင် ပိုပြီးတောင် သေချာနေပါတယ်။

ပရိတ်သတ်တွေ အနေနဲ့ ဒီပွဲအတွက် အားခဲနေကြမှာ ဖြစ်ပြီး သူတို့ဟာ ပြိုင်ဘက်ကို ခက်ခဲအောင် လုပ်သွားပါလိမ့်မယ်။ နယူးကာဆယ် အနေနဲ့ ရမှတ်တွေ အသဲအသန် လိုအပ်နေပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ်ရဲ့ ခံစစ်ပိုင်းကတော့ ယိုယွင်းလျက် ရှိနေကာ ပေးဂိုးတွေ များပြားနေပါတယ်။ မန်ယူနိုက်တက် အနေနဲ့ သေချာအာရုံစိုက် ကစားသွားခဲ့မယ်ဆိုရင် ဒါကို အခွင့်ကောင်း ယူနိုင်မှာပါ။

အကယ်၍ မန်ယူနိုက်တက်ဟာ ဒီရာသီမှာ top 4 နေရာကို အခိုင်အမာ ဆုပ်ကိုင်ချင်တယ် ဆိုရင် ဒီလိုပွဲမျိုးတွေကို မဖြစ်မနေ အနိုင် ကစားသွားရမှာဖြစ်ပါတယ်။

ခန့်မှန်းချက် : 1-3

 

အခြားပွဲစဉ်များ
ဝက်ဟမ်း ၂-၀ ဆောက်သမ်တန်
ဘရိုက်တန် ၁-၀ ဘရန့်ဖို့ဒ်

SM