ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

၁~၀က်ဟမ်း vs ချဲလ်ဆီး
ဒီတစ်ပတ် ပရီးမီးယားလိဂ်ကိုတော့ ပွဲကောင်းနဲ့ စတင်မှာ ဖြစ်ပါတယ်။ ဒေးဗစ်မိုရက် အနေနဲ့ ဘရိုက်တန်နဲ့ ပွဲမှာ နောက်ကျချေပဂိုး ပေးလိုက်ရတဲ့ အတွက် စိတ်ပျက်နေမှာ ဖြစ်ပြီး လက်ရှိမှာ ၀က်ဟမ်းဟာ ရလဒ်တွေ မကောင်း ဖြစ်နေပါတယ်။ သတင်းကောင်းကတော့ ၀က်ဟမ်းဟာ top 4 နေရာမှာ ဆက်ရှိနေဆဲဖြစ်ပေမယ့် ဟမ်းမားတို့ အနေနဲ့ ရမှတ်တွေ စတင် ရယူသွားဖို့တော့ လိုအပ်နေပါတယ်။

၀က်ဖို့ဒ်နဲ့ပွဲမှာ ချဲလ်ဆီးဟာ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း ဒီနိုင်ပွဲဟာ သူတို့အတွက် အရေးပါခဲ့ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးဟာ တိုက်စစ်ပိုင်း အနည်းငယ် အားလျော့နေသလို ဖြစ်နေပြီး လူကာကူဟာ ကြံံ့ခိုင်မှုအပြည့် ပြန်ရဖို့ လုပ်နေရဆဲပါ။ ဒ့ါကြောင့် ချဲလ်ဆီးဟာ သူ့ရဲ့ ပုံစံကောင်းကို ပြန်လည် လိုအပ်နေပါတယ်။ ဒီပွဲဟာ တကယ့်ကို ခြေညီမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတို့ ကပ်ပြီး နိုင်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။

ခန့်မှန်းချက် : ၀က်ဟမ်း ၁-၂ ချဲလ်ဆီး

၂~ဝုဖ် vs လီဗာပူး
လီဗာပူးဟာ Molineux မှာ ရလဒ်ကောင်းလေ့ ရှိပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ကြိမ် စလုံး အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့် ဝုဖ်ဟာ ထုံးစံအတိုင်း လီဗာပူးကို ခက်ခဲမှုတွေ ပေးသွားအုံးမှာ ဖြစ်ပါတယ်။ ဝုဖ်ဟာ နောက်ဆုံး ၃ ပွဲဆက် ပေးဂိုး မရှိခဲ့ပေမယ့်လည်း ဒီရာသီ လိဂ်ပွဲစဉ် ၁၄ ပွဲ အပြီးမှာ သွင်းဂိုး ၁၂ ဂိုးသာ ရထားပြီး အဆုံးသတ်ပိုင်းက အားနည်းနေပါတယ်။

လီဗာပူးကတော့ ဒါနဲ့ ပြောင်းပြန်ဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုး ၄၃ ဂိုးထိ ရှိထားခဲ့ကာ တစ်ပွဲကို ပျမ်းမျှ ၃ ဂိုးလောက် ရယူထားခဲ့တဲ့ အသင်းဖြစ်ပါတယ်။ မိုဆာလား နဲ့ ဂျိုတာ တို့ဟာ လက်ရှိမှာ အကောင်းဆုံး ပုံစံရနေသလို ဖာဘင်ညို တီယာဂို ဟန်ဒါဆန် တို့ရဲ့ ကွင်းလယ်ကလည်း ပုံစံကောင်း ပြသနေပါတယ်။ ကျွန်တော်ကတော့ ဧည့်သည်တို့ အနိုင် ၃ မှတ်နဲ့ အိမ်ပြန်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ဝုဖ် ၀-၂ လီဗာပူး

၃~၀က်ဖို့ဒ် vs မန်စီးတီး
၀က်ဖို့ဒ် အနေနဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ကံအနည်းငယ် မကောင်းခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ အခွင့်အရေးကောင်း တစ်ချို့ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဒါတွေကို အသုံးမချနိုင်ခဲ့ဘူးဆိုရင် ထိပ်တန်းအသင်းတွေက ကိုယ့်ကို အပြစ်ပေးသွားမှာပါ။ ၀က်ဖို့ဒ်ဟာ အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့ အသင်းဖြစ်ပြီး ကင်းနဲ့ ဒင်းနစ် တို့ဟာ ဂိုးတွေ ပုံမှန်သွင်းနေပါတယ်။

စီးတီးဟာ ဗီလာနဲ့ပွဲမှာ ချန်ပီယံ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ကြားရက်မှာ အဝေးကွင်း သွားကစားရတာဟာ ဘယ်တော့မှ မလွယ်ကူပေမယ့် စီးတီးတို့ သွင်းခဲ့တဲ့ ၂ ဂိုးစလုံးဟာ တကယ့်ကို စူပါပါပဲ။ အထူးသဖြင့် ဘာနာဒိုရဲ့ ဂိုးပါ။ စီးတီးဟာ title race မှာ သူတို့ရဲ့ အရှိန်အဟုန်ကောင်းကို စတင်ပြသနေပြီ ဖြစ်ပါတယ်။ သူတို့ဟာ အပတ်တိုင်း ကောင်းလာပါတယ်။ ကျွန်တော်ကတော့ စီးတီးတို့ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ၀က်ဖို့ဒ် ၀-၃ မန်စီးတီး

 

