ပွဲစဉ်တွေ ပြန်လည် မကစားမီ ယူနိုက်တက် အသင်းဖော်တွေကို သတိပေးလိုက်တဲ့ မာတစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ နီမန်ဂျာ မာတစ် က မော်ဒန် ဘောလုံး လောကမှ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အပြောင်းအလဲ မြန်ဆန်မှုနဲ့ ပတ်သက်လို့ မိမိရဲ့အသင်းဖော်တွေကို သတိပေး စကားတွေ ပြောကြား သွားခဲ့လိုက် ပါတယ် ။

မာတစ်ဟာ ချဲလ်ဆီး အသင်းမှာ ကစားခဲ့စဉ်တုန်းက ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးထားခဲ့ဖူးတဲ့ အတွေ့အကြုံံကောင်းတွေ ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခွင့်တွေ ရရှိနေတော့တဲ့ မာတစ်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူ စတင် ရောက်ခဲ့တဲ့ အချိန်နဲ့ မတူညီတော့ကြောင်း ၊ ပိုမို ခက်ခဲ ပြင်းထန်လာပြီ ဖြစ်ကြောင်း အသင်းဖော်တွေကို သတိပေးခဲ့လိုက် ပါတယ် ။

” ဒါဟာ ယှဉ်ပြိုင်ရ အခက်ခဲဆုံး လိဂ်ပါပဲ ။ ကျွန်တော် ရောက်လာခဲ့တဲ့ 2009 ခုနှစ် နဲ့ ယှဉ်လိုက်မယ်ဆိုရင် အဲ့ဒီတုန်းက အမှတ်ပေး ဖလားဆု အတွက် ယှဉ်ပြိုင်နေခဲ့ကြတာ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့လောက်ပဲ ရှိခဲ့ကြ ပါတယ် ”

” အခုတော့ ဆုဖလားဆွတ်ခူးဖို့ အခွင့်အရေး ရှိနေကြတဲ့ အသင်းတွေ အတော်လေး များပြားလာခဲ့ကြပါပြီ ။ ဒီမှာက အသင်းငယ်တွေလည်း အတော်လေး တိုးတက်လာခဲ့ကြပြီး ထိပ်တန်းအဆင့် ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့ကြပါပြီ ”

” ပရီးမီးယားလိဂ် ပြိုင်ပွဲက အရမ်းကို ခက်ခဲလာခဲ့ပါပြီ ။ လွန်ခဲ့တဲ့ 15 နှစ် တုန်းကနဲ့ ယှဉ်လိုက်ရင် အရမ်းကို ခက်ခဲသွားခဲ့ပါပြီ ။ ဒီပြိုင်ပွဲဆီကို ရောက်လာကြတဲ့ နည်းပြတိုင်းကလည်း လိဂ် နဲ့ အံဝင်နိုင်ဖို့ အတွက် လုံလောက်တဲ့ အချိန် တစ်ခု ပေးနေခဲ့ရပါပြီ ”

” ကျွန်တော်တို့တွေမှာ ပြသနာ အနည်းငယ် ရှိခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ပထမဆုံး မိနစ်ကနေ နောက်ဆုံး မိနစ် အထိ 100 % အပြည့် အာရုံစူးစိုက် အလုပ် လုပ်ကြဖို့ လိုအပ်ပါသေးတယ် ။ ကျွန်တော်တို့ အာရုံစိုက် ကစားရင် ကျွန်တော်တို့ကို ပြိုင်ဖက်တွေ ရင်ဆိုင်ရ ခက်ခဲသွားမှာပါ ”

” ကျွန်တော်တို့ အခွင့်အရေး တစ်ကြိမ်ရရင် အဆုံးသတ် သေချာဖို့ လိုအပ်နေပါလိမ့်မယ် ။ ခင်ဗျား ခုခံပုံ ကောင်းရင် အဲ့တာက ခင်ဗျားဆီ ဆုဖလားတွေကို ယူဆောင်ပေးမှာပါပဲ ။ အခုအချိန်က ကျွန်တော်တို့ရဲ့ အရည်အသွေးတွေကို ပြသရမယ့် အချိန် တစ်ခုပါပဲ ”

” အဲ့တာတွေပြီးရင်တော့ အဆုံးသတ်မှာ ကျွန်တော်တို့ တစ်ခုခု ဆွတ်ခူးနိုင်ဖို့ လိုအပ်နေပါပြီ ” လို့ မာတစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် ပရိသတ်တွေဟာ နှစ်စဉ် ဆုဖလားဆွတ်ခူးဖို့ မျှော်လင့်နေကြပေမဲ့ အသင်းကတော့ ဟိုဆေး မော်ရင်ဟို မရှိတော့တဲ့နောက် ဆုဖလားတွေ ရရှိဖို့ ရုန်းကန်နေရတာ အခုထိပဲ ဖြစ်ပါတယ် ။

#Sports_Myanmar