ဖာဂူဆန် ဇောချွေးထွက်တဲ့အထိ ထိတ်လန့်ခဲ့တဲ့ တစ်ဦးတည်းသော ပြိုင်ဖက် အမည်ကို ထုတ်ပြောလိုက်တဲ့ ပီတာ ရှမိုက်ကယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ဂိုးသမားဟောင်း တစ်ဦးဖြစ်တဲ့ ပီတာ ရှမိုက်ကယ် က နည်းပြ ဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန် ဟာ သူ့ရဲ့ နည်းပြ သက်တမ်း တစ်လျှောက်မှာ ထိတ်လန့်ခဲ့ဖူးတဲ့ ပြိုင်ဖက် ကစားသမား တစ်ဦး ရှိခဲ့ကြောင်း ပြောကြားခဲ့လိုက်ပါတယ် ။

ဆာ အဲလက်စ် ဖာဂူဆန် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့စဉ်က အောင်မြင်မှု အလီလီ ရယူနိုင်ခဲ့တဲ့ နည်းပြ တစ်ဦး ဖြစ်ခဲ့ပါတယ် ။ သူဟာ လိုချင်တဲ့ ရလဒ်မျိုး မရနိုင်တဲ့ အခါတွေမှာ အသင်းသားတွေကို အထူး ဆူပူကြိမ်းမောင်းမှုတွေ ပြုလုပ်ရင်း လာမဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်း ယူနိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ် ။

ဒါ့ကြောင့် သူဟာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တဲ့ အချိန် 26 နှစ်တာ ကာလအတွင်း ဆုဖလားပေါင်း 38 လုံး အထိ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီလို အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် ဖာဂူဆန် ဟာ အကြောက်အရွံ့ ကင်းမဲ့သူ ဖြစ်အောင် နေခဲ့ရသလို အသင်းကိုလည်း လူတိုင်း ကြောက်ရွံ့စေအောင် ကိုင်တွယ်ခဲ့ရပါတယ် ။

ဒါပေမဲ့ အခုတော့ ယူနိုက်တက် ဂန္တဝင် ပီတာရှမိုက်ကယ်က နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ လီဗာပူး အသင်းရဲ့ စူပါ စတား ဖြစ်ခဲ့တဲ့ စတိဗ် မက်မာနာမန် ကို ရင်ဆိုင်ရေးမှာ အမြဲလို ဇောချွေးထွက် ထိတ်လန့်ခဲ့ရဖူးကြောင်း ဖွင့်ဟ ပြောကြားခဲ့လိုက် ပါတယ် ။

စတိဗ် မက်မာနာမန်ဟာ လီဗာပူး အသင်းရဲ့ အကယ်ဒမီ မှ ထွက်ပေါ်လာခဲ့သူ တစ်ဦးဖြစ်ပြီး အသင်းကို ကိုင်တွယ်ခဲ့တဲ့ အချိန် 9 နှစ် အတွင်းမှာ အထူး တောက်ပနိုင်ခဲ့သလို ရီးယဲ မက်ဒရစ် ဆီ ပြောင်းလာခဲ့တဲ့နောက် 4 နှစ် အတွင်းမှာလည်း ဆက်လက် တောက်ပနိုင်သူ ဖြစ်ခဲ့ပါတယ် ။

အခုတော့ ပီတာ ရှမိုက်ကယ်က 1996 ခုနှစ် FA ဖလား ဖိုင်နယ်မှာ လီဗာပူး အသင်းနဲ့ ရင်ဆိုင်ခဲ့စဉ်တုန်းက ဆာ အဲလက်စ် ဖာဂူဆန်ဟာ ပြိုင်ဖက် ကွင်းလယ်လူ မက်မာနာမန် ကို အသေအချာ လူကပ် ကစားစေဖို့ သူတို့တွေကို ညွှန်ကြားခဲ့ဖူးကြောင်း သူရဲ့ အော်တို ဘိုင်အိုဂရပ်ဖီ မှာ ထုတ်ပြောခဲ့လိုက်ပါတယ် ။

” ရှုထောင့် အချို့ကနေ ကြည့်လိုက်မယ်ဆိုရင် ဒါဟာ အံ့သြစရာ မကောင်းလှပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဆာ အဲလက်စ် ဟာ မက်မာနာမန် ကို ထိတ်လန့်ခဲ့လို့ပဲ ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ဆာ အဲလက်စ် အထူး အာရုံစိုက်စေခဲ့တဲ့ ပြိုင်ဖက်က မက်မာနာမန် တစ်ဦးထဲပါပဲ ”

” ကျွန်တော် ပြောချင်တာက.. သူဟာ အသင်းနဲ့ စကားတွေ ပြောတဲ့ အခါမှာ အလန်ရှီးယား… အခြားသူတွေရဲ့ နာမည်ကို ပြောလေ့ ရှိခဲ့ဖူးပါတယ် ။ ဒါပေမဲ့ သူတို့တွေ အကြောင်းကို ပြောတဲ့အခါမှာ ကြောက်ရွံ့မှု လုံးဝ မရှိခဲ့ပါဘူး ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ မက်မာနာမန် ကတော့ သူ့ကို ဇောချွေးတွေ ထွက်စေခဲ့တာတော့ အမှန်ပါပဲ ”

” မျှမျှတတ ပြောရရင်တော့ စတိဗ် ကိုယ်တိုင်ကလည်း တကယ့် အံ့ဖွယ် ကစားသမား ဖြစ်နိုင်ခဲ့တယ်လေ ။

 

အဲ့ဒီတုန်းက ဖာဂီ ရဲ့ အတွေးအခေါ်က မက်မာနာမန် ကို ထိန်းနိုင်မယ်ဆိုရင် လီဗာပူးကို ဖြုတ်နိုင်ပြီလို့ တွေးတောနေခဲ့ခြင်းပါပဲ ” လို့ ပီတာ ရှမိုက်ကယ်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar