ဘန်လေ ကို အိမ်ကွင်းမှာ အမှတ်ခွဲပေးရနိုင်ချေ ရှိတဲ့ မန်ယူနိုက်တက် ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ဟာ အထူးသဖြင့် ဆာအဲလက်စ် ကိုင်တွယ် ခဲ့တဲ့ နေ့ရက်တွေ တုန်းက ပြိုင်ဘက် အသင်းတွေရဲ့ မနှစ်မြို့ မှု ကို ကျေကျေနပ်နပ် ရရှိခဲ့ ပါတယ် ။

ဒါပေမယ့် အဲ့ဒိ အသင်းတွေ ကပဲ ယူနိုက်တက် ရဲ့ အောင်ပွဲကို ဆာလောင်တဲ့ စိတ်ဓါတ်တွေ ၊ နောက်ဆုံး အချိန်ထိ အရှုံး မပေးလိုတဲ့ ခံယူချက်တွေ နဲ့ အသင်းရဲ့ ညီညွတ်တဲ့ ပုံစံတွေ ကို ပြန်ပြီး အတုယူ အားကျ လေးစား ခဲ့ကြ ပါတယ် ။

အခုလက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ဒါတွေနဲ့ ပြောင်းပြန် ပါပဲ ။

အသင်းတွေဟာ အိုးထရက်ဖိုဒ့် အထိ လာပြီး ယူနိုက်တက် ဆီက ၃ မှတ် ယူဖို့ စိတ်အား ထက်သန် နေကြပါပြီ ။ တချို့ဆိုရင် ယူနိုက်တက် က ဂိုးသွင်း သွားတာ ၊ ယူနိုက်တက် ကို ဂိုး မသွင်း နိုင်လိုက်တာတွေတောင်မက ကန်ချက် တခု ဂိုးပေါက် နဲ့ လွဲသွား ခဲ့ရင်တောင် ယူကျုံးမရ တဲ့ ပုံစံမျိုးတွေ ဖြစ်လာတာ ကို ဒီဘက်နှစ်တွေမှာ တွေ့လာ ရပါတယ် ။

ဒါဟာ အဲ့ဒိ ပြိုင်ဘက်တွေရဲ့ စိတ်ထဲမှာ မန်ချက်စတာ ယူနိုက်တက် ဟာ သူတို့နဲ့ အဆင့်တူ အသင်းတသင်း ဖြစ်တာကြောင့် သူတို့လည်း အနိုင်ယူလို့ ရနိုင်တဲ့ ဆိုတာကို ယုံကြည် လာကြတာကြောင့် ပါပဲ ။

တနည်းအားဖြင့် ပြောရရင်တော့ ယူနိုက်တက် ရဲ့ အနေအထားက နိမ့်ကျ လာခဲ့တာပါ ။

အခုချိန်ထိ ယူနိုက်တက် မှာ လူကောင်းတွေ ရှိနေတုန်း ပါပဲ ။ ရိုနယ်ဒို ၊ ဗာရန်း ၊ ကာဗာနီ ၊ မာတစ် တို့လို ဝါရင့်တွေချည်း ပဲ မဟုတ်ပါဘူး . . . ရက်ဖိုဒ့် ၊ ဆန်ချို ၊ ဂရင်းဝုဒ် တို့လို အလားအလာ အများကြီး ရှိတဲ့ လူငယ်တွေလည်း အသင်းမှာ ရှိနေပါသေးတယ် ။

ဒါပေမယ့် သူတို့ အပေါ် လေးစားမှု ကတော့ တပွဲပြီး တပွဲ လျော့ကျ လာနေပါပြီ ။ ဒါကို သူတို့ မတားဆီး နိုင်ပါဘူး ။

နောဝှစ်ချ် ၊ နယူးကာဆယ် တို့နဲ့ ပွဲတွေဟာ ဒီရာသီ ယူနိုက်တက် ရဲ့ အညံ့ဖျင်းဆုံး ပွဲတွေပါ ။ ဒဟဲယား က အဲ့ဒိ ၂ ပွဲမှာ ၁၂ ကြိမ်တောင် ကာကွယ်ခဲ့ရ ပါတယ် ။

ဒီအရေ အတွက် ကို ရောက်ဖို့ အဲလစ်ဆွန် ဘက်ကာ ( လီဗာပူး ) က ၈ ပွဲ ကစားခဲ့ရတာပါ ။

ယူနိုက်တက် မှာ ပြဿနာတွေ ရှိနေတုန်းပါပဲ ၊ ရန်းနစ် လည်း အချိန်တိုတိုလေး နဲ့ မဖြေရှင်း နိုင်သေးပါဘူး ။

ရှောင်ဒွိုက်ချ် ရဲ့ ဘန်လေ က ဒီရာသီ ၁၅ ပွဲမှာ ၈ ပွဲအထိ သရေကျ ထားပါတယ် ။ ဒါက သူတို့ကို အနိုင်ယူဖို့ ခက်ခဲတယ် ဆိုတာကို ပြသ နေတာပါ ။

ဘန်လေ က နည်းပြတယောက်ရဲ့ အောက်မှာ နှစ်တွေ အကြာကြီး ဖွဲ့စည်းထား ခဲ့ပြီး ပုံစံ ကျနေပါပြီ ။ အသင်းသား အချင်းချင်း ချိတ်ဆက်မှုမှာ ယူနိုက်တက် ထက် ပိုကောင်းနေ ပါတယ် ။

 

နစ်ပုပ် ရဲ့ လက်စွမ်းကလည်း အခုလို သရေပွဲတွေမှာ အဓိက ကျခဲ့တာပါ ။

ဒါကြောင့် ဒီပွဲမှာ ယူနိုက်တက် တို့ ဘန်လေ ကို လွယ်လွယ် နဲ့ အနိုင် မယူနိုင်မှာ အသေအချာပါပဲ ။

 

Sky Sports က လူးဝစ်ဂျုံးစ် ရဲ့ ခန့်မှန်းချက် က တော့ မန်ချက်စတာ ယူနိုက်တက် ၁ – ၁ ဘန်လေ ပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR