ဘောက်ဆင်ဒေးပွဲစဉ်တွေ အတွက် ခန့်မှန်းချက်များ

Paul Merson လာပါပြီ . . .

ပရီးမီးယားလိဂ် ရဲ့ နာမည်ကျော် ဘောက်ဆင်ဒေး ရက်သတ္တပတ် ကတော့ ဒီနှစ်မှာ ကိုဗစ်ကြောင့် ၃ ပွဲ ရွှေ့ဆိုင်း လိုက်ရ ပါတယ် ။

လီဗာပူး နဲ့ လိဒ် တို့ ကစားမယ့်ပွဲ ရွှေ့လိုက်တာကြောင့် မန်စီးတီး ဟာ ရာသီဝက် ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ ။ ရာသီဝက် ချန်ပီယံတွေ ရာသီ အကုန်မှာ ချန်ပီယံ ဖြစ်တတ်တဲ့ အစဉ်အလာကို စီးတီး ဆက်ထိန်း နိုင်မလား ဆိုတာ စောင့်ကြည့် ရမှာပါ ။

ကျန်တဲ့ အထဲကတော့ ဝုဗ် နဲ့ ဝက်ဖိုဒ့် ၊ ဘန်လေ နဲ့ အဲဗာတန် ပွဲတွေ ရွှေ့ဆိုင်း လိုက်ရ ပါတယ် ။

 

ဒီတပတ်မှာတော့ ကိုဗစ်ကြောင့် ၂ ပွဲ ရွှေ့လိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက် ပြန်ပါလာပြီး တနင်္လာနေ့ ညမှ ကစားသွားမှာပါ ။ ကျန်တဲ့ ပွဲအားလုံးကိုတော့ ဒီဇင်ဘာ ၂၆ ညမှာ ကစားသွားမှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ရဲ့ ဘောက်ဆင်ဒေး ပွဲစဉ်တွေ အတွက် ပေါလ် မာဆွန် ရဲ့ ခန့်မှန်းချက်တွေကို လေ့လာ ကြည့်လိုက် ကြရအောင်ဗျာ . . .

 

၁ ။ နောဝှစ်ချ် – အာဆင်နယ်

အာဆင်နယ် က ဒီဇင်ဘာ ထဲမှာ ကစားပုံ တော်တော်လေး ကောင်းနေပါတယ် ။ ကွင်းထဲမှာ သူတို့က တောက်ပ နေတဲ့ မီးလျှံတွေ လိုပါပဲ ။

အသင်းတွင်း ပြဿနာ အနည်းငယ် ရှိနေ ပေမယ့် ကွင်းထဲအထိ တော့ ပါမလာခဲ့ ပါဘူး ။

လက်ရှိမှာ အာဆင်နယ် က ပရီးမီးယားလိဂ် က အသင်း အတော်များများထက် ပိုကောင်းနေပါတယ် ။

ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက် – နောဝှစ်ချ် ၀ – ၃ အာဆင်နယ် ဖြစ်ပါတယ် ။

၂ ။ အက်စတွန် ဗီလာ – ချဲလ်ဆီး

 

ဒီပွဲက ချဲလ်ဆီး နိုင်မယ့် ပွဲပါ ။ သရေ ဆိုရင်တောင် သူတို့ ဘက်က ရှုံးတယ်လို့ မှတ်ယူ ရပါမယ် ။ တကယ်လို့ သူတို့ မနိုင်ဘဲ မန်စီးတီး နိုင်ပွဲ ရသွားမယ် ဆိုရင်တော့ ဒီနှစ် ပြိုင်ပွဲမှာ ချဲလ်ဆီးတို့ အလားအလာ နည်းသွားမှာပါ ။

ဒီပွဲအတွက် ချဲလ်ဆီး လုပ်စရာ တခုပဲ ရှိပါတယ် ၊ တိုက်စစ် တိုက်စစ် တိုက်စစ် ဆိုပြီး ကစားရမှာပါ ။

 

လူကာကူ ကို သုံးတာနဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်း နားမလည်ပါဘူး ၊ ဒီရာသီမှာ သူ့ကို လိုအပ်တဲ့ ပွဲတွေ ၊ အခိုက်အတန့်တွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ သူ့ကို ခုံပေါ်မှာပဲ တွေ့နေရပါတယ် ။

လူကာကူ ဟာ ပရီးမီးယားလိဂ် သမ္ဘာရင့် တိုက်စစ်မှူးပါ ၊ သူ့အပေါ် ယုံကြည်ပေးဖို့ လိုအပ်ပါတယ် ။

ဗီလာ က ဂျရတ် အောက်မှာ ကောင်းလာပါပြီ ၊ ခံစစ်ပိုင်းမှာ တိုးတက်လာပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး တိုက်စစ် ကို တောင့်ခံ နိုင်ဖို့တော့ မလွယ်ပါဘူး ။ ချဲလ်ဆီး သာ တွေဝေမနေဘဲ ပြတ်ပြတ်သားသား ရှိမယ် ဆိုရင်ပေါ့ ။

မာဆင် ကတော့ ဗီလာ ၁ – ၃ ချဲလ်ဆီး လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၃ ။ တော့တင်ဟမ် ဟော့စပါး – ခရစ္စတယ်ပဲလေ့စ်

 

လီဗာပူး နဲ့ သရေ ၊ ဝက်စ်ဟမ်း ကို ကာရာဘောင်မှာ အနိုင် ကစားလိုက်တာတွေဟာ တော့တင်ဟမ် ဟော့စပါး ကို စိတ်ဓါတ်ပိုင်း အရ အများကြီး တိုးတက် သွားစေပါတယ် ။

စပါး က အရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိနေတဲ့ အသင်းပါ ၊ သူတို့ကို မှန်ကန်တဲ့ စိတ်ဓါတ်တွေ ရိုက်သွင်း ပေးဖို့ လိုနေခဲ့တာပါ ။ အခု ကွန်တီ က အဲ့ဒိ စိတ်ဓါတ်တွေကို ယူဆောင် လာခဲ့ ပါပြီ ။

အခု သူတို့ ပရီးမီးယားလိဂ် ဘက်ကို ပြန် အားစိုက် ရပါမယ် ။

 

ပဲလေ့စ် ကလည်း ဗီယာရာ လက်အောက်မှာ တိုးတက်နေတဲ့ အသင်းပါ ၊ ဂယ်လာဟာ ကလည်း ခြေစွမ်းတွေ ပြနေပါတယ် ။

လန်ဒန် ဒါဘီ ဖြစ်လို့ ပြတ်သားတဲ့ ရလဒ် ထွက်မှာ မဟုတ်ပါဘူး ။ အိမ်ရှင် ကပ် မနိုင်ဘူးဆိုရင် သရေ ကျဖို့ များပါတယ် ။

စပါး ၂ – ၂ ပဲလေ့စ် လို့ ပေါလ် မာဆင် က ခန့်မှန်း သွားခဲ့ ပါတယ် ။

၄ ။ မန်စီးတီး – လက်စတာ စီးတီး

 

အခုအချိန်မှာ အသင်းကြီးတွေထဲက လွဲရင် မန်စီးတီး ဆီက အံ့အားသင့်စရာ ရလဒ်မျိုး ကို ယူနိုင်မယ့် အသင်း မရှိဘူးလို့ ဆိုရမှာပါ ။

တိုက်စစ်မှူး စစ်စစ် မရှိဘဲ စီးတီး တို့ အခုလို အချိန်မှာ အခုနေရာကို ရောက်အောင် လာနိုင်တာကို ချီးကျူးရမှာ ပါပဲ ။

ဒါက ရှေ့တုန်းက ပြောခဲ့ဖူးသလို ကျန်အသင်းသားတွေရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံ ရင့်မှုတွေ ၊ ချန်ပီယံ လုပွဲတွေ နှစ်တိုင်း ကစားခဲ့ဖူးတာတွေကြောင့်လို့ ပြောရမှာပါပဲ ။

အခု ပွဲမှာလည်း ဗာဒီ မပါနိုင်လောက်တဲ့ လက်စတာ တိုက်စစ်က စီးတီး ခံစစ်ကို ဒုက္ခပေး နိုင်မှာ မဟုတ်ပါဘူး ။

ခရစ္စမတ် မှာ ပြတ်သားတဲ့ နိုင်ပွဲကို အစ်တီဟတ်မှာ မြင်ရဖို့ ရှိနေပါတယ် ။

မာဆင် ကတော့ မန်စီးတီး ၃ – ၀ လက်စတာ လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၅ ။ နယူးကာဆယ် – မန်ချက်စတာ ယူနိုက်တက်

အခု တခါကတော့ ရိုနယ်ဒို ပထမဆုံး ပြန်ကစားတဲ့ ပွဲတုန်းကလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး ။

ပြီးခဲ့တဲ့ အပတ် တုန်းက နယူးကာဆယ် ကစားတာ ကောင်းခဲ့ ပါတယ် ။ တကယ်လို့ ဂိုးသာ စောစော မပေးရဘူး ဆိုရင် သူတို့ ယူနိုက်တက် ဆီကနေ ခရစ္စမတ် လက်ဆောင်တွေ ရနိုင်မှာပါ ။

ယူနိုက်တက် ကတော့ ၁၀ ရက်လောက် ပွဲဆက်ပြတ်ပြီးမှ ပြန်ကစားရတာရော ကိုဗစ် အရှိန်တွေ ရှိနေတာရောကြောင့် ဒီပွဲမှာ အပြည့်အ၀ အားထုတ် နိုင်မယ်လို့ မထင်ပါဘူး ။

ဘောက်ဆင်ဒေးမှာ မမျှော်လင့် တာတွေ ဖြစ်တတ်ပါတယ် ။ ဒီနှစ်တော့ ဒီပွဲ ဖြစ်မလား မသိပါဘူး ။

ပေါလ်မာဆင် ကတော့ နယူးကာဆယ် ၁ – ၁ မန်ချက်စတာ ယူနိုက်တက် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ ဝက်စ်ဟမ်း ၂ – ၀ ဆောက်သမ်တန်

 

၇ ။ ဘရိုက်တန် ၁ – ၁ ဘရန့်ဖိုဒ့်

 

SPORTS MYANMAR