၄~မန်ယူနိုက်တက် vs ခရစ်စတယ်ပဲလေ့စ်
အဓိက ကစားသမား ရော်နယ်ဒိုဟာ အာဆင်နယ်နဲ့ ပွဲမှာ ကစားသမားဘ၀ သွင်းဂိုး ၈၀၀ နဲ့ ၈၀၁ ဂိုးမြောက် သွင်းယူကာ ဟီးရိုးဖြစ်ခဲ့ပါတယ်။ နည်းပြသစ် ရန်းနစ် အနေနဲ့ ရော်နယ်ဒိုကို ဘယ်လိုမျိုး manage လုပ်သွားမလဲဆိုတာ အရမ်း စိတ်၀င်စားစရာ ကောင်းပါတယ်။ ပဲလေ့စ်ကတော့ ၂ ပွဲဆက် ရှုံးပွဲ ကြုံခဲ့ရပါတယ်။ သူတို့ဟာ လိဒ်နဲ့ပွဲမှာ အခွင့်အရေး အနည်းငယ် ရခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာ ဂိုးပေးလိုက်ရတာကတော့ ခံရခက်နေမှာ ပါပဲ။

ပဲလေ့စ်ဟာ ဒီရာသီမှာ ထိပ်တန်းအသင်းတွေကို ပြသနာတွေ ပေးခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ယူနိုက်တက် အတွက် လွယ်ကူလိမ့်မယ်လို့ မထင်မိပါဘူး။ ဒါပေမယ့် ယူနိုက်တက်တို့ ပဲလေ့စ်ကို အနိုင်ကစားဖို့ အတွက်တော့ လုံလောက်မှု ရှိပါတယ်။

ခန့်မှန်းချက် : ယူနိုက်တက် ၂-၁ ပဲလေ့စ်

၅~တော့တင်ဟမ် vs နော့ရစ်ခ်ျ
ခြေစွမ်းက အရမ်းကောင်းမနေပေမယ့် စပါးမှာ ကွန်တီရဲ့ အလုပ်တွေကို မြင်တွေ့နေရပါပြီ။ သူဟာ ခံစစ်ကို တိုးတက်စေမယ် ဆိုတာ အားလုံး သိထားပြီး ဖြစ်ကာ လက်ရှိမှာ သူကိုင်တွယ်ခဲ့တဲ့ လိဂ်ပွဲစဉ် ၃ ပွဲမှာ စပါးဟာ တစ်ဂိုးပဲ ပေးရပါသေးတယ်။ ဒင်းစမစ် အနေနဲ့ ၁၀ ယောက်ကျန် နယူးကာဆယ်နဲ့ ပွဲမှာ ၃ မှတ် မရယူနိုင်ခဲ့တဲ့ အတွက် စိတ်ပျက်နေမှာပါ။ ဒါပေမယ့်လည်း နော့ရစ် နည်းပြဘ၀မှာ ၎င်းဟာ ရှုံးပွဲမရှိသေးပါဘူး။

တိုက်စစ်မှုး ပူကီကလည်း ပုံစံကောင်းကို ပြန်ရနေသလိုပါပဲ။ ၎င်းဟာ နယူးကာဆယ်နဲ့ပွဲမှာ လှပတဲ့ ဂိုးကို သွင်းယူပေးခဲ့ပြီး သူဟာ ဂိုးတွေ ဆက်တိုက် သွင်းယူပေးနိုင်မယ် ဆိုတာ ကြီးမားတဲ့ ခြားနားမှုကို ပေးနိုင်မှာပါ။ စပါးဟာ ဂိုးတွေ အများကြီး သွင်းယူနိုင်မယ့် ပုံမရှိပေမယ့် ခံစစ်ကတော့ ပိုမို ကျစ်လစ်လာသလို ပါပဲ။ ကျွန်တော်ကတော့ စပါးပဲ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : တော့တင်ဟမ် ၁-၀ နော့ရစ်ခ်ျ

၆~အဲဗာတန် vs အာဆင်နယ်
ဖိအားတွေကတော့ ဘင်နီတက်ဇ် ဆီမှာ စုပြုံနေပါပြီ။ လီဗာပူးနဲ့ပွဲက ခြေစွမ်းဟာ တကယ့်ကို alarm ဖြစ်ပြီး အဲဗာတန်တို့ နိုင်ပွဲတွေ ပျောက်နေတာ ကြာနေပါပြီ။ ဒဏ်ရာပြသနာတွေကလည်း အစိတ်အပိုင်း တစ်ခု ဖြစ်နေပြီး ကလာဗန်လီ၀န်ကို အမြန်ဆုံး ပြန်ရလေ ကောင်းလေပါပဲ။ အာတီတာ အနေနဲ့ အိုးထရပ်ဖို့ဒ်ကနေ လက်ဗလာနဲ့ ပြန်လာခဲ့ရတာကို စိတ်ပျက်နေမှာပါ။

အာဆင်နယ်ဟာ ဦးဆောင်ဂိုးရပြီးနောက် ခံစစ်ကို အနည်းငယ် အသားပေးခဲ့ပြီး ဒီပွဲဟာ ကြီးမားတဲ့ အခွင့်အရေးကို လွဲချော်ခဲ့တယ်လို့ ခံစားနေရမှာပါ။ ဘင်နီတက်ဇ် အတွက် ကတော့ ဖောင်ဖျက်ရမယ့် ပွဲပါပဲ။ ကျွန်တော်ကတော့ အဲဗာတန်တို့ ရှုံးလိမ့်မယ်လို့ မထင်ပါဘူး။ သရေပွဲလို့ပဲ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : အဲဗာတန် ၁-၁ အာဆင်နယ်

အခြားပွဲစဉ်များ
နယူးကာဆယ် ၁-၁ ဘန်လေ
ဆောက်သမ်တန် ၁-၁ ဘရိုက်တန်
လိဒ် ၁-၁ ဘရန့်ဖို့ဒ်
အက်စတွန်ဗီလာ ၂-၁ လက်စတာ

SM