ပေါ့ဂ်ဘာရဲ့ နေရာကို ဖြည့်စွက်ဖို့ ယူနိုက်တက်တို့ ခေါ်ယူသင့်တဲ့ စပါယ်ရှယ် ကစားသမား အမည်ကို ထုတ်ပြောလိုက်တဲ့ ဂျွန်ဘန်းစ်

လီဗာပူး ကစားသမားဟောင်း ဂျွန်ဘန်းစ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ထွက်ခွာသွားပါက အဆိုပါ နေရာကို ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် နဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ လာမဲ့ နွေရာသီမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ အနာဂတ်ဟာ ဘာဖြစ်မလဲဆိုတာ အခုချိန်ထိ ရေရာသေချာခြင်း မရှိခဲ့သေးပါဘူး ။

ဒါ့ကြောင့် လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ စောင့်မျှော်နေသလို အကယ်လို့ ထွက်ခွာဖြစ်ပါက ဘယ်သူနဲ့ လိုက်ပြီး အစားထိုးဖြစ်မလဲ ဆိုတာကိုပါ စောင့်ကြည့်နေဆဲ ဖြစ်နေခဲ့ရပါတယ် ။

အခုတော့ လီဗာပူး ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂျွန်ဘန်းစ် က လက်ရှိ ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ အဆိုပါ နေရာကို အစားထိုးပေးနိုင်မယ့် ကစားသမားမျိုး ဖြစ်ကြောင်း ၊ သူဟာ ဗန်ဒီ ဘိခ် နဲ့ မတူကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဖရန်ကီ ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကောင်းလွန်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်သွားပါလိမ့်မယ် ။ လက်ရှိ ပေါ့ဂ်ဘာကို ကြည့်ရတာ အသင်းကနေ ထွက်ခွာတော့မယ့် ပုံစံမျိုး ဖြစ်နေပါတယ် ။ ဒီအတွက် ဖြည့်စွက်ဖို့ ကစားသမား သေချာပေါက် ခေါ်သင့်ပါတယ် ”

” အထူးသဖြင့် အသင်းဆီ ခေါ်ယူသင့်တဲ့ ကစားသမားမျိုးက အသက်ငယ်ပြီး ပါရမီ ကောင်းဖို့ တကယ်ပဲ လိုအပ်လှပါတယ် ။ သူဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူမျိုး ဖြစ်နေသင့်ပါတယ် ”

” ဒီဂျောင် ဆီမှာ ဘောလုံးပေးပို့မှု အရည်အသွေး ၊ ပြင်းထန် အားပါတဲ့ ကစားဟန် ၊ စိတ်နေစိတ်ထားကောင်းတွေ ရှိနေပါတယ် ။ ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်မှာ တကယ်ပဲ လိုအပ်နေခဲ့တဲ့ အရာ တစ်ခုပဲ ဖြစ်ပါတယ် ”

” ဒွန်နီ ဗန်ဒီ ဘိခ် ကို ခေါ်ယူခဲ့စဉ်တုန်းကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မျှော်လင့်ချက်တွေ ထားခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကံမကောင်းစွာပဲ အသင်းရဲ့ ဒီနေရာမှာ သူ့ထက် ပိုကောင်းအောင် ကစားပေးနိုင်တဲ့သူတွေ များခဲ့ရပါတယ် ”

” ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဖရန်ကီ ဒီဂျောင်လို ကစားသမားမျိုးကို ခေါ်ယူခြင်းက အသင်းအတွက် ချက်ချင်းလက်ငင်း အလုပ်ဖြစ်စေဖို့ ရှိနေပြီး ကစားသမား အတွက်ရော အသင်းအတွက်ပါ တကယ့်ကို ကောင်းမွန်လှတဲ့ အပြောင်းအရွှေ့ ဖြစ်နေလိမ့်မယ်လို့ ယုံပါတယ် ” လို့ ဂျွန်ဘန်းစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar