ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာ အာဆင်နယ် vs ဝုဖ် ၊ လိဒ် vs အက်စတွန်ဗီလာ တို့ ကိုဗစ် cases တွေကြောင့် ပွဲပျက်ခဲ့ပြီး ကျန် ၈ ပွဲကတော့ ကစားဖြစ်ခဲ့ပါတယ်။ လော်ရိုးဟာ အဆိုပါ ပွဲစဉ်တွေနဲ့ ပက်သက်ပြီး သူ့ရဲ့ ခန့်မှန်းသုံးသပ်ချက်ကို ချပြသွားခဲ့ပါတယ်။

၁~ဆောက်သမ်တန် vs စပါး
ဆောက်သမ်တန်ဟာ တနင်္ဂနွေနေ့က ၀က်ဟမ်းကို အဝေးကွင်းမှာ ၃-၂ နဲ့ အနိုင်ယူပြခဲ့ပေမယ့် သူတို့ဟာ ခြေစွမ်း မတည်ငြိမ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူတို့ဟာ ဒီရာသီရဲ့ ကာလအများစုကို ဇယားအောက်ပိုင်းနားမှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ နည်းပြသစ် ကွန်တီရဲ့ လက်အောက်မှာ ရှုံးပွဲ မရှိသေးဘဲ ၎င်းကိုင်တွယ်ထားခဲ့တဲ့ ၆ ပွဲမှာ ၄ ပွဲနိုင် ၂ ပွဲသရေ ကျထားခဲ့ပါတယ်။

ဒါပေမယ့် ဒီထဲက ငါးပွဲဟာ အိမ်ကွင်းမှာ ဖြစ်နေတာကြောင့် သူတို့ရဲ့ အဝေးကွင်း ခြေစွမ်းကို အပြည့်အ၀ အကဲခတ်ခွင့် မရသေးပါဘူး။ ဒါ့ကြောင့်လည်း ကျွန်တော် ဒီပွဲကို သရေလို့ ရွေးချယ်ချင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့် အနေနဲ့ ဆောက်သမ်တန်တို့ ဘယ်လို ခြေစွမ်းနဲ့ ပွဲထွက် လာမလဲ ဆိုတာ လုံး၀ မသိပါဘူး။

ခန့်မှန်းချက် – ဆောက်သမ်တန် ၁-၁ စပါး

၂~လက္စတာ vs လီဗာပူး
လက်စတာဟာ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ပွဲမှာ တိုက်စစ် ကစားပုံ ကောင်းမွန်ခဲ့ပေမယ့်လည်း နောက်တန်း ကနေ ပွင့်ထွက် နေခဲ့ပါတယ်။ ဒါဟာ လီဗာပူးလို တိုက်စစ်အားကောင်းမွန်တဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ကိုယ်နောက်ဆုံး လိုချင်တဲ့ အရာ ဖြစ်ပါတယ်။ လက်စတာဟာ ဒဏ်ရာ ပြသနာတွေ များစွာ ရင်ဆိုင်နေရတာကြောင့် ကြီးမားတဲ့ အလှည့်အပြောင်းကို လုပ်ပြဖို့ အတွက် ခက်ခဲလျက် ရှိနေပါတယ်။ လူပြန်စုံပြီ ဖြစ်တဲ့ ဧည့်သည်အသင်းပဲ နိုင်သွားမှာပါ။

ခန့်မှန်းချက် – လက်စတာ ၀-၂ လီဗာပူး

၃~ချဲလ်ဆီး vs ဘရိုက်တန်
ဘရိုက်တန်ဟာ ကာလရှည် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် တနင်္ဂနွေနေ့က နို်င်ပွဲ ပြန်လည် ရှာတွေ့ သွားခဲ့ပါတယ်။ ချဲလ်ဆီးကလည်း အနိုင်ရခဲ့ပါတယ်။ အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့ရဲ့ ပွဲစဉ်ဟာ တကယ့်ကို ကြည့်ကောင်းခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီး နည်းပြသောမတ်တူချယ်ဟာ ကလပ်ရဲ့ ကိုဗစ် cases တွေ ကြားမှာ ပွဲကစားနေရတဲ့ အပေါ် ကွန်ပလိန်းတွေ တက်နေပါတယ်။ အကယ်၍ ချဲလ်ဆီး အနေနဲ့ ဗီလာနဲ့ ပွဲကလိုမျိုး လူစာရင်းကို ထုတ်သုံးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ သူတို့ ဒီပွဲကို အနိုင်ရလိမ့်မယ်လို့ ထောက်ခံပါတယ်။

လက်ရှိမှာ လူကာကူကို ပွဲတွေ အများကြီး ကစားခိုင်းတာဟာ စွန့်စားရာကျတယ်လို့ သောမတ်တူချယ် ပြောခဲ့တာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူဟာ ဗီလာနဲ့ ပွဲမှာ လူစား၀င်လာပြီးနောက် ခြာနားမှုကို လုပ်ပေးခဲ့ပါတယ်။ ချဲလ်ဆီး အနေနဲ့ ဒီပွဲစဉ်မှာတော့ လူကာကူကို ပွဲအစကတည်းက အသုံးပြုသွားသင့်ပါတယ်။

ခန့်မှန်းချက် – ချဲလ်ဆီး ၂-၀ ဘရိုက်တန်

၄~ဘရန့်ဖို့ဒ် vs မန်စီးတီး
ဘရန့်ဖို့ဒ်ဟာ မန်စီးတီးကို ပြိုင်ဆိုင်မှုတွေ ပေးသွားမှာပါ။ ဒါပေမယ့် လက်ရှိ မန်စီးတီးရဲ့ ကစားပုံ အရ သူတို့ဟာ ရင်ဆိုင်သွားရမယ့် အသင်းတိုင်းကို သာသာယာယာ အနိုင်ယူ ကျော်ဖြတ်သွားနိုင်တဲ့ ပုံစံမျိုးပါပဲ။ မန်စီးတီးဟာ လက်စတာနဲ့ ပွဲစဉ်မှာ ခံစစ် ကစားပုံ အားနည်းတဲ့ အခိုက်အတန့် တစ်ချို့ ရှိခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ မြင်နေကျ ပုံစံမဟုတ်ပါဘူး။ သူတို့ဟာ နောက်ဆုံး လိဂ်ပွဲစဉ် ၈ ပွဲမှာ ပေးဂိုး ၃ ဂိုးသာ ရှိထားခဲ့ပါတယ်။ သူတို့ဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အခွင့်အရေးတွေ ဖန်တီးနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သူတို့ အမြဲ လုပ်နေကြ ပုံစံ ဖြစ်နေလို့ပါ။

၅~မန်ယူနိုက်တက် vs ဘန်လေ
ဘန်လေရဲ့ အဓိက ပြသနာကတော့ သူတို့ရဲ့ တိုက်စစ်ပိုင်းဟာ ဂိုးသွင်းနိုင်မှု ရပ်တန့်သွားခဲ့တာ ပါပဲ။ သူတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒီတစ်ရာသီလုံးမှာ သွင်းဂိုး ၁၄ ဂိုးသာ ရရှိထားခဲ့ ပါသေးတယ်။ ဒါဟာ တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲရမယ့် အသင်း အတွက် ကြီးမားတဲ့ ပြသနာပါ။

မန်ယူနိုက်တက်ဟာ မနေ့ညက နယူးကာဆယ် ပွဲမှာ ကံကောင်းထောက်မစွာနဲ့ သရေတစ်မှတ် ရခဲ့ပြီး နော့ဝှစ်နဲ့ ပွဲစဉ်ကလိုပဲ ကစားပုံက ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပါဘူး။ သူတို့ဟာ ရန်းနစ်ရဲ့ system နဲ့ အသားကျဖို့ ရုန်းကန်နေရပြီး ရော်နယ်ဒို နဲ့ ဘရူနိုဖာနန်ဒက် တို့ကတော့ အထူး ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုပွဲဟာ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တဲ့ အပြင် ဘန်လေရဲ့ တိုက်စစ်ကစားပုံက အတော် အားနည်းနေတာကြောင့် အိမ်ရှင်အသင်းပဲ အနိုင်ရသွားပါလိမ့်မယ်။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၃-၀ ဘန်လေ

အခြားပွဲစဉ်များ
ခရစ်စတယ်ပဲလေ့စ် ၂-၁ နော့ဝှစ်
၀က်ဖို့ဒ် ၂-၁ ၀က်ဟမ်း
အဲဗာတန် ၂-၁ နယူးကာဆယ်

SM