ပွဲမကြီးကြပ်ရတော့မယ့် ဂျရတ် ၊ ထပ်ရွှေ့ရနိုင်တဲ့ စပါးပွဲ ၊ ဇန်နဝါရီအကြို အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

အက်စတွန် ဗီလာ အသင်း နည်းပြ စတီဗင် ဂျရတ် ဟာ ကိုဗစ်ပိုး တွေ့ရှိ ခဲ့တာကြောင့် ကွာရန်တင်း ဝင်ရ တော့မှာ ဖြစ်ပြီး ဒီနေ့ည ကစားမယ့် ချဲလ်ဆီး နဲ့ပွဲ ၊ နှစ်သစ် ကူးကာလမှာ ကစားမယ့် လိဒ် နဲ့ ပွဲတွေကို လိုက်ပါ ကြီးကြပ် နိုင်တော့မှာ မဟုတ်ဘူးလို့ သိရှိရ ပါတယ် ။

ခရစ္စတယ် ပဲလေ့စ် အသင်း အတွင်းမှာလည်း ကိုဗစ် ကူးစက် ခံရမှုတွေ ရှိနေပြီး ဒီကနေ့မှာ ကစားမယ့် စပါး အသင်းနဲ့ ပွဲကို ရွှေ့ဆိုင်း ပေးဖို့ တောင်းဆို ထားတယ်လို့ သိရှိရ ပါတယ် ။

 

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် နဲ့ နောဝှစ်ချ် နည်းပြ ဒင်းစမစ် တို့ကတော့ ကိုဗစ် ကူးစက်မှု ပြန်လည် မြင့်မား နေချိန်မှာ ပွဲဆက် ပွဲကြပ်တွေ ကို ရွှေ့ဆိုင်း ပေးဖို့ ထပ်မံ ပြောဆို ခဲ့ကြပါတယ် ။

စီးတီးနည်းပြ ဂွာဒီယိုလာ ကတော့ အရင်လို ကွင်းပိတ် ပွဲတွေ ပြန်ရောက် မလာဖို့ အတွက် ကစားသမားတွေရော ဝန်ထမ်းတွေပါ ညွှန်ကြားချက်တွေကို လိုက်နာ သင့်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုရက်စ် ကတော့ ကိုဗစ် ကူးစက်ထားကြောင်း ဆေးစစ်ချက် ပြသထား ပေမယ့် တိုက်စစ်မှူး အန်တိုနီယို ကို ဒီနေ့ည ပွဲမှာ အသုံးပြုခွင့် ရရှိဖို့ မျှော်လင့် ထားတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အန်တိုနီယို ဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီး ဖြစ်သလို ခုချိန်အထိ ကိုဗစ် လက္ခဏာတွေ မပြသ တာကြောင့် ဆေးစစ်မှု ရလဒ် ကို လျစ်လျှူရှုပေး ဖို့ လိုလားနေတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ် သလား ဆိုတာ ပြန်လည် သုံးသပ် နေဆဲ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

အိုင်ဗရီကိုစ့် နောက်ခံလူ ဂျရမီ ဘိုဂါ ကတော့ အတ္တလန်တာ အသင်းဆီကို ဆာဆူအိုလို ကနေ ပြောင်းရွှေ့ဖို့ သဘောတူညီ ခဲ့ပြီ ဖြစ်ပါတယ် ။ အတ္တလန်တာ ဟာ ဘိုဂါ အတွက် ယူရို ၂၂ သန်း + အပိုဆုကြေး ပေးချေ ရဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ နဲ့ မန်စီးတီး တို့ အကြားမှာ ဖာရန် တောရက်စ် ရဲ့ ပြောင်းရွှေ့မှု နဲ့ ပတ်သက်ပြီး အားလုံး ပြီးစီး ခဲ့ကာ နှစ်သစ်ကူး မတိုင်ခင်မှာ တောရက်စ် ကို ခေါ်ယူပြီးစီးကြောင်း ကြေညာ ဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

တောရက်စ် ကို ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဘာစီလိုနာ ဟာ ဇန်နဝါရီ မှာ ချဲလ်ဆီး တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ကို ခေါ်ယူဖို့ ကြိုးစား တော့မှာ မဟုတ်ဘူးလို့လည်း ကြားသိရ ပါတယ် ။

ဒါပေမယ့် တိုက်စစ်မှူးသစ် ခေါ်ယူရေး ကိုတော ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီ နဲ့ သတင်းကြီး နေဆဲလို့ သိရှိရ ပါတယ် ။

ဒီရာသီမှာ ဗီလာရီးရဲ နဲ့ ခြေစွမ်းပြ နေတဲ့ ဒန်ဂျူးမား ဟာ ဇန်နဝါရီ မှာ အသင်းသစ် ပြောင်းဖို့ ကိစ္စတွေ မစဉ်းစား သေးဘူးလို့ သိရ ပါတယ် ။

 

ကာဂလီယာလီ ကနေ မကြာခင် ရက်ပိုင်း အတွင်း စာချုပ် ဖျက်သိမ်းကာ ထွက်ခွာ လာတော့မယ့် ယူရဂွိုင်း ခံစစ်မှူးကြီး ဂိုဒင် ကို ကလပ် အသင်း ၃ သင်းက ကမ်းလှမ်းမှု ပြုလုပ် ထားပြီလို့ ကြားသိရ ပါတယ် ။

ကာဂလီယာလီ ကတော့ အတ္တလန်တာ နောက်ခံလူ မတ်တီယို လိုဗာတို ကို ဂိုဒင် ရဲ့ နေရာ အတွက် အငှားနဲ့ ခေါ်ယူ သွားမယ်လို့ သိရ ပါတယ် ။

စပါး နည်းပြ ကွန်တီ ကတော့ သူ့အနေနဲ့ အသင်းရဲ့ နံပါတ် ၁ ဂိုးသမားကြီး ဟူဂိုလိုရစ် ရဲ့ အနာဂါတ် ( စာချုပ်သစ် ) အပေါ် အာမခံချက် မပေး နိုင်ပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပေမယ့် လိုရစ် ဟာ စပါး အတွက် ပြဿနာ တခု ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ယူဆထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် ဟာ အော်ဘားမီးယန်း ထွက်ခွာ သွားပါက ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကို ခေါ်ယူ နိုင်ဖို့ ကြိုးစား သွားဖွယ် ရှိပြီး စီးရီးအေ ထိပ်သီး ယူဗင်တပ် နဲ့ အားပြိုင် ရနိုင်ဖွယ် ရှိနေပါတယ် ။

ယူဗင်တပ် ကတော့ အေတီကို မက်ဒရစ် ကနေ အငှား ခေါ်ယူ ထားတဲ့ တိုက်စစ်မှူး မိုရာတာ ကို အပြီးသတ် ဝယ်ယူမှာ မဟုတ်တာကြောင့် ဗလာဟိုဗစ် ဘက်ကို အားစိုက် ဖွယ် ရှိနေပါတယ် ။

ချဲလ်ဆီး ကတော့ ဝက်စ်ဟမ်း က အငှား ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းထွက်နေတဲ့ နယ်သာလန် နောက်ခံလူ နေသန် အကီ ကို ဇန်နဝါရီ မှာ လက်လွှတ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR