ပြန်ကစားတာနဲ့ သောကစပေးတဲ့ ယူနိုက်တက် ၊ လီဝန်ဒေါ့စကီး အောင်ပွဲခံခဲ့တဲ့ ဒူဘိုင်းည တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ နယူးကာဆယ် နဲ့ အဝေးကွင်းမှာ သရေ ရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။

ကိုဗစ်ကြောင့် ၂ ပွဲရွှေ့ပြီး ၁၆ ရက် နားထားရတဲ့ ယူနိုက်တက် ဟာ ဒီဇင်ဘာမှာ အသင်းကြီးတွေနဲ့ ဆက်တိုက် ကစားလာရတဲ့ နယူးကာဆယ် ကို ယှဉ်မကစား နိုင်ခဲ့ဘဲ ဒုတိယပိုင်းက ခေပဂိုျး နဲ့ ဂိုးသမား ဒီဂီယာတို့ ကြောင့်သာ သရေ တမှတ် ရရှိခဲ့တာ ဖြစ်ပါတယ်

ယူနိုက်တက် ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ကတော့ ကိုဗစ် ပိုး တွေ့ရှိ ခဲ့တာကြောင့် ဒီည ပွဲမှာ ပါဝင် မလာခဲ့တာ ဖြစ်တယ်လို့ နည်းပြ ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

PSG ဟာ လာမယ့် ဇန်နဝါရီ မှာ ကစားသမား အတော်များများ ကို ရှင်းထုတ်ဖို့ ရှိနေပြီး အပြောင်း အရွှေ့ ကနေ ယူရို သန်း ၁၀၀ နီးပါး အထိ ရရှိဖို့ ရည်ရွယ် ထားတယ်လို့ ကြားသိရ ပါတယ် ။

PSG မှာ ကစားနေတဲ့ ဘာစီလိုနာ ကစားသမားဟောင်း ရာဖင်ဟာ ကို တော့ လာလီဂါ က ရီးရဲ ဆိုဆီဒက် အသင်း က ခေါ်ယူ လိုက်နိုင်ပြီလို့ ယမန်နေ့ ညပိုင်းက ကြေညာ သွားခဲ့ ပါတယ် ။

ဆိုင်မွန် ခါဂျာ ကို လပေါင်းများစွာ လက်လွှတ် ရမယ့် အေစီမီလန် ကလည်း PSG က ဒီရယ်လို ကို ခေါ်ယူကာ ခံစစ်မှာ အသုံးပြုဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ နဲ့ စာချုပ်သစ် မချုပ်ဆို ရသေးတဲ့ ပြင်သစ် တောင်ပံ ကစားသမားလေး ဒမ်ဘီလီ ဟာ သူ့ရဲ့ ဆိုရှယ် မီဒီယာ အကောင့်ကနေ ဘာစီလိုနာ အမှတ်တံဆိပ် ကို ဖော်ပြရင်း အသင်း ပြောင်းရွှေ့ဖို့ စိတ်ကူး မရှိကြောင်းကို ပရိသတ်တွေထံ အသိပေး သွားခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အသင်း ဟာ ထရစ်ပီယာ ကို ဇန်နဝါရီ မှာ လက်လွှတ်ဖွယ် ရှိနေ ပေမယ့် အင်္ဂလန်သားရဲ့ နေရာကိုတော့ အစားထိုး ခေါ်ယူမှု ပြုလုပ် သွားဦးမှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

အင်တာမီလန် နဲ့ နာပိုလီ တို့ဟာ အဲဗာတန် အသင်းမှာ မပျော် မရွှင် ဖြစ်နေတဲ့ ဘယ်နောက်ခံလူ လူးကပ်စ်ဒင်း ကို ဇန်နဝါရီ မှာ အပြိုင် ကြိုးစား သွားဖို့ ရှိနေတယ်လို့ ာကားသိရ ပါတယ် ။

ချဲလ်ဆီး နဲ့ အီတလီ ကစားသမားဟောင်းကြီး ဇိုလာ ကတော့ အင်တာ မီလန် ၊ တော့တင်ဟမ် ဟော့စပါး တို့နဲ့ သတင်းထွက် နေတဲ့ နာပိုလီ တိုက်စစ်မှူး အင်ဆစ်ညာ ကို လက်ရှိ အသင်း ( နာပိုလီ ) မှာပဲ ဆက်ကစားဖို့ တိုက်တွန်း အကြံပြု သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဇိုလာ က နည်းပြ ကွန်တီ ၊ တိုက်စစ်မှူး လူကာကူတို့ မရှိ တော့ပေမယ့် စီးရီးအေ မှာ အဆင့် ၁ နေရာကို ဆက်လက် သိမ်းပိုက် ထားနိုင်ခဲ့မှု အတွက် အင်တာ မီလန် လက်ရှိ နည်းပြ အင်ဇာဂီ နဲ့ အသင်းတာဝန်ရှိသူတွေကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

အေစီမီလန် ကတော့ အသက်ကြီး တိုက်စစ်မှူး ၂ ယောက် ဖြစ်တဲ့ ဇလာတန် နဲ့ ဂျီရူး တို့ရဲ့ ဝန်ကို မျေှ၀ တာဝန်ယူပေးဖို့ အတွက် လာမယ့် ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သိရ ပါတယ် ။

နာပိုလီ ကွင်းလယ်လူ ဖာဘီယံ ရုဇ် ကတော့ ကိုဗစ်ပိုး တွေ့ရှိ ခဲ့တယ်လို့ ကြားသိရ ပါတယ် ။ ဒါဟာ စပိန်သား အတွက် ဒီနှစ် ထဲမှာ ဒုတိယ အကြိမ်မြောက် ကိုဗစ်ပိုး တွေ့ရှိ ခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ပထမပတ် မှာ ကစားမယ့် ယူဗင်တပ် နဲ့ ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ် ။

ဘာစီလိုနာ ခံစစ်မှူး ကလီးမန့် လန်းလတ် ဟာလည်း ကိုဗစ်ပိုး တွေ့ရှိ ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

နှစ်စဉ် ကျင်းပ နေတဲ့ Global Soccer Award ပွဲကို ယမန်နေ့ က ဒူဘိုင်းမှာ ကျင်းပ သွားခဲ့ ပါတယ် ။

ဒီနှစ် ဆုပေးပွဲမှာတော့ ဘိုင်ယန် နဲ့ ပိုလန် တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ဟာ ပရိသတ်တွေ ရွေးချယ် ပေးတဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား ဆု နဲ့ တနှစ်တာ အကောင်းဆုံး ရှေ့တန်း ဆုတွေကို ရရှိ သွားခဲ့ ပါတယ် ။

PSG နဲ့ ပြင်သစ် တိုက်စစ်မှူးလေး ဘာပေ ကတော့ တနှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရရှိ ခဲ့ပြီး မန်စီနီ က နည်းပြဆု ၊ ဒွန်နာရမ်မာ က ဂိုးသမားဆု ၊ ဘိုနူချီ က နောက်တန်းဆု တွေကို အသီးသီး ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

တနှစ်တာ အကောင်းဆုံး နိုင်ငံ အသင်းဆုကို အီတလီ က ရခဲ့ပြီး ကလပ် အသင်းမှာတော့ ချဲလ်ဆီး က တနှစ်တာ အကောင်းဆုံး အမျိုးသား အသင်းဆု ၊ ဘာစီလိုနာ က တနှစ်တာ အကောင်းဆုံး အမျိုးသမီး ဆုတွေကို ရရှိ ခဲ့ကြပါတယ် ။

ဘာစီလိုနာ အမျိုးသမီး အသင်းသူ အလက်ဆီယာ ပူတဲလက်စ် ဟာလည်း တနှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမား ဆုကို ရရှိသွားခဲ့ ပါတယ် ။

ဒီဆုပေးပွဲမှာ ဘရာဇီး ဂန္ထဝင် ရော်နယ်ဒင်ဟို ဟာ ဂုဏ်ထူးဆောင်ဆု ကို ရရှိခဲ့ပြီး ပေါ်တူဂီတိုက်စစ်မှူးကြီး ရိုနယ်ဒို ကတော့ သမိုင်းတလျောက် အကောင်းဆုံး ဂိုးသွင်းရှင်ဆု ကို ဂုဏ်ထူးဆောင်ဆု အဖြစ် ရရှိခဲ့ ပါတယ် ။

မန်စီးတီး ဒါရိုက်တာ ဘီဂီရီစတိန်း ဟာ တနှစ်တာ အကောင်းဆုံး အားကစား ဒါရိုက်တာ ဆု ကို ရရှိ ခဲ့ပြီး တနှစ်တာ အကောင်းဆုံး အေးဂျင့်ဆု ကိုတော့ လူကာကူ ရဲ့ အေးဂျင့် ဖက်ဒရီကို ပက်စတိုရီလို က ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR