ပြန်မြင်ရနိုင်တဲ့ မာရှယ်-ဒီပေး အတွဲ ၊ ချဲလ်ဆီး စိတ်ဝင်စားနေတဲ့ နောက်ခံလူ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာရှယ် ဟာ လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ အသင်း ကနေ ထွက်ခွာ နိုင်ဖွယ် ရှိကြောင်း ကစားသမားရဲ့ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။

အဆိုပါ သတင်း နဲ့ မရှေးမနှောင်းမှာဘဲ ဘာစီလိုနာ ဟာ အန်တိုနီ မာရှယ် ကို အငှား ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းလည်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကလည်း သူတို့ ဟာ ဇန်နဝါရီ မှာ နည်းပြ ဇာဗီ ကို လူသစ် ခေါ်ယူဖို့ ခွင့်ပြု ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ချဲလ်ဆီး အသင်း ကတော့ စာချုပ် သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတဲ့ ဂျာမန် ခံစစ်မှူး ရူဒီဂါ ရဲ့ နေရာ အတွက် လက်စတာ စီးတီး နောက်ခံလူ ဖိုဖာနာ ကို ချိန်ရွယ် စောင့်ကြည့် နေတယ်လို့ ကြားသိရ ပါတယ် ။


ဒါ့အပြင် ချဲလ်ဆီး ဟာ ကွင်းလယ်ကို အင်အား ဖြည့်ဖို့ အတွက် ရီးရဲ မက်ဒရစ် ရဲ့ ဝါရင့် ကွင်းလယ်လူ ကက်စမဲရိုး ကိုလည်း စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

လက်စတာ စီးတီး ကို ၃-၂ နဲ့ အနိုင် ယူခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ နာပိုလီ တိုက်စစ်သမားလေး ဟာဗေး လိုဇာနို ရဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိခဲ့ဘူး လို့ သတင်းကောင်း ကြားသိရ ပါတယ် ။

UEFA ဟာ ရွှေ့ဆိုင်း လိုက်ရတဲ့ စပါး နဲ့ ရင်းနစ် တို့ရဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် ကို အမြန်ဆုံး ပြန်ကစားဖို့ စိတ်ကူး ရှိနေပြီး စပါး ရဲ့ ဒီဇင်ဘာ အတွင်းက ပြည်တွင်း ပွဲစဉ် တပွဲကို ရွှေ့ပြောင်း ပေးဖို့ တောင်းဆို ထားတယ်လို့ သိရ ပါတယ် ။

 

အကယ်၍ ညှိနှိုင်းမှု အဆင်မပြေ ခဲ့ပါက စပါး ဟာ အဆိုပါပွဲ ကို လက်လွှတ် ( ၃-၀ နဲ့ အရှုံးပေး ) ရမှာ ဖြစ်ပြီး ယူရိုပါ ကွန်းဖရန့်လိဂ် ကနေ ထွက်ခွာ ရမှာ ဖြစ်ပါတယ် ။

 

ဝိန်းရွန်းနီ ကတော့ ဘဏ္ဍာရေး အခြေအနေ ဆိုးရွားမှုတွေကြောင့် ရမှတ်တွေ လျော့ချ အပြစ်ပေး ခံထားရသလို ထပ်မံ အမှတ်လျော့ ခံရဖို့လည်း ရှိနေ တဲ့ ဒါဘီ အသင်းကို ဆက်လက် တာဝန် ယူသွားမှာ ဖြစ်ပြီး ဒါဘီ ကို ဒုက္ခဆိုးတွေ ကနေ ပြန်လည် ဆွဲတင် ပေးနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြောဆို သွားခဲ့ ါတယ် ။

 

ဆောက်သမ်တန် နဲ့ နယူးကာဆယ် အသင်းတွေဟာ အမေရိက ကလပ် ရီးရဲ ဆော့လိတ် အသင်းမှာ ကစားနေတဲ့ စလိုဗက်ကီးယား ကွင်းလယ်လူ အဲလ်ဘတ် ရပ်စ်နက် ကို အပြိုင် စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။

နယူးကာဆယ် ကတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ကို ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ လုပ်ဆောင် မယ်လို့ သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် လူငယ်လေး အာမက် ဒီရယ်လို ဟာ ဇန်နဝါရီမှာ အငှား နဲ့ ထွက်ခွာဖွယ် ရှိနေပြီး ခေါ်ယူ လိုတဲ့ အသင်း အများအပြား ရှိနေတယ်လို့ သိရ ပါတယ် ။

ပေါ့ဘာ ရဲ့ အေးဂျင့် ရွိုင်းအိုလာ ကတော့ ဘိုင်ယန်မြုးနစ် ဟာ ပေါ့ဘာ ကစားနိုင်တဲ့ တသင်းတည်းသော ဂျာမန် ကလပ် ဖြစ်ပေမယ့် ပြင်သစ်သားရဲ့ လုပ်ခ လစာကို ပေးချေမှာ မဟုတ်သလို တခါမှလည်း ကမ်းလှမ်းတာမျိုး မရှိခဲ့ဖူး ပါဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဘရန့်ဖိုဒ့် အသင်းက ဝက်ဖိုဒ့် အသင်းကို ၂-၁ နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

ဝက်ဖိုဒ့် ဘက်က ၂၄ မိနစ် ကတည်းက ဦးဆောင်ဂိုး ရရှိ ထားခဲ့ ပေမယ့် ဘရန့်ဖိုဒ့် က ၈၄ မိနစ်မှာ ပြန်လည် ချေပကာ ၉၀+၅ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီ ကနေ အနိုင်ဂိုး သွင်းယူ သွားခဲ့တာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR