ပရီးမီးယားလိဂ် စတားကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်တဲ့ ပက်ဂျီဆန်

အာရှရဲ့ အအောင်မြင်ဆုံး အားကစားသမား တစ်ဦးအဖြစ် သတ်မှတ်ထားခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ဂန္တဝင် ကစားသမားဟောင်း ပက်ဂျီဆန် က တစ်နိုင်ငံတည်းသား ဖြစ်သူတွေကို သူ့ရဲ့ ခြေရာ လိုက်နင်းစေလိုနေပါတယ် ။

ပက်ဂျီဆန်ဟာ အင်္ဂလန်မြေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 7 နှစ် ကစားပေးခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အဆိုပါ ကာလအတွင်း အသင်းနဲ့ အတူ ပရီးမီးယားလိဂ် 4 ကြိမ် ၊ ချန်ပီယံလိဂ် 1 ကြိမ် တို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။

 

အခြားတဖက်မှာတော့ လက်ရှိ အချိန်မှာ တော့တင်ဟမ် ဟော့ စပါး အသင်း အတွက် ကစားပေးနေတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဆွန်ဟောင်မင် ကလည်း အကောင်းဆုံး ကစားသမား စာရင်းဝင် တစ်ဦး အဖြစ် သတ်မှတ်ခံနေရပေမဲ့ အခုထိ ဆုဖလား အောင်မြင်မှု မရယူနိုင်သေး ပါဘူး ။

အခုတော့ goal နဲ့ ပြုလုပ်တဲ့ အင်တာဗျူး အစီအစဉ်မှာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်း ပက်ဂျီဆန်က တော့တင်ဟမ် ဟော့ စပါး အသင်းမှာ တောက်ပနေခဲ့တဲ့ ဆွန်ဟောင်မင် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ် ။

” သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ ကစားနိုင်တယ်ဆိုတာကို သက်သေပြထားခဲ့ပြီးပါပြီ ။ ဒါ့ကြောင့် သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း ကောင်းမွန်စွာ ကစားပေးနိုင်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ယုံကြည်နေပါတယ် ”

” မန်ချက်စတာကို ပြောင်းရွှေ့ရင် သူကြုံတွေ့ရလိမ့်မယ့် အသေးစား ပြသနာလေး တစ်ခုက သူ ကြိုက်နှစ်သက်တဲ့ နံပါတ် 7 ဂျာစီကို ဝတ်ဆင်ခွင့် ရရှိမှာ မဟုတ်လောက်ဘူး ဆိုတာပါပဲ ။ လက်ရှိ စီ ရော်နယ်ဒို က အဲ့ဒီ နံပါတ်ကို ဝတ်ဆင်ထားတယ်လေ ”

 

” အကယ်လို့ ဆွန်ဟောင်မင်က လွဲရင် မန်ချက်စတာ ယူနိုက်တက် အတွက် ကစားစေနိုင်ဖို့ အခြားသူ တစ်ဦးတစ်ယောက်ကို ရွေးချယ်ပေးရမယ်ဆိုရင် ကျွန်တော် ဝုလ်ဗ် အသင်းက ဟွမ်ဟီးချန် ဒါမှမဟုတ် မာလော့ကာ အသင်းက လီကန်းအင် တို့ကိုပဲ ရွေးချယ်လိုက်မှာပါ ”

” သူတို့ နှစ်ဦးလုံးဆီမှာက ကစားသမားကောင်း တစ်ဦးဖြစ်နိုင်ဖို့ အလားအလာကောင်းတွေ အများကြီး ရှိနေတယ်လေ ” လို့ ပက်ဂျီဆန် က သူ့ရဲ့ အသင်းဟောင်းဆီ ရောက်ရှိစေလိုသူတွေရဲ့ အမည်ကို ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

ဆွန်ဟောင်မင်ဟာ အသင်းဖော် ဟယ်ရီကိန်း ပုံစံကောင်းတွေ မပြနိုင်သေးတဲ့ လက်ရှိ ဘောလုံးရာသီ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 6 ဂိုးထိ သွင်းယူ ထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု 2 ကြိမ် ပြုလုပ်ကာ အန်တိုနီယို ကွန်တီရဲ့ အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့ပါတယ် ။

#Sports_Myanmar