ဘန်လေ အသင်းကို ဂိုးပြတ်နိုင်ပြီးနောက် ကစားသမား 4 ဦးကို ချီးကျူးလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ 2021 ခုနှစ် နောက်ဆုံး ပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘန်လေ အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 – 1 ဆိုတဲ့ ရလဒ် နဲ့ နှစ်ဟောင်းကို အကောင်းဆုံး ပိတ်သိမ််းနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် မက် တော်မီနေး ၊ ဘန်မီး ( own goal ) နဲ့ ရော်နယ်ဒို တို့က ပထမပိုင်းမှာတင် တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပြီး အသင်းကို 35 မိနစ် အတွင်း 3 ဂိုး အထိ ရရှိစေခဲ့ကြပါတယ် ။ အဲ့ဒီနောက် 3 မိနစ် အကြာမှာပဲ တစ်ဂိုး ပြန်ပေးခဲ့ရပါတယ် ။

အဲ့ဒီနောက် ပထမပိုင်းဟာ 3 – 1 နဲ့ ပြီးဆုံးခဲ့ရပြီး ဒုတိယပိုင်းမှာ ဂိုးတွေ ဆက်လက် မမြင်တွေ့ခဲ့ရတဲ့ အတွက် ပွဲစဥ်ဟာ 3 – 1 ဆိုတဲ့ ရလဒ် နဲ့ပဲ ပွဲစဥ်ဟာ ပြီးဆုံး သွားခဲ့ရပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် ရန်းဂနစ် လက်အောက်် ပထမဆုံး အကြိမ် သုံးဂိုးနဲ့ အထက် သွင်းယူခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခွင့်အရေးကောင်းတွေကို အတော်လေး လွဲချော်ခဲ့ပေမယ့် ကစားပုံကတော့ ယခင်ကထက် သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီကစားပုံဟာ ချန်ပီယံံ ဖြစ်နိုင်မယ့် ခြေစွမ်းမျိုးတော့ မဟုတ်ခဲ့ရပါဘူး ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ယူနိုက်တက် နည်းပြ ရန်းဂနစ် ကတော့ အသင်းရဲ့ ဒီပွဲမှ ကစားပုံ အပေါ် ကျေနပ်နေခဲ့ပြီး တိုက်စစ် ကစားသမား လေးဦးရဲ့ ကွင်းအတွင်း စွမ်းဆောင််ရည် ၊ လုပ််အားနှုန်းတွေ အပေါ် ချီးကျူးစကား ဆိုသွားခဲ့လိုက် ပါတယ် ။

” ဒါဟာ ရုပ်ပိုင်း ဆိုင်ရာ အသားပေး ကစားတဲ့ အသင်း နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားခဲ့ရပါတယ်် ။ ဒါဟာ ကျွန်တော်တို့ မျှော်လင့်ထားခဲ့ကြသလိုပဲ ရုပ်ပိုင််းဆိုင်ရာ အသားပေးတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားခဲ့ရပါတယ် ”

” ကျွန်တော်တို့တွေလည်း ကျွန်တော်တို့ အသင်းမှာ ရှိနေတဲ့ အရည်အသွေး အချို့ကို ဒီပွဲစဥ်မှာ ပြသသွားနိုင်ခဲ့ကြပါတယ် ။ ဒီနေ့ ပွဲစဥ်မှာ ကျွန်တော်တို့ရဲ့ energy level ကို မြှင့်တင် ကစားနိုင်ခဲ့ခြင်းက နိုင်ပွဲ ရရှိရေး အတွက် တကယ့်ကို အရေးပါတဲ့ အရာ ဖြစ်သွားခဲ့ပါတယ် ”

” အသင်း တစ်သင်းလုံးရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေက အတော်ကြီး တိုးတက်လာခဲ့ ပါတယ် ။ ကျွန်တော်တို့ရဲ့ တောင်ပံ တိုက်စစ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် တကယ်ပဲ ကျေနပ် နှစ်သိမ့်မိ ပါတယ် ”

” ဂျေဒန် (ဆန်ချို) ကစားပုံ ကောင်းခဲ့သလို မေဆွန် (ဂရင်းဝုဒ်) လည်း အတူတူပဲ ဖြစ်ခဲ့ရပါတယ် ။ ပြီးတော့ အက်ဒီ (ကာဗာနီ) နဲ့ ရော်နယ်ဒို တို့ရဲ့ အားစိုက်ထုတ်မှုတွေဟာ အံ့ဖွယ် ဖြစ်သွားခဲ့ရပါတယ် ” လို့ ရန်းဂနစ် က ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar